Header Ads


ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္ခ်က္ရွင္သန္ေနဆဲျဖစ္တဲ့မန္ခ်က္စတာယူနိုက္တက္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။ယာယီနည္းျပဆုိးလ္ရွားလက္ထက္ ပုံစံေကာင္းျပသေနတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဒီပြဲမွာ ကစားပုံမာေက်ာတဲ့လက္စတာကို အေ၀းကြင္းမွာ - ဂိုးနဲ႔အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္ခ်က္ ဆက္လက္ရွင္သန္သြားခဲ့ပါတယ္။ 

မန္ယူနိုက္တက္ဟာ ပြဲခ်ိန္ ၈မိနစ္ကတည္းက ရရွိခဲ့တဲ့အႏိုင္ဂုိးကို ပြဲၿပီးတ့ဲအထိ ထိန္းကစားသြားႏုိင္ခဲ့တာျဖစ္ၿပီး လက္စတာအသင္းက ယူနိုက္တက္ကို အျပန္အလွန္ကစားႏုိင္ခဲ့ေပမယ့္ ဂိုးသြင္းမေသခ်ာလုိ႔ အိမ္ကြင္းမွာ အေရးနိမ့္သြားခဲ့တာပါ။ မန္ယူနိုက္တက္အသင္းဟာ ယာယီနည္းျပဆုိးလ္ရွားလက္ထက္ ၁၀ပြဲကစားထားရာမွာ ၉ပြဲႏိုင္၊ ၁ပြဲသေရက်ထားၿပီး အခုဆုိရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္ခ်က္ အေတာ္ေလးအားေကာင္းလာခဲ့ပါၿပီ။

မန္ယူနိုက္တက္အသင္းဟာ ပြဲစကတည္းက ဖိအားေပးႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံက လုခ္ေရွာရဲ႕တိက်တဲ့ျဖတ္တင္ေဘာကေန တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ အပိုင္ေထာင့္ျဖတ္ေခါင္းတုိက္သြင္းယူခဲ့ေပမယ့္ ဂိုးဘားတန္းေပၚ ကပ္ထြက္သြားလုိ႔ နစ္နာခဲ့ရပါတယ္။ 

ဒါေပမဲ့ ပြဲခ်ိန္ ၉မိနစ္မွာေတာ့ မန္ယူနိုက္တက္အသင္း အႏိုင္ဂိုးရရွိသြားခဲ့ၿပီး ေပါ့ဂ္ဘာ အသာေလးခုတ္တင္ေပးလုိက္တာကို တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္က တစ္ခ်က္ထိန္းကာ အနိမ့္ေဘာအျပင္းကန္သြင္းယူႏိုင္ခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ဟာ မန္ယူနိုက္တက္အသင္းအတြက္ လိဂ္အေ၀းကြင္း ၄ပြဲဆက္ဂုိးသြင္းယူႏိုင္တဲ့ ပဥၥမေျမာက္ကစားသမားျဖစ္လာၿပီး အရင္က နစၥတယ္႐ြိဳင္း၊ ဗန္ပါစီ၊ အီဘရာဟီမိုဗစ္နဲ႔ ဆုိးလ္ရွားတို႔ စံခ်ိန္တင္ထားတာပါ။

