ဟာဇက္ထြက္ခြာသြားရင္အစားထိုးဖို႔ျဖစ္လာနိုင္တဲ့ ခ်ယ္ဆီးရဲ႕အဓိကပစ္မွတ္သံုးခု
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မျကာခင္ကဟာဇက္ရဲ႕ အနာဂတ္အတြက္ဆံုးျဖတ္ခ်က္ခ်ရေတာ့မယ္ဆိုတဲ့ စကားက သတင္းစာ ေခါင္းစဥ္ျဖစ္လာပါတယ္။ဟာဇက္အေနနဲ႔အသင္းရဲ႕အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္လာျပီးေနာက္ပိုင္း ခ်ယ္ဆီးကထြက္ခြာျပီး ရီးရဲကိုေျပာင္းေရြ႕လိုေနတာျကာပါျပီ။
''က်ေနာ္ဘာဆက္လုပ္ရမလဲသိပါတယ္။ဆံုးျဖတ္ခ်က္ေတာင္ခ်ျပီးေနျပီ''လို႔ မီဒီယာေတြကိုဟာဇက္ကဖြင့္ဟခဲ့တာပါ။ဒါေျကာင့္ ဘာဆံုးျဖတ္ထားလဲ မေျပာခဲ့ေပမယ့္ ဟာဇက္အသင္းကထြက္ခြာေတာ့မယ္လို႔ ယူဆသူေတြမ်ားလာပါျပီ။သူနဲ႔ခ်ယ္ဆီးအသင္းတို႔ရဲ႕ စာခ်ဳပ္သစ္ေဆြးေႏြးမႈကလည္းတိုးတက္မႈရွိမလာပါဘူး။စာခ်ဳပ္သက္တမ္းသိပ္မက်န္ေတာ့တာေျကာင့္ အလြတ္ထြက္ခြာခြင့္ျပဳရမယ့္အႏၲရာယ္လည္းရွိေနပါတယ္။ဒါေျကာင့္လည္းခ်ယ္ဆီးအသင္းအေနနဲ႔ ေႏြရာသီမွာဟာဇက္ကိုေစ်းတင္ေရာင္းဖို႔ရွိလာတာပါ။
အဂၤလန္မွာ၇နွစ္ျကာေနျပီးေနာက္ ဟာဇက္ဟာ စတမ္းဖို႔ဘရစ္ကေန တာ့တာျပနႈတ္ဆက္မယ့္အခ်ိန္နီးလာပါျပီ။ဒီရာသီမွာ၁၅ဂိုးသြင္း၁၀ဂိုးဖန္တီးထားျပီးျဖစ္တဲ့ ဟာဇက္လိုအဓိက ,ကစားသမားတစ္ေယာက္ဆံုးရံႈးခဲ့ရရင္ ခ်ယ္ဆီးအေနနဲ႔ ဒီတိုင္းလက္ပိုက္ျကည့္ေနဖို႔မရွိပါဘူး။ဟာဇက္ေနရာအစားထိုးဖို႔ ေငြအလံုးအရင္း သံုးစြဲလာမယ္ဆိုတာအေသအခ်ာပါပဲ။အခုထဲကအစီစဥ္ေတာင္ဆြဲေနေလာက္ပါျပီ။ ဒီေတာ့ ဟာဇက္ေနရာအစားထိုးဖို႔ ျဖစ္လာနိုင္တဲ့ ကစားသမားသံုးေယာက္ ကိုေဖာ္ျပသြားမွာပါ။ပထမဆံုးတစ္ေယာက္ကေတာ့လိုဇာနို ပါပဲ။
ဟာဇက္ကို ရီးရဲသို႔ထုတ္ေရာင္းရင္ အနည္းဆံုးေပါင္သန္းတစ္ရာေက်ာ္ရမွာျဖစ္တာေျကာင့္ ထိပ္တန္းအဆင့္ကစားသမားေခၚယူဖို႔ ေငြေျကးပိုင္းေအးေဆးျဖစ္သြားပါျပီ။ဒီအခါထိပ္တန္းပစ္မွတ္မ်ားစြာရွိလာနိုင္ေပမယ့္ ခ်ယ္ဆီးအသင္းအလိုရွိဆံုးကစားသမားကေတာ့ လိုဇာနိုပါပဲ။မကၠဆီကို နိုင္ငံသားတစ္ေယာက္ျဖစ္ျပီး လက္ရွိPSVအသင္းနဲ႔အေကာင္းဆံုးရာသီတစ္ခုကိုျဖတ္သန္းေနပါတယ္။ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ စပါးအသင္းဘက္ကိုဂိုးသြင္းခဲ့ပါေသးတယ္။သူ႔ရဲ႕နိုင္ငံအသင္းနည္းျပကေတာ့ လိုဇာနို ဟာ တခ်ိန္ခ်ိန္ ပရီးမီးယားလိဂ္မွာကစားရလိမ့္မယ္လို႔ေဟာကိန္းထုတ္ဖူးပါတယ္။ဒါေပမယ့္အထက္မွာေျပာခဲ့ဖူးသလိုပဲ လိုဇာနိုဟာ ခ်ယ္ဆီးရဲ႕အဓိကပစ္မွတ္ျဖစ္ေပမယ့္ အျခားေရြးခ်ယ္စရာေတြအမ်ားျကီးရွိေနပါေသးတယ္။
