Header Ads
စပါးလ္မွာဆုဖလားရယူနိုင္တဲ့စိတ္ဓာတ္မ်ိဳးမရိွဘူးလို ့၀န္ခံသြားတဲ့ပိုခ်က္တီနို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စပါးလ်မှာဆုဖလားရယူနိုင်တဲ့စိတ်ဓာတ်မျိုးမရှိဘူးလို့ဝန်ခံသွားတဲ့ပိုချက်တီနို
စပါးအသင်းဟာလက်ရှိအချိန်မှာပရီးမီးယားလိဂ်ဖလား လုပွဲ၌ခဏခဏခြေချော်လာတာကြောင့်လက်ရှိချန်ပီယံ မန်စီးတီးအသင်းကိုကောင်းကောင်းဖိအားနိုင်ခြင်းမရှိသေးပါဘူး။အသင်းရဲ့နည်းပြပိုချက်တီနိုကိုယ်တိုင်က ၁၀နှစ်အတွင်းမှာ ဒီလိုစိတ်ပိုင်းဆိုင်ရာအနေအထားတစ်ခုရရှိဖို့ဆိုတာတော်တော်ရှာဖွေရပါလိမ့်မယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အမြဲမြင်တွေ့နေကြဖြစ်တဲ့နှစ်ကောင်တည်းပြေးတဲ့ချန်ပီယံလုပွဲမှာ ၃ကောင်မြောက်မြင်းအဖြစ် စပါးအသင်းက မြောက်လန်ဒန်အသင်းတွေထဲမှာ တစ်သင်းတည်းပါဝင်လာခဲ့ပြီး ချန်ပီယံဆုကိုကိုင်မြှောက်နိုင်ခွင့်အကြောင်းဖန်လာခဲ့သော်လည်းလက်ရှိအချိန်မှာအလွဲလွဲအချော်ချော်ဖြစ်လာပြီး ချန်ပီယံ ကိုကောင်းကောင်းမချိန်းခြောက်နိုင်ဘဲဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ စပါးအသင်းအတွက်အခွင့်အရေးကောင်းတွေအများအပြားရရှိခဲ့ပြီး ဇယားထိပ်က နှစ်သင်းကိုဖိအားပေးနိုင်ဖို့အတွက်အကောင်းဆုံးဖြစ်ခဲ့ပါတယ်။လီဗာပူးလ်အသင်းက ရာဇဝင်ပြိုင်ဖက် ယူနိုက်တက်အသင်းနှင့်ကစားခဲ့သလို မန်စီးတီးအသင်းကလည်း ကာရာဘောင်ဖလားလုပွဲကစားခဲ့ရပါတယ်။သူတို့အသင်းကလည်း ဘန်လေနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်၃မှတ်ရယူဖို့မျှော်လင့်ခဲ့သော်လည်းဘန်လေအသင်းက ဦးဆောင်ဂိုးနှင့်ချေပဂိုးတွေသွင်းယူခဲ့ကာစပါးအသင်းကိုအရှုံးရလဒ်တွေကိုပေးအပ်ခဲ့ပါတယ်။လီဗာပူးလ်အသင်းကလည်းအဝေးကွင်းမှာ သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။စပါးအသင်းနည်းပြ ပိုချက်တီနိုက သူတို့အသင်းအနေနှင့်ချန်ပီယံလုပွဲကနေထွက်ခွာသွားပြီလို့ဝန်ခံလိုက်ပြီး သူတို့အသင်းရဲ့စိတ်ဓာတ်နဲ့ ဖလားရရှိဖို့မလွယ်ကူဘူးလို့ဆိုလိုက်ပါတယ်။
"ကျွန်တော်ရဲ့ပူပန်သောက က ဘာလဲဆိုတော့ ဘာတွေဖြစ်ပြီးဘာတွေပြောင်းရမယ်ဆိုတာကို ၅နှစ်လောက်အတွင်းအလုပ်လုပ်ဖို့မလွယ်ဘူးဗျ ၁၀နှစ်လောက်အလုပ်လုပ်ပြီး ပြောင်းလဲဖို့လိုပါတယ်ဗျ"
"မင်းအနေနှင့်အသင်းကိုကြည့်ဖို့လိုတယ်ဗျ အဲဒါကအရာကြီးကြီးမားမားအတွက် တိုက်ခိုကိနိုင်ဖို့ပဲလိုတယ်။ပြီးတော့ကျွန်တော်ကန့်လန့်တွေလုပ်မိသွားတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့သဘောထားအမှန်တွေ အင်အားတွေ ပြင်းပြတဲ့ဆန္ဒတွေကို ဘန်လေအသင်းလောက်တောင်မဖော်ပြနိုင်ခဲ့ဘူးဗျ"
"ကစားတဲ့ပွဲတွေမှာ ပြိုင်ဖက်တွေကိုကောင်းကောင်းစိန်ခေါ်နိုင်စွမ်း
ရှိပြီး ကောင်းကောင်းကစားသည်ဖြစ်စေ မကစားသည်ဖြစ်ပါစေပွဲကိုနိုင်အောင်ကစားရမှာဗျ။ရှုံးဖို့ဆိုတာ လက်မခံသင့်စရာပါပဲ။ကျွန်တော်တို့အဲဒါကိုပြခဲ့ရင် ကျွန်တော်တို့ကအကောင်းဆုံးအသင်းပါ။ကျွန်တော်တို့ဆီမှာအရည်အချင်းကောင်းကောင်းရှိပါတယ်။ဒါပေမယ့် အဲဒါနဲ့ပဲချန်ပီယံဖလားရရှိဖို့အတွက်မလုံလောက်ပါဘူး။ပြီးတော့ ဒါကအမှန်တရားပါ။"
No comments
Powered by Blogger.