ပြဲခ်ိန္ ၁၄မိနစ္မွာ လက္စတာအသင္း ေခ်ပဂိုးရဖို႔ အခြင့္အေရးရခ့ဲေပမယ့္ ကြင္းလယ္လူ မက္ဒီဆင္ရဲ႕ကန္သြင္းခ်က္ကို ယူနိုက္တက္ဘယ္ေနာက္ခံလူ လုခ္ေရွာ တားဆီးႏိုင္ခဲ့လု႔ိ ေထာင့္ကန္ေဘာပဲရရွိခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းကလည္း ဂိုးသြင္းခြင့္ေတြရရွိခဲ့ၿပီး ပင္နယ္တီဧရိယာထိပ္ကေန ရက္ရွ္ဖို႔ဒ္ရဲ႕အျပင္းကန္သြင္းခ်က္ကို အိမ္ရွင္ဂိုးသမား ကာကြယ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၃၉မိနစ္မွာ ေထာင့္ကန္ေဘာကေန မန္ယူေနာက္ခံလူေဟာင္း အီဗန္ရဲ႕ေခါင္းတုိက္ခ်က္ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာ လက္စတာအသင္း ကစားကြက္ျပန္မိလာၿပီး ယူနိုက္တက္အသင္းကို အျပန္အလွန္ကစားႏုိင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၆မိနစ္မွာ မက္ဒီဆင္ရဲ႕ျပစ္ဒဏ္ေဘာကေန ေနာက္ခံလူ အီဗန္ေခါင္းတုိက္ဂိုးသြင္းခဲ့ေပမယ့္ မန္ယူနိုက္တက္ဂိုးသမား ဒီဂီယာ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၆၁မိနစ္မွာ မက္ဒီဆင္ရဲ႕ျပစ္ဒဏ္ေဘာကေန တုိက္စစ္မွဴး ဗာဒီ ေနာက္ျပန္ကန္သြင္းခ်က္နဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒီတစ္ခါလည္း ဒီဂီယာကို မေက်ာ္ႏိုင္ခဲ့ပါဘူး။

ပြဲခ်ိန္ ၇၇မိနစ္မွာ လက္စတာအသင္း ေခ်ပဂိုးရဖို႔ အေကာင္းဆုံးအခြင့္အေရးရရွိခဲ့ၿပီး ၂၅ ကိုက္အကြာကရရွိတဲ့ျပစ္ဒဏ္ေဘာကို ဂီဇယ္ လွလွပပကန္သြင္းခ့ဲေပမယ့္ ဒီဂီယာ အေကာင္းဆံုးပုံစံနဲ႔ ကာကြယ္ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။ 

ပြဲခ်ိန္ ၈၇မိနစ္မွာ ဂိုးဧရိယာထဲကေန တုိက္စစ္မွဴး ဗာဒီ အပုိင္ပိတ္သြင္းခဲ့ေပမယ့္ မန္ယူနိုက္တက္ဂိုးသမား ဒီဂီယာ ေနရာယူမွန္မွန္နဲ႔ တည္တည္ၿငိမ္ၿငိမ္ကာကြယ္သြားႏိုင္ခဲ့ပါတယ္။


အဆိုပါနိုင္ပြဲေၾကာင့္ ယာယီနည္းျပဆိုးလ္ရွားလည္း ပရီးမီးယားလိဂ္ နည္းျပဘ၀ တာထြက္ အေကာင္းဆံုးမွတ္တမ္းကို ပိုင္ဆိုင္သြားခဲ့ၿပီး ပရီးမီးယားလိဂ္ 8 ပြဲ ကိုင္တြယ္ အျပီးသည္အထိ ရႈံးပြဲ လံုး၀ မရွိေသးပဲ 7 ပြဲ ႏိုင္ 1 ပြဲ သေရ ရလာဒ္ ထြက္ေပၚေအာင္စြမ္းေဆာင္ထားနိုင္ခဲ့တာပဲျဖစ္ပါတယ္။

(Unicode)

ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှင်သန်နေဆဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်


ယာယီနည်းပြဆိုးလ်ရှားလက်ထက် ပုံစံကောင်းပြသနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ကစားပုံမာကျောတဲ့လက်စတာကို အဝေးကွင်းမှာ ဝ-၁ ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဆက်လက်ရှင်သန်သွားခဲ့ပါတယ်။ 

မန်ယူနိုက်တက်ဟာ ပွဲချိန် ၈မိနစ်ကတည်းက ရရှိခဲ့တဲ့အနိုင်ဂိုးကို ပွဲပြီးတဲ့အထိ ထိန်းကစားသွားနိုင်ခဲ့တာဖြစ်ပြီး လက်စတာအသင်းက ယူနိုက်တက်ကို အပြန်အလှန်ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းမသေချာလို့ အိမ်ကွင်းမှာ အရေးနိမ့်သွားခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ၁၀ပွဲကစားထားရာမှာ ၉ပွဲနိုင်၊ ၁ပွဲသရေကျထားပြီး အခုဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အတော်လေးအားကောင်းလာခဲ့ပါပြီ။

