မန္စီးတီးအသင္းနဲ ့ကရာေဘာင္ဖလားဗိုလ္လုပြဲက နည္းျပဆာရီရဲ ့အနာဂတ္ကိုအဆံုးအျဖတ္ေပးသြားမည္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီး အသင္းနည္းျပဆာရီဟာ လက္႐ွိအခ်ိန္မွာအထုတ္ခံရဖို႔အရမ္းနီးစပ္ေနၿပီး လာမည့္ တနဂၤေႏြေန႔ မွာယွဥ္ၿပိဳင္ကစားမည့္ ကာရာေဘာင္ဖလားလုပြဲမွာ မန္စီးတီး အသင္းကို႐ွံုးနိမ့္ခဲ့မည္ဆိုလ်ွင္ေသခ်ာေပါက္ထုတ္ခံရမည္လို႔ ခ်ဲလ္ဆီး အသင္းကစားသမားေဟာင္း ဘာေလ ကယံုၾကည္ေနပါတယ္။
ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း ဘာေလက "လက္႐ွိအသင္းရဲ႕ရပ္တည္ေနမႈပတ္သက္ၿပီး အရမ္းအံျသမိတယ္ဗ် ၿပီးေတာ့ အီတလီသားႀကီးအတြက္ဒီေနာက္ဆံုးတစ္ပြဲက အဆံုးအျဖတ္ေပးမွာပါ"
ဆာရီရဲ႕လက္ေအာက္မွာ ခ်ဲလ္ဆီးအသင္းကဆိုးဆိုးရြားရြားအေျခအေနၾကံဴႀကိဳက္ေနရၿပီး ေနာက္ဆံုး ၃ပြဲမွာ ၁၂ဂိုးအထိခြင့္ျပဳေပးထားရၿပီး ၃ပြဲစလံုး႐ွံုးနိမ့္ထားပါတယ္။ဘုန္းေမာက္ မန္စီးတီး ယူႏိုက္တက္အသင္းတို႔ႏွင့္ကစားခဲ့တဲ့အဆိုပါေနာက္ဆံုး၃ပြဲမွာအသင္းရဲ႕ေျခစြမ္းကအေတာ္ကိုဆိုးရြ၊ားခဲ့ပါတယ္။
နည္းျပဆာရီရဲ႕အနာဂတ္က မၾကာခင္ရက္သတၱပတ္အတြင္းအဆံုးအျဖတ္ျဖစ္လာဖို႔႐ွိေနၿပီး လာမည့္ပြဲႀကီး၃ပြဲျဖစ္တဲ့ မဲလ္မိုအသင္းႏွင့္ ယူ႐ိုပါလိဂ္ပြဲစဥ္ မန္စီးတီးအသင္းႏွင့္ကာရာေဘာင္ဖလား စပါးအသင္းႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ေတြက သူရဲ႕အနာဂတ္ကစတန္းဖို႔ဘရစ္ခ်္မွာဆက္႐ွိမလားဆံုးျဖတ္မွာေသခ်ာပါတယ္။
ဆာရီကလက္႐ွိအခ်ိန္အရမ္းကိုေခါင္းမာေနၿပီးသူရဲ႕ေဘာကိုင္ကစားတဲ့ကစားကြက္က ကစားသမားေတြကို စိတ္႐ႈပ္ေစၿပီး ကစားခ်င္စိတ္ကိုေပ်ာက္ဆံုးေစပါတယ္။ၿပီးေတာ့အဲဒီကစားကြက္ကလက္႐ွိရလဒ္ေတြအေပၚအမ်ားႀကီးအက်ိဳးသက္ေရာက္မႈ႐ွိေနပါတယ္။ ဘာေလ ကေတာ့ဒါဟာ ဆာရီရဲ႕ က်ဆံုးခန္းလို႔ယံုၾကည္ေနပါတယ္။
"သူတို့အတြက္ဘယ္ေလာက္႐ွက္ဖို႔ေကာင္းတဲ့အရာဘယ္လိုျဖစ္လာလဲဆိုတာျမင္ေတာ့ကြၽန္ေတာ္ အရမ္းတုန္လႈပ္မိတယ္။ ၿပီးေတာ့ဆာရီရဲ႕ေခါင္းမာမႈက အရမ္းကိုထူးဆန္းလြန္းပါတယ္ "လို႔ ခ်ဲလ္ဆီးအသင္းႏွင့္စေကာ့တလန္အသင္းကြင္းလယ္ကစားသမားေဟာင္း ဘာေလ က ဆိုပါတယ္။
