Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
တို့ပဲဖြစ်ကြပါတယ်။
(Unicode)
ဒဏ်ရာရသွားတဲ့တိုက်စစ်မှူးရပ်ဖို့ဒ်နေရာအတွက်ခေါင်းခဲနေတဲ့ယူနိုက်တက်နည်းပြဆိုးလ်ရှား
ယူနိုက်တက်အသင်းတိုက်စစ်မှုး ရက်ရှ်ဖို့ဒ် ဟာ လာမည်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ခရစ်စတယ်ပဲလေ့စ်အသင်းနှင့်ပွဲစဉ်ကိုလွဲချော်ကောင်းလွဲချော်နိုင်တယ်လို့ နည်းပြဆိုးလ်ရှားက ဆိုလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးလ်အသင်း နှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယူနိုက်တက်အသင်းကလည်းပထမပိုင်းမိနစ်၂၀အတွင်းဒဏ်ရာရကစားသမားများလူစားလဲခဲ့ရပြီး ပထမပိုင်းပြီးချိန်မှာ လူစားလဲခွင့် ၃ယောက်ပြည့်သွားတဲ့အထိ ဒဏ်ရာရကစားသမားများပြားခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဟာရဲရား မာတာ လင်ဂတ် တို့သုံးဦးဟာ ပထမပိုင်းမှာတွင် ဒဏ်ရာကိုယ်စီရရှိခဲ့ကာ လူစားလဲခြင်းခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ပွဲပြီးတဲ့အထိ ထော့နဲ့နဲ့ ဖြင့် တိုက်စစ်မှာကစားခဲ့ရပါတယ်။ပွဲပြီးရလဒ်မှာ ဂိုးမရှိသရေဖြစ်ခဲ့ကာ တစ်မှတ်စီခွဲယူခဲ့ရပါတယ်။လီဗာပူးလ်အသင်းကအဆိုပါပွဲစဉ်မှာသရေတစ်မှတ်ရရှိလိုက်တာကြောင့်မန်စီးတီးအသင်းကိုကျော်ဖြတ်ကာ အဆင့်တစ်နေရာကိုတက်လှမ်းသွားခဲ့ပါတယ်။ယူနိုကိတက်အသင်းကတော့ အဆင့်၄နေရာမှ အဆင့်၅နေရာကိုဆင်းပေးခဲ့ရပါတယ်။
မာတစ်ကလည်း လေ့ကျင့်ရေးကွင်းမှာ ဒဏ် ရာရရှိနေခဲ့တာကြောင့်ပွဲစဉ်တော်တော်များကိုလွဲချော်ဖို့ရှိနေပါတယ်။နည်းပြဆိုးလ်ရှားကလည်းအသင်းရဲ့လူစာရင်းကိုအကောင်းဆုံးဖြစ်အောင်အံသြဖွယ်ကောင်းစွာစီမံနိုင်ခဲ့ပါတယ်။
ခရစ်စတယ်ပဲလေ့စ်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်မှာ အသင်းရဲ့အားထားရတဲ့ကစားသမားတွေဖြစ်ကြတဲ့ ဟာရဲရား မာတာ လင်ဂတ်တို့ကတော့သေချာပေါက်နီးပါးလွဲချော်ဖို့ရှိနေပါတယ်။အကယ်၍သာ ရက်ရှ်ဖို့ဒ် ဒဏ်ရာသက်သာမည်ဆိုရင် ပဲလေစ့်နှင့်ပွဲမှာပါဝင်နိုင်တယ်လို့ နည်းပြ ဆိုးရှားကအတည်ပြုပြောကြားလိုက်ပါတယ်။
"ကျွန်တော်ဒီမတိုင်ခင် တစ်ခါမှ ဒီလိုအဖြစ်အပျက်ကိုမမြင်ဖူးဘူးဗျ ။ပထမပိုင်းမှာကစားသမား၃ဦးစလုံးဒဏ်ရာရပြီးလူစားလဲလိုက်ရပါတယ်။ရက်ရှ်ဖိုဒ်ကလည်းကန်ခံရတယ်။သူခြေကျင်းဝတ်နည်းနည်းထိသွားတယ်။သူကိုအကောင်းဆုံးဖြစ်လာအောင် ကျွန်တော်တို့လုပ်သင့်ပါတယ်။
"ရက်ရှ်ဖို့ဒ် ကိုကျူးလွန်ခဲ့တဲ့ဖျက်ထုတ်မှုကိုအဲဒီတုန်းကအားလုံးတိတ်နေကြတယ်။သူ၅မိနစ်လောက်ပုံမှန်ကစားနိုင်သေးတယ်။သူခြေကျင်းဝတ်ကလည်ထွက်သလိုဖြစ်သွားတာ သူသိပ်မပြေးချင်တော့ဘူးဗျ"
ပြီးတော့မာတာနဲ့ ဟာရဲရားက ထွက်လာခဲ့တယ်။ကျွန်တော်မျှော်လင့်နေတာကသူကိုသူဒဏ်ရာပိုကြီးအောင်မလုပ်ပါစေနဲ့လို့ပဲတောင်းတမိခဲ့တယ်။"
"ကျွန်တော်ကစားပွဲတွေမှာဒါမျိုးတစိခါမှမမြင်ဖူးဘူးဗျ။အကယ်၍သူကစားနိုင်တယိဆိုရင် ကျွန်တော်အတွက်ဒါဟာပျော်ရွှင်စရာပါပဲ။"
လက်ရှိအချိန်ယူနိုက်တက်အသင်းဒဏ်ရာရကစားသမားကတော့ ၉ဦးထိရှိနေပါတယ်။
မာရှယ် (ပေါင်ခြံဒဏ်ရာ-မတ်လဆန်းပြန်ကစားနိုင်)
ဒါမီယန်း (ဒူး မတ်လပြန်ကစားနိုင်)
ဗလင်စီယာ (ကြွက်သားဒဏ်ရာ မတ်လနောကိပိုင်းပြန်ကစားနိုင်)
ရိုဂျို့ (မတ်လနောက်ပိုင်းပြနိကစားနိုင်)
မာတစ် (ကြွက်သားဒဏ်ရာ မတ်လနောက်ပိုင်းပြန်ကစားနိုင်)
ဟာရဲရား (ဒူးကောက်ကြော ရက်အတိအကျမသိရသေး)
လင်ဂတ် (ဒူးကောက်ကြော ရက်အတိအကျမသိရသေး)
မာတာ (ဒူးကောက်ကြော ရက်အတိအကျမသိရသေး)
ရက်ရှ်ဖို့ဒ် (ခြေကျင်းဝတ် အတိအကျမသိရသေး)
တို့ပဲဖြစ်ကြပါတယ်။
No comments
Powered by Blogger.