PSG နဲ ့ပြဲမွာအသင္းေဖာ္ေတြကိုယံုၾကည္မႈမရိွခဲ့ေၾကာင္း၀န္ခံေျပာၾကားလိုက္တဲ့ဆန္းခ်က္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အက္လက္စ္ဆစ္ဆန္းခ်က္စ္တစ္ေယာက္ဟာ PSG အသင္းနဲ ့ရင္ဆိုင္ကစားခဲ့တဲ့ ခ်န္ပီယံလိပ္၁၆သင္းအဆင့္ပေက်ာ့ပြဲစဥ္မွာယူနိုက္တက္အသင္းအတြက္ထိေရာက္တဲ့စြမ္းေဆာင္ရည္ေတြကို ေပးစြမ္းနိုင္စြမ္းမရိွခဲ့ပါဘူး။ဒါ့အျပင္သူဟာအသင္းေဖာ္ေတြအေပၚမွာယံုၾကည္မႈကင္းမဲ့ခဲ့ေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ခ်ီလီေတာင္ပံတိုက္စစ္ကစားသမားဟာ ပထမပိုင္းပြဲကစားခ်ိန္ၿပီးတဲ့အခ်ိန္မွာ ဒဏ္ရာရရိွသြားတဲ့လင္ဂတ္နဲ ့လူစား၀င္လာခဲ့တာျဖစ္ေသာ္လည္း ဘာတစ္ခုမွေလာက္ေလာက္လားလားယူနိုက္တက္အတြက္ မစြမ္းေဆာင္နိုင္ခဲ့ပါတယ္။သူဟာကမာၻ ့အဆင့္ေဘာလံုးသမားတစ္ေယာက္ျဖစ္သည့္တိုင္ေအာင္ တစ္ၾကိမ္ဂိုးေပါက္တည့္ေအာင္ေတာင္မကန္နိုင္ခဲ့သလို အလိမ္အေခါက္ေတြမလုပ္နိုင္၊ျဖတ္တင္ေဘာေတြလည္းေပးမပို ့နိုင္ပဲ ၄၅မိနစ္လံုးလံုး တစ္ၾကိမ္ေလးေတာင္အေရးပါတဲ့ေပးပို ့မႈေလးကိုေတာင္လုပ္မသြားနိုင္ခဲ့ပါဘူး။
PSG တို ့ရဲ ့ေနာက္တန္းလူကင္မ္ပမ္ဘီက ေထာင့္ကန္ေဘာကေန အဖြင့္ဂိုးသြင္းယူလိုက္တဲ့အခ်ိန္အသင္းေဖာ္ေတြရဲ ့မ်က္နွာေတြကိုၾကည့္လိုက္ခ်ိန္မွာေတာ့ ယံုၾကည္မႈကင္းမဲ့ေနၾကၿပီး ျပန္လာနိုင္ဖို ့အင္အားမရိွၾကေၾကာင္းကို သူေတြ ့ခဲ့ရတယ္လို ့၀န္ခံေျပာၾကားလိုက္တာပဲျဖစ္ပါတယ္။
” သူတို ့အသင္းပထမသြင္းဂိုးရသြားေတာ့ ကၽြန္ေတာ္သူတို ့(အသင္းေဖာ္) ေတြကိုၾကည့္လိုက္ပါတယ္။တစ္စံုတစ္ခုေတာ့မွားေနၿပီလို ့ကၽြန္ေတာ္သိလိုက္ပါတယ္။သူတို ့မ်က္လံုးေတြကို လွမ္းၾကည့္လိုက္ေတာ့ ျပန္လာနိုင္စြမ္းမရိွေတာ့အရိပ္အေယာင္ေတြကို ေတြ ့လိုက္ရပါတယ္။ကၽြန္ေတာ္လည္း နားမလည္ခဲ့ပါဘူး။”
ယူနိုက္တက္တို ့ဟာ ဆန္းခ်က္စ္ကို အလြတ္ေျပာင္းေရႊ ့ေၾကးျဖင့္ေခၚယူနိုင္ခဲ့ေသာ္လည္း ဆိုးရြားလွတဲ့သူ ့ရဲ့ေျခစြမ္းေၾကာင့္ ပရီးမီးယားလိပ္သမိုင္းတစ္ေလ ွ်ာက္အဆိုးရြားဆံုးေခၚယူမႈျဖစ္ေနပါတယ္။ပရီးမီးယားလိပ္ရဲ ့အေကာင္းဆံုးကစားသမားအျဖစ္ယခင္က သတ္မွတ္ခံထားရေသာ္လည္း အသက္၃၀ အရြယ္ခ်ီလီသားဟာ ယူနိုက္တက္အတြက္ ၃၇ပြဲမွာ ၅ဂိုးသာသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ဆန္းခ်က္အေနနဲ ့ဒီထပ္လုပ္ျပစရာေတြလုပ္ဖို ့လိုအပ္ေနပါေသးတယ္။