"ခ်ဲလ္ဆီးအသင္းႏွင့္ဟာဇက္တို႔အတြက္ ဆာရီသာထြက္သြားရင္သိပ္ေကာင္းမွာလို႔ "ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္းကဆိုပါတယ္။
"သူတို႔မန္စီးတီးအသင္းနဲ႔လိဂ္ဖလားကစားရဖို႔႐ွိပါတယ္။သူတို႔မန္စီးတီးအသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္စီးတီးက ေအတီဟက္ကြင္းမွာ ဂိုးျပတ္ေဆ္ာထားတာဗ် ဒါေပမယ့္သူဘာလုပ္မလဲလို႔ထင္လဲ ေသခ်ာတဲ့အဲဒီအတိုင္းသူဆက္ကစားဦးမွာ"
"ၿပီးေတာ့ ယူႏိုက္တက္ အသင္းကို ၂ဂိုး ဂိုးမ႐ွိနဲ႔အိမ္ကြင္းမွာထပ္႐ွံုးတယ္ ဆာရီအေနနဲ႔လူလဲကစားဖို႔လိုတယ္ဗ် အရန္ခံုမွာ တကယ္အရည္အခ်င္း႐ွိတဲ့ တိုက္စစ္မႈး ဂီးေရာ့ ၿပီးေတာ့ လူငယ္ေျခတက္ကစားသမား အိုဒြိဳင္းလည္း႐ွိတယ္။"
"ဘယ္လိုပဲျဖစ္ျဖစ္ ဗ်ာအိုဒြိဳင္း ကို ခ်ဲလ္ဆီးအသင္းက ေစ်းကြက္ဖြင့္ခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကိုမသြားဖို႔ေျပာထားတယ္။အခုထိသူဟာ ၁၉မိနစ္ပဲကစားရေသးတယ္ဗ်ာ"
(Unicode)
မန်စီးတီးအသင်းနဲ့ကရာဘောင်ဖလားဗိုလ်လုပွဲက နည်းပြဆာရီရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးသွားမည်။
ချဲလ်ဆီး အသင်းနည်းပြဆာရီဟာ လက်ရှိအချိန်မှာအထုတ်ခံရဖို့အရမ်းနီးစပ်နေပြီး လာမည့် တနင်္ဂနွေနေ့ မှာယှဉ်ပြိုင်ကစားမည့် ကာရာဘောင်ဖလားလုပွဲမှာ မန်စီးတီး အသင်းကိုရှုံးနိမ့်ခဲ့မည်ဆိုလျှင်သေချာပေါက်ထုတ်ခံရမည်လို့ ချဲလ်ဆီး အသင်းကစားသမားဟောင်း ဘာလေ ကယုံကြည်နေပါတယ်။
ချဲလ်ဆီးအသင်းကစားသမားဟောင်း ဘာလေက "လက်ရှိအသင်းရဲ့ရပ်တည်နေမှုပတ်သက်ပြီး အရမ်းအံသြမိတယ်ဗျ ပြီးတော့ အီတလီသားကြီးအတွက်ဒီနောက်ဆုံးတစ်ပွဲက အဆုံးအဖြတ်ပေးမှာပါ"
ဆာရီရဲ့လက်အောက်မှာ ချဲလ်ဆီးအသင်းကဆိုးဆိုးရွားရွားအခြေအနေကြူံကြိုက်နေရပြီး နောက်ဆုံး ၃ပွဲမှာ ၁၂ဂိုးအထိခွင့်ပြုပေးထားရပြီး ၃ပွဲစလုံးရှုံးနိမ့်ထားပါတယ်။ဘုန်းမောက် မန်စီးတီး ယူနိုက်တက်အသင်းတို့နှင့်ကစားခဲ့တဲ့အဆိုပါနောက်ဆုံး၃ပွဲမှာအသင်းရဲ့ခြေစွမ်းကအတော်ကိုဆိုးရွ၊ားခဲ့ပါတယ်။
