Header Ads






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြင်သစ် လက်ရွေးစင်း ကွင်းလယ် ကစားသမား လေး ဟာ ယခင် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ရဲ့ လက်အောက် မှာ အဆင်မပြေ မှုတွေကြောင့် အသင်း ပြောင်းရွှေု့ဖို့အတော် လေး နီးစပ်ခဲ့ ပေမဲ့ အခု တော့ သူ ဟာ ယူနိုက်တက် နဲ့ အတူ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့ပါပြီ

အန်သိုနီ မာရှယ် ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ နောက်ဆုံး ရက် မှာ ယူနိုက်တက် နဲ့ အတူ 5 နှစ် သက်တမ်း ရှိတဲ့ စာချုပ် အပေါ် လက်မှတ် ရေးထိုး ခဲ့တာ ပဲ ဖြစ် ပါတယ် အခု တော့ တစ်ပါတ် ပေါင် 200,000 ရရှိ တော့ မယ့်မာရှယ် ဟာ ယူနိုက်တက် မှာ 2024 အထိ ရှိနေ မှာ ပဲ ဖြစ် ပါတယ်။



သူ အခု လို ပြောင်းလဲ သွားနိုင် ခဲ့တဲ့ အတွက် ခရစ္စတီယာနို ဟာ အကောင်းဆုံး ဖြစ်ခဲ့ ပါတယ်။ကိုယ့် ရဲ့ ကစားသမား ဘဝ ကို ရှေ့ဆက် တိုးတက် အောင် ဘယ်လို လုပ်ဆောင် မလဲ ဆိုတာ ကစားသမား ရဲ့ ချမှတ် လိုက် တဲ့ ဆုံးဖြတ် ချက် အပေါ် မှာ ပဲ မူတည် လှ ပါတယ်
ခင်ဗျား အနေ နဲ့ ခင်ဗျား ရဲ့ ကစားသမား ဘဝ ကို တစ်စုံ တစ်ယောက် နဲ့ ပုံစံ တူအောင် စံပြ အနေ နဲ့ ထားပြီး လုပ်ဆောင် နိုင် ပါတယ် ခင်ဗျား ဟာ ရှေ့ဆက် စိန်ခေါ် မှု တွေ အများ ကြီး ရင်ဆိုင် ရပါ လိမ့်မယ်
ကျွန်တော် အသင်း မှာ ရှိနေ ခဲ့ ဖူးတဲ့ အချိန် တုန်း က အတွေ့ အကြုံ တွေ အကြောင်း သူ့ ကို ပြောကြား ခဲ့ဖူး ပါတယ် ခင်ဗျား အနေ နဲ့ ခရစ္စတီယာနို ရဲ့ ကစားသမား ဘဝ အကြောင်း ပြောလို့ ရပါ တယ် သူ ဘာတွေ လုပ် ခဲ့လဲ ? သူ ဘယ်လို လုပ် ဒီ နေရာ ကို ရောက်လာ နိုင်ခဲ့ တာ လဲ ဆိုတာ တွေ ပေါ့
ကျွန်တော် တို့ တွေ ဟာ တစ်ကယ့် ကို အရည် အသွေး ကောင်းမွန် လှတဲ့ ကစားသမား တွေ ပိုင်ဆိုင် ထားကြ ပါတယ် အန်သိုနီ ဟာ အသင်း ရဲ့ အစိတ် အပိုင်း ဖြစ်လို သလို အသင်း ဟာ လည်း ထိပ်တန်း ကစားသမား လေး တစ်ဦး ပိုင်ဆိုင် ထား နိုင် ခဲ့ ပါတယ်


ဒီ အသင်း ဟာ ခင်ဗျား ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ ဘယ် လောက် အထိ မြှင့်တင် ပေးနိုင် သလဲ ဆိုတာ ကျွန်တော် သိ ပါတယ် ဒါ ဟာ နေထိုင် ဖို့ အတွက် အကောင်း ဆုံး နေရာ တစ်ခု ဖြစ်တဲ့ အကြောင်း ကျွန်တော် သူ့ ကို ရိုးရှင်း စွာ ပဲ ရှင်းပြ ခဲ့ ပါတယ်

