ပရီးမီးယားလိပ္ရဲ့အေကာင္းဆံုးခံစစ္အတြဲအျဖစ္သတ္မွတ္ခံရတဲ့ဖာဒီနန္နဲ ့ဗီဒစ္တို့အတြဲ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Sportbible အဖွဲ့ အစည်းကကြီးမှူးပြီး စစ်တမ်းကောက်လို့ ရတဲ့အဖြေကတော့ နီမန်ဂျာဗီဒစ်နဲ့ ရီယိုဖာဒီနန်တို့ ဟာ ပရီးမီးယားလိပ်သမိုင်းတစ်လျှောက်အကောင်းဆုံးနောက်ခံလူအတွဲအဖြစ်သတ်မှတ်ခြင်းခံထားရတာပဲဖြစ်ပါတယ်။
(Unicode)
ပရီးမီးယားလိပ်ရဲ့အကောင်းဆုံးခံစစ်အတွဲအဖြစ်သတ်မှတ်ခံရတဲ့ဖာဒီနန်နဲ့ဗီဒစ်တို့အတွဲ
ပရီးမီးယားလိပ်ဟာ ဒိတ်ဒိတ်ကျဲထိပ်တန်းတိုက်စစ်မှူးတွေကြောင့် နာမည်ကြီးနေလျက်ရှိနေပါတယ်။ဒီဒီယာဒရော့ဘာ၊ခရစ်စတီယာနိုရိုနယ်ဒိုနဲ့ဝိန်ရွန်းနီတို့လိုထိပ်တန်းတိုက်စစ်မှူးတွေရဲ့အကောင်းဆုံးဂိုးတွေကို ပရီးမီးယားလိပ်မှာမြင်တွေ့ခွင့်ရတာအတော်လေးကျေနပ်စရာကောင်းပါတယ်။
ဒါပင်မယ့်လည်း ဘောလုံးပရိတ်သတ်တွေကတော့ တကယ့်ဒိတ်ဒိတ်ကျဲတိုက်စစ်မှူးတွေရင်ဆိုင်ကြရတဲ့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူအတွဲတွေကိုလည်း တစ်ပြိုင်နက်ကြည့်ရှုအားပေးရတာကိုလည်းကျေနပ်ပီတိဖြစ်ကြပါတယ်။
မေးခွန်းတစ်ခုကရှိနေပါတယ်။ပရီးမီးယားလိပ်ရဲ့အကောင်းဆုံးနောက်ခံလူအတွဲအဖက်၂ယောက်ကဘယ်သူဖြစ်မလဲ?
Sportbible အဖွဲ့အစည်းကကြီးမှူးပြီး စစ်တမ်းကောက်လို့ရတဲ့အဖြေကတော့ နီမန်ဂျာဗီဒစ်နဲ့ရီယိုဖာဒီနန်တို့ဟာ ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက်အကောင်းဆုံးနောက်ခံလူအတွဲအဖြစ်သတ်မှတ်ခြင်းခံထားရတာပဲဖြစ်ပါတယ်။
ယူနိုက်တက်တို့ရဲ့ရွှေရောင်အတိတ်နေ့ရက်များကို ပရိတ်သတ်တွေမှတ်မိကြဦးမှာအမှန်ပါပဲ။အဆိုပါခံစစ်အတွဲ၂ယောက်ဟာ ယူနိုက်တက်ရဲ့အောင်မြင်တဲ့ကာလတွေမှာအရေးပါတဲ့အစိတ်အပိုင်းအဖြစ်အသင်းမှာအသုံးတော်ခံပေးခဲ့ကြတာပဲဖြစ်ပါတယ်။၂၀၀၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အဆိုပါခံစစ်အတွဲ၂ယောက်ဟာအိုထရက်ဖို့ဒ်ရဲ့ခံစစ်မှာ ကျောက်ဆောင်တစ်ဖွယ်ဖြစ်ခဲ့ပါတယ်။သူတို့၂ယောက်အတူကစားနေတဲ့အချိန်တုန်းက ယူနိုက်တက်ဟာ ပရီးမီးယားလိပ် ၅ကြိမ်နဲ့မမေ့နိုင်စရာ ၂၀၀၈ ချန်ပီယံလိပ်ဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း အခြားသောခံစစ်အတွဲအဖက်တွေကိုလည်းမေ့ထားလို့မရပါဘူး။
ရီကာဒိုကာဗယ်ဟိုနဲ့ဂျွန်တယ်ရီတို့ဟာ မော်ရင်ဟိုရဲ့ချဲလ်ဆီးအသင်းမှာ အပြီးပြည့်စုံဆုံးခံစစ်အတွဲဖြစ်ခဲ့ပါတယ်။သူတို့၂ယောက်ဟာ တစ်ရာသီအတွင်း ပေးဂိုးအနည်းဆုံးဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ကြပြီး ၂၀၀၄-၂၀၀၅ ချန်ပီယံဖြစ်ခဲ့တဲ့နှစ်မှာ သူတို့၂ယောက်အတွဲဟာ ပေးဂိုး၁၅ဂိုးသာခွင့်ပြုခဲ့ပါတယ်။အံသြသင့်စရာစွမ်းဆောင်ရည်ပါပဲ။
၁၉၉၉ ခုနှစ်က လီဗာပူးလ်အသင်းတို့ပေါင် ၂.၆ သန်းဖြင့်ခေါ်ယူတဲ့ ဆာမီဟိုက်ပီယာနဲ့ဂျမိန်းကာရေကာတို့အတွဲအဖက်ဟာ လည်းပရီးမီးယားလိပ်ရဲ့အမာခံခံစစ်အတွဲဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် ဆိုကမ်းဘဲလ်နဲ့ကိုလိုတိုရေးတို့နောက်ခံအတွဲဟာလည်း အကောင်းဆုံးခံစစ်အတွဲတွေဖြစ်လာခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ဗီဒစ်နဲ့ ဖာဒီနန်တို့အတွဲဟာ ပရီးမီးယားလိပ်ရဲ့အကောင်းဆုံးခံစစ်အတွဲအဖြစ်သတ်မှတ်ခံထားရသော်လည်းနောက်ထပ်ကမ္ဘာ့အကောင်းဆုံးခံစစ်အတွဲတွေလည်းရှိနေတာကို မေ့ထားလို့မရတာအမှန်ပါပဲ။
ဘောလုံးလောကရဲ့အရင်ကရောလက်ရှိအခြေအနေမှာ ပရိတ်သတ်တွေအတွက်အကောင်းဆုံးခံစစ်အတွဲကဘယ်သူဖြစ်မယ်ထင်သလဲ? အောက်ကကွန်းမန့်မှာဝင်ရောက်ရေးသားဆွေးနွေးနိုင်ပါတယ်။
Post a Comment