ဒုတိယ ဦးစားေပးအတြက္ေတာ့ သူတို႔လုပ္ခဲ့ျပီးပါျပီ။ဟုတ္ပါတယ္ ေဒါ့မြန္ ကပူလီဆစ္ပါ။ဒီအေမရိကန္နိုင္ငံသားကို ျပီးခဲ့တဲ့လက ေဒါ့မြန္ကေန ေပါင္၅၈သန္းနဲ႔ေခၚယူခဲ့ပါတယ္။အခုေတာ့ေဒါ့မြန္အသင္းဆီ ရာသီကုန္ထိ အငွားျပန္ခ်ထားပါတယ္။ ပူလီဆစ္က ဟာဇက္ေနရာ တိုက္ရိုက္အစားထိုးနိုင္မယ့္သူတစ္ေယာက္လို႔ သတ္မွတ္မခံထားရေပမယ့္ သူ႔ေျခစြမ္းေျခစ က လုပ္ျပနိုင္ေျခအမ်ားျကီးရွိပါတယ္။ခ်ယ္ဆီးမွာ တိုက္စစ္ပိုင္းျပသနာရွိေနပါေသးတယ္။ဒါေျကာင့္ေႏြေစ်းကြက္မွာ တိုက္စစ္မွဴးတစ္ေယာက္ကို ေစ်းျကီးေပးေခၚျပီး ပူလီဆစ္ကိုေတာ့ ေတာင္ပံေနရာျဖည့္ကစားေစမလားဆိုတဲ့ အခ်က္ရွိေနပါတယ္။ဒါေပမယ့္ နည္းျပဆာရီရဲ႕ ဆႏၵကလည္း ဘယ္လိုလာမယ္မသိေသးပါဘူး။ဆာရီမွာလည္း သူလိုခ်င္တဲ့ သူ႔အျကိဳက္ကစားသမားတစ္ေယာက္ရွိေနနိုင္ပါတယ္။
ဆာရီသာေနာက္ရာသီခ်ယ္ဆီးမွာရွိေနေသးရင္ သူ႔စိတ္ျကိဳက္ကစားသမားေတြေရာက္လာစရာရွိေသးပါတယ္။ေနာက္တစ္ခ်က္ကေတာ့ ခ်ယ္ဆီးဖန္ေတြရဲ႕သေဘာထားပါ။ ထင္တိုင္းျကဲျပီး ေငြေပးေခၚယူဖို႔ထက္ လူငယ္ေတြနဲ႔ အနာဂတ္တည္ေဆာက္ဖို႔က ပရိတ္သတ္ေတြအလိုခ်င္ဆံုးပါပဲ။ခ်ယ္ဆီးလူငယ္ကစားသမားေတြထဲမွာ ဟာဇက္ေနရာအစားထိုးဖို႔အလားအလာရွိသူတစ္ေယာက္ရွိေနပါတယ္။သူကေတာ့ အိုဒိြဳင္းပါပဲ။ ပရိတ္သတ္ေတြအလိုရွိေနတာက,ကစားသမားသစ္ေခၚမယ့္အစားဟတ္ဆန္ အိုဒိြဳင္းတို႔လို လူငယ္ကစားသမားေတြကိုေနရာေပးျပီး ေရႊေရာင္မ်ိဳးဆက္တစ္ခုကိုတည္ေဆာက္ျပဖို႔ ။ဒီလိုျကီးေလးတဲ့တာဝန္ကို ထမ္းေဆာင္ဖို႔ ဆာရီအတြက္လည္းမလြယ္ပါဘူး။ စာရြက္ေပၚကလူစာရင္းကို ျကည့္လိုက္ရင္ေတာ့ ေတာင္ပံနွစ္ဖက္ မွာ ပူလီဆစ္နဲ႔ အိုဒိြဳင္းကေနရာယူေပါ့။ဒီနွစ္ေယာက္လံုးကလည္း ၂၁နွစ္ေအာက္ေတြျဖစ္တာေျကာင့္ လာမယ့္နွစ္ေတြအတြင္း နားလည္မႈရွိတဲ့ထိပ္တန္းအတြဲအဖက္တစ္ခုျဖစ္လာနိုင္ပါတယ္။