ကျွန်တော့် ရဲ့ ကစားသမား ဘဝ ကို လည်း ဒီမှာ ပဲ ကောင်းမွန် စွာ လုပ်ဆောင် နိုင် ခဲ့တယ် လေ အန်သိုနီ ကို ရောင်းချ လိုက်ဖို့ ဆိုတာ ကျွန်တော် တို့ အတွက် တစ်ကယ် ပဲ လွယ်ကူ လှ ပါတယ် ဒါပေမဲ့ ကျွန်တော် တို့ ဘာတွေ လုပ်ဆောင် နိုင် သလဲ ဆိုတာ သူ ကောင်းကောင်း သိရှိ ထား ပါတယ်လို့ ဆိုးလ်ရှား က အသင်း နဲ့ စာချုပ် သစ် ချုပ်ဆို ခဲ့တဲ့ မာရှယ် နဲ့ ပတ်သက် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ်
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ တနင်္ဂနွေ 8:35 အချိန် မှာ လက်စတာ စီးတီး အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် ကစား သွား ရဖို့ ရှိနေ ပါတယ်။


#credit to SM
(Unicode)



ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးခဲ့ပြီးရိုနယ်ဒိုရဲ့လမ်းစဉ်လိုက်ဖို့ဆိုးလ်ရှားရဲ့အားပေးထောက်ခံခြင်းခံခဲ့ရတဲ့မာရှယ်

ပြင်သစ် လက်ရွေးစင်း ကွင်းလယ် ကစားသမား လေး ဟာ ယခင် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ရဲ့ လက်အောက် မှာ အဆင်မပြေ မှုတွေကြောင့် အသင်း ပြောင်းရွှေ့ ုဖို့အတော် လေး နီးစပ်ခဲ့ ပေမဲ့ အခု တော့ သူ ဟာ ယူနိုက်တက် နဲ့ အတူ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့ပါပြီ ။

အန်သိုနီ မာရှယ် ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ နောက်ဆုံး ရက် မှာ ယူနိုက်တက် နဲ့ အတူ 5 နှစ် သက်တမ်း ရှိတဲ့ စာချုပ် အပေါ် လက်မှတ် ရေးထိုး ခဲ့တာ ပဲ ဖြစ် ပါတယ် ။ အခု တော့ တစ်ပါတ် ပေါင် 200,000 ရရှိ တော့ မယ့်မာရှယ် ဟာ ယူနိုက်တက် မှာ 2024 အထိ ရှိနေ မှာ ပဲ ဖြစ် ပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကိုင်တွယ် ရင်း အသင်း အတွက် ရလဒ် ကောင်း တွေ ရယူ ပေး နေတဲ့ ယာ ယီ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က မာရှယ် အနေ နဲ့ အသင်း ရဲ့ နာမည် ကျော် တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ လမ်းစဉ် ကို လိုက်ဖို့ ထောက်ခံ အားပေး စကား ဆိုသွား ခဲ့ ပါတယ် ။

အဲ့ဒီ လို လုပ်ဆောင် နိုင်ဖို့ အတွက် မာရှယ် အနေ နဲ့ စီ ရော်နယ်ဒို အသင်း ကို ရောက်ရှိ ခဲ့စဉ် က ဘာတွေ လုပ်ဆောင် ထား ခဲ့ သလဲ ၊ ပွဲစဉ် တွေ မှာ ဘာတွေ လုပ်ဆောင် ပြနိုင် ခဲ့ သလဲ ဆိုတာ လိုက် ကြည့်ဖို့ လိုအပ် တယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ်။