” ကၽြန္ေတာ္ဟာ ေဘာလံုးသိပ္မကန္ရရင္ ေျခစြမ္းေပ်ာက္တတ္တဲ့ကစားသမားမ်ိဳးပါ။တစ္ခါတစ္ေလ ပြဲတိုင္းကၽြန္ေတာ္ကစားခ်င္ပါတယ္။၀င္ကန္လိုက္၊လူစားလဲလိုက္နဲ ့ကၽြန္ေတာ္ကစားလာခဲ့တာပါ။ဒါဟာဆင္ျခင္ေပးတာမဟုတ္ပါဘူး။၁၀ မိနစ္ ၊မိနစ္၂၀ ေလာက္ကစားရလည္း ကၽြန္ေတာ္အစြမ္းကုန္လုပ္ေဆာင္ရမွာပါ။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္ဒီမွာရိွေနတာဟာ ကြဲျပားျခားနားတဲ့အရာေတြလုပ္ျပဖို ့ပါ။ကလပ္အတြက္ေပ်ာ္ရႊင္စရာေတြေပးခ်င္ပါတယ္။ဟုတ္ပါတယ္။ကၽြန္ေတာ္စိုးရိမ္ေနပါတယ္။ကစားသမားတစ္ေယာက္ရဲ ့အရည္အေသြးနဲ ့ပတ္သတ္ရင္ေတာ့ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ယံုၾကည္ပါတယ္။ကၽြန္ေတာ္အစြမ္းျပခ်င္ပါတယ္။”
(Unicode)
PSG နဲ့ပွဲမှာအသင်းဖော်တွေကိုယုံကြည်မှုမရှိခဲ့ကြောင်းဝန်ခံပြောကြားလိုက်တဲ့ဆန်းချက်စ်
အက်လက်စ်ဆစ်ဆန်းချက်စ်တစ်ယောက်ဟာ PSG အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ ချန်ပီယံလိပ်၁၆သင်းအဆင့်ပကျော့ပွဲစဉ်မှာယူနိုက်တက်အသင်းအတွက်ထိရောက်တဲ့စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်စွမ်းမရှိခဲ့ပါဘူး။ဒါ့အပြင်သူဟာအသင်းဖော်တွေအပေါ်မှာယုံကြည်မှုကင်းမဲ့ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ချီလီတောင်ပံတိုက်စစ်ကစားသမားဟာ ပထမပိုင်းပွဲကစားချိန်ပြီးတဲ့အချိန်မှာ ဒဏ်ရာရရှိသွားတဲ့လင်ဂတ်နဲ့လူစားဝင်လာခဲ့တာဖြစ်သော်လည်း ဘာတစ်ခုမှလောက်လောက်လားလားယူနိုက်တက်အတွက် မစွမ်းဆောင်နိုင်ခဲ့ပါတယ်။သူဟာကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ယောက်ဖြစ်သည့်တိုင်အောင် တစ်ကြိမ်ဂိုးပေါက်တည့်အောင်တောင်မကန်နိုင်ခဲ့သလို အလိမ်အခေါက်တွေမလုပ်နိုင်၊ဖြတ်တင်ဘောတွေလည်းပေးမပို့နိုင်ပဲ ၄၅မိနစ်လုံးလုံး တစ်ကြိမ်လေးတောင်အရေးပါတဲ့ပေးပို့မှုလေးကိုတောင်လုပ်မသွားနိုင်ခဲ့ပါဘူး။