ဒါေပယ့္ အသင္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုျပန္ျကည့္ရင္ ခ်ယ္ဆီးမွာ ဒီလိုနုပ်ိဳတဲ့ အတြဲအဖက္ကိုျမင္ေတြ႕ရဖို႔ မျဖစ္နိုင္သေလာက္ပါပဲ။ ခ်ယ္ဆီးဟာ ေရရွည္အစီစဥ္ဆြဲတာထက္ လက္ငင္းေအာင္ျမင္မႈေတြအတြက္သာ အဓိကထားေလ့ရွိပါတယ္။အထူးသျဖင့္ ဒီနွစ္ရာသီမွာ ဆုဖလားမရတာတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္တာတို႔ျဖစ္ခဲ့ရင္ လူငယ္တိုက္စစ္အတြဲကို ေနရာေပးဖို႔ဆိုတာ ပိုလို႔ေတာင္မျဖစ္နိုင္ပါေသးတယ္။
ဒါေပမယ့္ဒီလူငယ္ေလးနွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ ဟာဇက္ေနရာအစားထိုးသူျဖစ္လာနိုင္ပါတယ္။ ဟာဇက္ထြက္ခြာတာက ခ်ယ္ဆီးကိုျကီးမားတဲ့ျပသနာမျဖစ္ေစနိုင္ပါဘူး။သူတို႔မွာေငြထုတ္ပိုက္ျပီးအင္အားျဖည့္တင္းနိုင္တဲ့အေျခအေနရွိပါတယ္။ဟာဇက္ထြက္ခြါခဲ့ရင္အဓိကစဥ္းစားစရာက ခ်ယ္ဆီးအသင္းပိုင္ရွင္အီဗရာမိုဗစ္အေနနဲ႔ အသင္းကို အရင္လိုပဲ အသင့္သံုးတစ္သီးစားေတြဝယ္ျဖည့္မလား။ဒါမွမဟုတ္ ဆာရီကို အနာဂတ္စီမံကိန္းေတြေဖာ္ေဆာင္ေစမလားဆိုတာပါပဲ။
(Unicode)
ဟာဇက်ထွက်ခွာသွားရင်အစားထိုးဖို့ဖြစ်လာနိုင်တဲ့ ချယ်ဆီးရဲ့အဓိကပစ်မှတ်သုံးခု
မကြာခင်ကဟာဇက်ရဲ့ အနာဂတ်အတွက်ဆုံးဖြတ်ချက်ချရတော့မယ်ဆိုတဲ့ စကားက သတင်းစာ ခေါင်းစဉ်ဖြစ်လာပါတယ်။ဟာဇက်အနေနဲ့အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာပြီးနောက်ပိုင်း ချယ်ဆီးကထွက်ခွာပြီး ရီးရဲကိုပြောင်းရွေ့လိုနေတာကြာပါပြီ။
''ကျနော်ဘာဆက်လုပ်ရမလဲသိပါတယ်။ဆုံးဖြတ်ချက်တောင်ချပြီးနေပြီ''လို့ မီဒီယာတွေကိုဟာဇက်ကဖွင့်ဟခဲ့တာပါ။ဒါကြောင့် ဘာဆုံးဖြတ်ထားလဲ မပြောခဲ့ပေမယ့် ဟာဇက်အသင်းကထွက်ခွာတော့မယ်လို့ ယူဆသူတွေများလာပါပြီ။သူနဲ့ချယ်ဆီးအသင်းတို့ရဲ့ စာချုပ်သစ်ဆွေးနွေးမှုကလည်းတိုးတက်မှုရှိမလာပါဘူး။စာချုပ်သက်တမ်းသိပ်မကျန်တော့တာကြောင့် အလွတ်ထွက်ခွာခွင့်ပြုရမယ့်အန္တရာယ်လည်းရှိနေပါတယ်။ဒါကြောင့်လည်းချယ်ဆီးအသင်းအနေနဲ့ နွေရာသီမှာဟာဇက်ကိုဈေးတင်ရောင်းဖို့ရှိလာတာပါ။