မန်ယူနိုက်တက်အသင်းဟာ ပွဲစကတည်းက ဖိအားပေးနိုင်ခဲ့ပြီး ဘယ်တောင်ပံက လုခ်ရှောရဲ့တိကျတဲ့ဖြတ်တင်ဘောကနေ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အပိုင်ထောင့်ဖြတ်ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကပ်ထွက်သွားလို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၉မိနစ်မှာတော့ မန်ယူနိုက်တက်အသင်း အနိုင်ဂိုးရရှိသွားခဲ့ပြီး ပေါ့ဂ်ဘာ အသာလေးခုတ်တင်ပေးလိုက်တာကို တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က တစ်ချက်ထိန်းကာ အနိမ့်ဘောအပြင်းကန်သွင်းယူနိုင်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်အသင်းအတွက် လိဂ်အဝေးကွင်း ၄ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ ပဉ္စမမြောက်ကစားသမားဖြစ်လာပြီး အရင်က နစ္စတယ်ရွိုင်း၊ ဗန်ပါစီ၊ အီဘရာဟီမိုဗစ်နဲ့ ဆိုးလ်ရှားတို့ စံချိန်တင်ထားတာပါ။

ပွဲချိန် ၁၄မိနစ်မှာ လက်စတာအသင်း ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် ကွင်းလယ်လူ မက်ဒီဆင်ရဲ့ကန်သွင်းချက်ကို ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှော တားဆီးနိုင်ခဲ့လု့ိ ထောင့်ကန်ဘောပဲရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဂိုးသွင်းခွင့်တွေရရှိခဲ့ပြီး ပင်နယ်တီဧရိယာထိပ်ကနေ ရက်ရှ်ဖို့ဒ်ရဲ့အပြင်းကန်သွင်းချက်ကို အိမ်ရှင်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၉မိနစ်မှာ ထောင့်ကန်ဘောကနေ မန်ယူနောက်ခံလူဟောင်း အီဗန်ရဲ့ခေါင်းတိုက်ချက် ဂိုးပေါက်နဲ့လွဲချော်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လက်စတာအသင်း ကစားကွက်ပြန်မိလာပြီး ယူနိုက်တက်အသင်းကို အပြန်အလှန်ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၆မိနစ်မှာ မက်ဒီဆင်ရဲ့ပြစ်ဒဏ်ဘောကနေ နောက်ခံလူ အီဗန်ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမယ့် မန်ယူနိုက်တက်ဂိုးသမား ဒီဂီယာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၁မိနစ်မှာ မက်ဒီဆင်ရဲ့ပြစ်ဒဏ်ဘောကနေ တိုက်စစ်မှူး ဗာဒီ နောက်ပြန်ကန်သွင်းချက်နဲ့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်း ဒီဂီယာကို မကျော်နိုင်ခဲ့ပါဘူး။

ပွဲချိန် ၇၇မိနစ်မှာ လက်စတာအသင်း ချေပဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးရရှိခဲ့ပြီး ၂၅ ကိုက်အကွာကရရှိတဲ့ပြစ်ဒဏ်ဘောကို ဂီဇယ် လှလှပပကန်သွင်းခဲ့ပေမယ့် ဒီဂီယာ အကောင်းဆုံးပုံစံနဲ့ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၇မိနစ်မှာ ဂိုးဧရိယာထဲကနေ တိုက်စစ်မှူး ဗာဒီ အပိုင်ပိတ်သွင်းခဲ့ပေမယ့် မန်ယူနိုက်တက်ဂိုးသမား ဒီဂီယာ နေရာယူမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ယာယီနည်းပြဆိုးလ်ရှားလည်း ပရီးမီးယားလိဂ် နည်းပြဘ၀ တာထွက် အကောင်းဆုံးမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပြီး ပရီးမီးယားလိဂ် 8 ပွဲ ကိုင်တွယ် အပြီးသည်အထိ ရှုံးပွဲ လုံး၀ မရှိသေးပဲ ၊ 7 ပွဲ နိုင် ၊ 1 ပွဲ သရေ ရလာဒ် ထွက်ပေါ်အောင်စွမ်းဆောင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.