ဒဏ္ရာဗလပြနဲ့ယူနိုက္တက္ကိုကယ္တင္ေပးခ်င္တယ္လို ့ဆိုလိုက္တဲ့လူကာကူ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဒဏ်ရာဗလပွနဲ့ယူနိုက်တက်ကိုကယ်တင်ပေးချင်တယ်လို့ဆိုလိုက်တဲ့လူကာကူ
ဒဏ်ရာပြဿနာတွေကြောင့် အကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အကောင်းဆုံး ကူညီသွားမယ်လို့ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး ရိုမီယူ လူကာကူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဟာရဲယား၊ မာတာနဲ့ လင်ဂတ်တို့ ဒဏ်ရာပြဿနာတွေရင်ဆိုင်နေရတာကြောင့် နည်းပြဆိုးလ်ရှားတစ်ယောက် ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲမှာလူရွေးချယ်ရေးမှာ အခက်တွေ့နေရပြီး လူငယ်အသင်းက ကစားသမားတစ်ချီု့ကို အသင်းကြီးထံ ခေါ်ဆောင်ထားရတဲ့အထိ ဖြစ်နေပါတယ်။
နည်းပြဆိုးလ်ရှားရဲ့ စိတ်ကြိုက် ဦးစားပေး တိုက်စစ်မှူး မဟုတ်ခဲ့တဲ့ လူကာကူက အဆိုပါအခြေအနေက သူ့အတွက် ခြေစွမ်းပြသခွင့်ရရှိမယ့် အချိန်ကောင်းလို့ ယူဆနေပြီး အသင်းအတွက် အစွမ်းကုန် ကူညီသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
“ကျွန်တော့်ကို အလိုရှိခဲ့မယ်ဆိုရင် အသင်းအတွက် ကျွန်တော်အကောင်းဆုံးကြိုးစား စွမ်းဆောင်ပြသွားမှာပါ။ ကျွန်တေ်ာတို့မှာ ဒဏ်ရာရနေတဲ့သူတွေ အများအပြားရှိနေတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ အပေါင်းလက္ခဏာဆောင်နေဆဲပါ။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပဲလေ။ ဘာပဲဖြစ်ဖြစ်နေနေ ကျွန်တေ်ာတို့က အနိုင်ယူကျော်ဖြတ်သွားမှာပါ။” လို့ လူကာကူက ဆိုခဲ့တာဖြစ်ပါတယ်။
ယမန်နှစ်ရာသီအစတုန်းကမှ အဲဗာတန်အသင်းကနေ မန်ယူအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ မန်ယူအသင်းအတွက် ၈၈ ပွဲပါဝင်ကစားပေးထားပြီး ၂၆ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
Credit
Credit
Post a Comment