အင်္ဂလန်မှာ၇နှစ်ကြာနေပြီးနောက် ဟာဇက်ဟာ စတမ်းဖို့ဘရစ်ကနေ တာ့တာပြနှုတ်ဆက်မယ့်အချိန်နီးလာပါပြီ။ဒီရာသီမှာ၁၅ဂိုးသွင်း၁၀ဂိုးဖန်တီးထားပြီးဖြစ်တဲ့ ဟာဇက်လိုအဓိက ,ကစားသမားတစ်ယောက်ဆုံးရှုံးခဲ့ရရင် ချယ်ဆီးအနေနဲ့ ဒီတိုင်းလက်ပိုက်ကြည့်နေဖို့မရှိပါဘူး။ဟာဇက်နေရာအစားထိုးဖို့ ငွေအလုံးအရင်း သုံးစွဲလာမယ်ဆိုတာအသေအချာပါပဲ။အခုထဲကအစီစဉ်တောင်ဆွဲနေလောက်ပါပြီ။ ဒီတော့ ဟာဇက်နေရာအစားထိုးဖို့ ဖြစ်လာနိုင်တဲ့ ကစားသမားသုံးယောက် ကိုဖော်ပြသွားမှာပါ။ပထမဆုံးတစ်ယောက်ကတော့လိုဇာနို ပါပဲ။
ဟာဇက်ကို ရီးရဲသို့ထုတ်ရောင်းရင် အနည်းဆုံးပေါင်သန်းတစ်ရာကျော်ရမှာဖြစ်တာကြောင့် ထိပ်တန်းအဆင့်ကစားသမားခေါ်ယူဖို့ ငွေကြေးပိုင်းအေးဆေးဖြစ်သွားပါပြီ။ဒီအခါထိပ်တန်းပစ်မှတ်များစွာရှိလာနိုင်ပေမယ့် ချယ်ဆီးအသင်းအလိုရှိဆုံးကစားသမားကတော့ လိုဇာနိုပါပဲ။မက္ကဆီကို နိုင်ငံသားတစ်ယောက်ဖြစ်ပြီး လက်ရှိPSVအသင်းနဲ့အကောင်းဆုံးရာသီတစ်ခုကိုဖြတ်သန်းနေပါတယ်။ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ စပါးအသင်းဘက်ကိုဂိုးသွင်းခဲ့ပါသေးတယ်။သူ့ရဲ့နိုင်ငံအသင်းနည်းပြကတော့ လိုဇာနို ဟာ တချိန်ချိန် ပရီးမီးယားလိဂ်မှာကစားရလိမ့်မယ်လို့ဟောကိန်းထုတ်ဖူးပါတယ်။ဒါပေမယ့်အထက်မှာပြောခဲ့ဖူးသလိုပဲ လိုဇာနိုဟာ ချယ်ဆီးရဲ့အဓိကပစ်မှတ်ဖြစ်ပေမယ့် အခြားရွေးချယ်စရာတွေအများကြီးရှိနေပါသေးတယ်။
ဒုတိယ ဦးစားပေးအတွက်တော့ သူတို့လုပ်ခဲ့ပြီးပါပြီ။ဟုတ်ပါတယ် ဒေါ့မွန် ကပူလီဆစ်ပါ။ဒီအမေရိကန်နိုင်ငံသားကို ပြီးခဲ့တဲ့လက ဒေါ့မွန်ကနေ ပေါင်၅၈သန်းနဲ့ခေါ်ယူခဲ့ပါတယ်။အခုတော့ဒေါ့မွန်အသင်းဆီ ရာသီကုန်ထိ အငှားပြန်ချထားပါတယ်။ ပူလီဆစ်က ဟာဇက်နေရာ တိုက်ရိုက်အစားထိုးနိုင်မယ့်သူတစ်ယောက်လို့ သတ်မှတ်မခံထားရပေမယ့် သူ့ခြေစွမ်းခြေစ က လုပ်ပြနိုင်ခြေအများကြီးရှိပါတယ်။ချယ်ဆီးမှာ တိုက်စစ်ပိုင်းပြသနာရှိနေပါသေးတယ်။ဒါကြောင့်နွေဈေးကွက်မှာ တိုက်စစ်မှူးတစ်ယောက်ကို ဈေးကြီးပေးခေါ်ပြီး ပူလီဆစ်ကိုတော့ တောင်ပံနေရာဖြည့်ကစားစေမလားဆိုတဲ့ အချက်ရှိနေပါတယ်။ဒါပေမယ့် နည်းပြဆာရီရဲ့ ဆန္ဒကလည်း ဘယ်လိုလာမယ်မသိသေးပါဘူး။ဆာရီမှာလည်း သူလိုချင်တဲ့ သူ့အကြိုက်ကစားသမားတစ်ယောက်ရှိနေနိုင်ပါတယ်။