” သူ အခု လို ပြောင်းလဲ သွားနိုင် ခဲ့တဲ့ အတွက် ခရစ္စတီယာနို ဟာ အကောင်းဆုံး ဖြစ်ခဲ့ ရ ပါတယ်။ကိုယ့် ရဲ့ ကစားသမား ဘဝ ကို ရှေ့ဆက် တိုးတက် အောင် ဘယ်လို လုပ်ဆောင် ရ မလဲ ဆိုတာ ကစားသမား ရဲ့ ချမှတ် လိုက် တဲ့ ဆုံးဖြတ် ချက် အပေါ် မှာ ပဲ မူတည် လှ ပါတယ် ”
” ခင်ဗျား အနေ နဲ့ ခင်ဗျား ရဲ့ ကစားသမား ဘဝ ကို တစ်စုံ တစ်ယောက် နဲ့ ပုံစံ တူအောင် စံပြ အနေ နဲ့ ထားပြီး လုပ်ဆောင် နိုင် ပါတယ် ။ ခင်ဗျား ဟာ ရှေ့ဆက် စိန်ခေါ် မှု တွေ အများ ကြီး ရင်ဆိုင် ရပါ လိမ့်မယ် ”
” ကျွန်တော် အသင်း မှာ ရှိနေ ခဲ့ ဖူးတဲ့ အချိန် တုန်း က အတွေ့ အကြုံ တွေ အကြောင်း သူ့ ကို ပြောကြား ခဲ့ဖူး ပါတယ် ။ ခင်ဗျား အနေ နဲ့ ခရစ္စတီယာနို ရဲ့ ကစားသမား ဘဝ အကြောင်း ပြောလို့ ရပါ တယ် ။ သူ ဘာတွေ လုပ် ခဲ့လဲ ? သူ ဘယ်လို လုပ် ဒီ နေရာ ကို ရောက်လာ နိုင်ခဲ့ တာ လဲ ဆိုတာ တွေ ပေါ့ ”
” ကျွန်တော် တို့ တွေ ဟာ တစ်ကယ့် ကို အရည် အသွေး ကောင်းမွန် လှတဲ့ ကစားသမား တွေ ပိုင်ဆိုင် ထားကြ ပါတယ် ။ အန်သိုနီ ဟာ အသင်း ရဲ့ အစိတ် အပိုင်း ဖြစ်လို သလို ၊ အသင်း ဟာ လည်း ထိပ်တန်း ကစားသမား လေး တစ်ဦး ပိုင်ဆိုင် ထား နိုင် ခဲ့ ပါတယ် ”

ဒီ အသင်း ဟာ ခင်ဗျား ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ ဘယ် လောက် အထိ မြှင့်တင် ပေးနိုင် သလဲ ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဒါ ဟာ နေထိုင် ဖို့ အတွက် အကောင်း ဆုံး နေရာ တစ်ခု ဖြစ်တဲ့ အကြောင်း ကျွန်တော် သူ့ ကို ရိုးရှင်း စွာ ပဲ ရှင်းပြ ခဲ့ ပါတယ် ”
” ကျွန်တော့် ရဲ့ ကစားသမား ဘဝ ကို လည်း ဒီမှာ ပဲ ကောင်းမွန် စွာ လုပ်ဆောင် နိုင် ခဲ့တယ် လေ ။ အန်သိုနီ ကို ရောင်းချ လိုက်ဖို့ ဆိုတာ ကျွန်တော် တို့ အတွက် တစ်ကယ် ပဲ လွယ်ကူ လှ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် တို့ ဘာတွေ လုပ်ဆောင် နိုင် သလဲ ဆိုတာ သူ ကောင်းကောင်း သိရှိ ထား ပါတယ် ” လို့ ဆိုးလ်ရှား က အသင်း နဲ့ စာချုပ် သစ် ချုပ်ဆို ခဲ့တဲ့ မာရှယ် နဲ့ ပတ်သက် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ တနင်္ဂနွေ ည 8:35 အချိန် မှာ လက်စတာ စီးတီး အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် ကစား သွား ရဖို့ ရှိနေ ပါတယ်။

#credit to SM

No comments

Powered by Blogger.