နည်းပြဆာရီရဲ့အနာဂတ်က မကြာခင်ရက်သတ္တပတ်အတွင်းအဆုံးအဖြတ်ဖြစ်လာဖို့ရှိနေပြီး လာမည့်ပွဲကြီး၃ပွဲဖြစ်တဲ့ မဲလ်မိုအသင်းနှင့် ယူရိုပါလိဂ်ပွဲစဉ် မန်စီးတီးအသင်းနှင့်ကာရာဘောင်ဖလား စပါးအသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွေက သူရဲ့အနာဂတ်ကစတန်းဖို့ဘရစ်ချ်မှာဆက်ရှိမလားဆုံးဖြတ်မှာသေချာပါတယ်။
ဆာရီကလက်ရှိအချိန်အရမ်းကိုခေါင်းမာနေပြီးသူရဲ့ဘောကိုင်ကစားတဲ့ကစားကွက်က ကစားသမားတွေကို စိတ်ရှုပ်စေပြီး ကစားချင်စိတ်ကိုပျောက်ဆုံးစေပါတယ်။ပြီးတော့အဲဒီကစားကွက်ကလက်ရှိရလဒ်တွေအပေါ်အများကြီးအကျိုးသက်ရောက်မှုရှိနေပါတယ်။ ဘာလေ ကတော့ဒါဟာ ဆာရီရဲ့ ကျဆုံးခန်းလို့ယုံကြည်နေပါတယ်။
"သူတို့အတွက်ဘယ်လောက်ရှက်ဖို့ကောင်းတဲ့အရာဘယ်လိုဖြစ်လာလဲဆိုတာမြင်တော့ကျွန်တော် အရမ်းတုန်လှုပ်မိတယ်။ ပြီးတော့ဆာရီရဲ့ခေါင်းမာမှုက အရမ်းကိုထူးဆန်းလွန်းပါတယ် "လို့ ချဲလ်ဆီးအသင်းနှင့်စကော့တလန်အသင်းကွင်းလယ်ကစားသမားဟောင်း ဘာလေ က ဆိုပါတယ်။
"ချဲလ်ဆီးအသင်းနှင့်ဟာဇက်တို့အတွက် ဆာရီသာထွက်သွားရင်သိပ်ကောင်းမှာလို့ "ချဲလ်ဆီးအသင်းကစားသမားဟောင်းကဆိုပါတယ်။
"သူတို့မန်စီးတီးအသင်းနဲ့လိဂ်ဖလားကစားရဖို့ရှိပါတယ်။သူတို့မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက အေတီဟက်ကွင်းမှာ ဂိုးပြတ်ဆေ်ာထားတာဗျ ဒါပေမယ့်သူဘာလုပ်မလဲလို့ထင်လဲ သေချာတဲ့အဲဒီအတိုင်းသူဆက်ကစားဦးမှာ"
"ပြီးတော့ ယူနိုက်တက် အသင်းကို ၂ဂိုး ဂိုးမရှိနဲ့အိမ်ကွင်းမှာထပ်ရှုံးတယ် ဆာရီအနေနဲ့လူလဲကစားဖို့လိုတယ်ဗျ အရန်ခုံမှာ တကယ်အရည်အချင်းရှိတဲ့ တိုက်စစ်မှုး ဂီးရော့ ပြီးတော့ လူငယ်ခြေတက်ကစားသမား အိုဒွိုင်းလည်းရှိတယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ဗျာအိုဒွိုင်း ကို ချဲလ်ဆီးအသင်းက ဈေးကွက်ဖွင့်ချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းကိုမသွားဖို့ပြောထားတယ်။အခုထိသူဟာ ၁၉မိနစ်ပဲကစားရသေးတယ်ဗျာ"
"ဒါကဖွင့်ပြောဖို့တောင်ရှက်စရာပါ။ပြီးတော့ ကျွန်တော်ပြောရဲတယ် ဒါဟာဆာရီရဲ့နောက်ဆုံးကာလကိုရောက်နေပါပြီ"
Post a Comment