PSG တို့ရဲ့နောက်တန်းလူကင်မ်ပမ်ဘီက ထောင့်ကန်ဘောကနေ အဖွင့်ဂိုးသွင်းယူလိုက်တဲ့အချိန်အသင်းဖော်တွေရဲ့မျက်နှာတွေကိုကြည့်လိုက်ချိန်မှာတော့ ယုံကြည်မှုကင်းမဲ့နေကြပြီး ပြန်လာနိုင်ဖို့အင်အားမရှိကြကြောင်းကို သူတွေ့ခဲ့ရတယ်လို့ဝန်ခံပြောကြားလိုက်တာပဲဖြစ်ပါတယ်။
” သူတို့အသင်းပထမသွင်းဂိုးရသွားတော့ ကျွန်တော်သူတို့(အသင်းဖော်) တွေကိုကြည့်လိုက်ပါတယ်။တစ်စုံတစ်ခုတော့မှားနေပြီလို့ကျွန်တော်သိလိုက်ပါတယ်။သူတို့မျက်လုံးတွေကို လှမ်းကြည့်လိုက်တော့ ပြန်လာနိုင်စွမ်းမရှိတော့အရိပ်အယောင်တွေကို တွေ့လိုက်ရပါတယ်။ကျွန်တော်လည်း နားမလည်ခဲ့ပါဘူး။”
ယူနိုက်တက်တို့ဟာ ဆန်းချက်စ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့သော်လည်း ဆိုးရွားလှတဲ့သူ့ရဲ့ခြေစွမ်းကြောင့် ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက်အဆိုးရွားဆုံးခေါ်ယူမှုဖြစ်နေပါတယ်။ပရီးမီးယားလိပ်ရဲ့အကောင်းဆုံးကစားသမားအဖြစ်ယခင်က သတ်မှတ်ခံထားရသော်လည်း အသက်၃၀ အရွယ်ချီလီသားဟာ ယူနိုက်တက်အတွက် ၃၇ပွဲမှာ ၅ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဆန်းချက်အနေနဲ့ဒီထပ်လုပ်ပြစရာတွေလုပ်ဖို့လိုအပ်နေပါသေးတယ်။
” ကျွန်တော်ဟာ ဘောလုံးသိပ်မကန်ရရင် ခြေစွမ်းပျောက်တတ်တဲ့ကစားသမားမျိုးပါ။တစ်ခါတစ်လေ ပွဲတိုင်းကျွန်တော်ကစားချင်ပါတယ်။ဝင်ကန်လိုက်၊လူစားလဲလိုက်နဲ့ကျွန်တော်ကစားလာခဲ့တာပါ။ဒါဟာဆင်ခြင်ပေးတာမဟုတ်ပါဘူး။၁၀ မိနစ် ၊မိနစ်၂၀ လောက်ကစားရလည်း ကျွန်တော်အစွမ်းကုန်လုပ်ဆောင်ရမှာပါ။ဘာလို့လဲဆိုတော့ ကျွန်တော်ဒီမှာရှိနေတာဟာ ကွဲပြားခြားနားတဲ့အရာတွေလုပ်ပြဖို့ပါ။ကလပ်အတွက်ပျော်ရွှင်စရာတွေပေးချင်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်စိုးရိမ်နေပါတယ်။ကစားသမားတစ်ယောက်ရဲ့အရည်အသွေးနဲ့ပတ်သတ်ရင်တော့ ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်အစွမ်းပြချင်ပါတယ်။”
Post a Comment