ဆာရီသာနောက်ရာသီချယ်ဆီးမှာရှိနေသေးရင် သူ့စိတ်ကြိုက်ကစားသမားတွေရောက်လာစရာရှိသေးပါတယ်။နောက်တစ်ချက်ကတော့ ချယ်ဆီးဖန်တွေရဲ့သဘောထားပါ။ ထင်တိုင်းကြဲပြီး ငွေပေးခေါ်ယူဖို့ထက် လူငယ်တွေနဲ့ အနာဂတ်တည်ဆောက်ဖို့က ပရိတ်သတ်တွေအလိုချင်ဆုံးပါပဲ။ချယ်ဆီးလူငယ်ကစားသမားတွေထဲမှာ ဟာဇက်နေရာအစားထိုးဖို့အလားအလာရှိသူတစ်ယောက်ရှိနေပါတယ်။သူကတော့ အိုဒွိုင်းပါပဲ။ ပရိတ်သတ်တွေအလိုရှိနေတာက,ကစားသမားသစ်ခေါ်မယ့်အစားဟတ်ဆန် အိုဒွိုင်းတို့လို လူငယ်ကစားသမားတွေကိုနေရာပေးပြီး ရွှေရောင်မျိုးဆက်တစ်ခုကိုတည်ဆောက်ပြဖို့ ။ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ဆာရီအတွက်လည်းမလွယ်ပါဘူး။ စာရွက်ပေါ်ကလူစာရင်းကို ကြည့်လိုက်ရင်တော့ တောင်ပံနှစ်ဖက် မှာ ပူလီဆစ်နဲ့ အိုဒွိုင်းကနေရာယူပေါ့။ဒီနှစ်ယောက်လုံးကလည်း ၂၁နှစ်အောက်တွေဖြစ်တာကြောင့် လာမယ့်နှစ်တွေအတွင်း နားလည်မှုရှိတဲ့ထိပ်တန်းအတွဲအဖက်တစ်ခုဖြစ်လာနိုင်ပါတယ်။
ဒါပေယ့် အသင်းရဲ့ လုပ်ဆောင်ချက်တွေကိုပြန်ကြည့်ရင် ချယ်ဆီးမှာ ဒီလိုနုပျိုတဲ့ အတွဲအဖက်ကိုမြင်တွေ့ရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ချယ်ဆီးဟာ ရေရှည်အစီစဉ်ဆွဲတာထက် လက်ငင်းအောင်မြင်မှုတွေအတွက်သာ အဓိကထားလေ့ရှိပါတယ်။အထူးသဖြင့် ဒီနှစ်ရာသီမှာ ဆုဖလားမရတာတို့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်တာတို့ဖြစ်ခဲ့ရင် လူငယ်တိုက်စစ်အတွဲကို နေရာပေးဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါသေးတယ်။
ဒါပေမယ့်ဒီလူငယ်လေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ ဟာဇက်နေရာအစားထိုးသူဖြစ်လာနိုင်ပါတယ်။ ဟာဇက်ထွက်ခွာတာက ချယ်ဆီးကိုကြီးမားတဲ့ပြသနာမဖြစ်စေနိုင်ပါဘူး။သူတို့မှာငွေထုတ်ပိုက်ပြီးအင်အားဖြည့်တင်းနိုင်တဲ့အခြေအနေရှိပါတယ်။ဟာဇက်ထွက်ခွါခဲ့ရင်အဓိကစဉ်းစားစရာက ချယ်ဆီးအသင်းပိုင်ရှင်အီဗရာမိုဗစ်အနေနဲ့ အသင်းကို အရင်လိုပဲ အသင့်သုံးတစ်သီးစားတွေဝယ်ဖြည့်မလား။ဒါမှမဟုတ် ဆာရီကို အနာဂတ်စီမံကိန်းတွေဖော်ဆောင်စေမလားဆိုတာပါပဲ။
Post a Comment