အခ်က္အလက္ေတြအရစီးရီးေအမွာအဆိုးရြားဆံုးfree-kickကန္သြင္းသူျဖစ္ေနတဲ့စီေရာ္နယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စီေရာ္နယ္ဒိုဟာ အီတလီေျမကိုေျပာင္းေရြ႕ျပီးေနာက္မွာလည္း အသက္အရြယ္နဲ႔မလိုက္တဲ့ထိပ္တန္းအဆင့္ေျခစြမ္းေတြပိုင္ဆိုင္ထားဆဲပါ။ဂ်ဴဗင္တပ္အသင္းမွာ သြင္းဂိုး၁၇ဂိုးအထိရထားေပမယ့္ ခြ်င္းခ်က္ကေတာ့ ဒီထဲမွာ free-kickဂိုးမပါေတာ့ပါဘူး။
အရင္ကအားပါျပင္းထန္တဲ့ ကန္ခ်က္ေတြနဲ႔ တည္ကန္ေဘာေတြက ဂိုး မ်ားစြာသြင္းခဲ့ေပမယ့္ အခုေတာ့မျမင္ရတာျကာပါျပီ။ စီေရာ္နယ္ဒိုဟာ မန္ခ်က္စတာအသင္းအတြက္၁၃ဂိုး,ရီးရဲမက္ဒရစ္အတြက္ ဂိုး၃၀အထိ ျပစ္ဒဏ္ေဘာကေနရယူေပးခဲ့သူပါ။အခုေတာ့ သူ႔ရဲ႕တည္ကန္ေဘာစြမ္းရည္ေတြ အတိတ္မွာက်န္ခဲ့ျပီလို႔ေျပာရမလိုပါပဲ။
စီေရာ္နယ္ဒိုအေနနဲ႔ ၂၀၁၈ခုနွစ္အတြင္း တည္ကန္ေဘာကေန တစ္ဂိုးသာသြင္းယူနိုင္ခဲ့ပါတယ္။ကမာၻ ့ဖလားတုန္းက ေပၚတူဂီနဲ႕စပိန္တို႔၃-၃ သေရက်တဲ့ပြဲမွာ ႐ရွိခဲ့တာပါ။ျပစ္ဒဏ္ေဘာကန္ရင္လုပ္ေနျကအတိုင္း ေဘာလံုးေရွ႕တည့္တည့္မတ္မတ္ရပ္ျပီး ေျခကိုကား၊လက္ကိုကား ကန္တဲ့ပံုစံကလည္း အလုပ္မျဖစ္ေတာ့တာျကာပါျပီ။
ဒီရာသီမွာ ဂ်ဴဗင္တပ္အသင္းရရွိလာတဲ့ တည္ကန္ေဘာေတြထဲ ၁၃ျကိမ္ကို ေရာ္နယ္ဒိုကန္ခဲ့ေပမယ့္ တစ္ဂိုးမွမရခဲ့တာ အံ့အားသင့္စရာပါပဲ။ျပစ္ဒဏ္ေဘာကန္သြင္းသူေတြထဲ၁၃ျကိမ္ကန္သုညဂိုးျဖစ္ေနတဲ့ ေရာ္နယ္ဒိုက စီးရီးေအမွာ အဆိုးဆံုးျဖစ္ေနပါတယ္။
တည္းကန္ေဘာမွဂိုးရရွိသူစာရင္းမွာ ရာခိုင္နႈန္းအနည္းဆံုးျဖစ္ေနတာပါ။ေရာ္နယ္ဒိုဂ်ဴဗင္ေရာက္စကအသင္းရဲ႕ ဦးစားေပးfree-kickကန္သြင္းသူျဖစ္ေပမယ့္ နိူဝင္ဘာလမွာ နည္းျပအယ္လီဂရီက ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။
အယ္လီဂရီက''စီေရာ္နယ္ဒိုဟာ တည္ကန္ေဘာေတြလည္းထူးခြ်န္သူပါ။ဒါေပမယ့္ ပီယာနစ္နဲ႔ ဒိုင္ဘားလား တို႔ကလည္း တည္ကန္ေဘာေတြကို အေကာင္းဆံုးအသံုးခ်တယ္ဆိုတာသူသိပါတယ္။ဒါေျကာင့္ဂိုးေပါက္အနီး ရရွိလာတဲ့ ျပစ္ဒဏ္ေဘာေတြကို ဒီနွစ္ေယာက္ကတာဝန္ယူသြားမွာျဖစ္ျပီး ေရာ္နယ္ဒိုကေတာ့ အေဝးကကန္ရမယ့္အခါတာဝန္ယူသြားဖို႔က်ေနာ္ဆံုးျဖတ္ထားပါတယ္''လို႔အယ္လီဂရီက ေျပာခဲ့ဖူးပါတယ္။
ဒိုင္ဘားလားလည္း စီေရာ္နယ္ဒိုဂ်ဴဗင္အသင္းနဲ႔ လက္မွတ္ထိုးလိုက္ျပီဆိုတုန္းက ပီယာနစ္ဆီစာပို႔ျဖစ္ခဲ့ေသးေျကာင္းထုတ္ေျပာလာပါတယ္။''ေရာ္နယ္ဒိုေရာက္ျပီဆိုေတာ့ ပီယာနစ္ဆီက်ေနာ္စာေရးခဲ့ပါတယ္။ဒီနွစ္ မင္းfree-kickမ်ားမ်ားစားစားကန္ရေတာ့မွာမဟုတ္လို႔စိတ္ေတာင္မေကာင္းဘူးဆိုျပီးေတာ့ေပါ့။ဘယ္ဘက္ျခမ္း မွာျပစ္ဒဏ္ေဘာရလို႔စီေရာ္နယ္ဒိုကန္တဲ့အခါ ငါတို႔ေအာင္ပြဲခံဓါတ္ပံုရိုက္ျကတာေပါ့''ဆိုျပီး အေပ်ာ္သေဘာနဲ႔ စာပို႔ျဖစ္ခဲ့ေျကာင္း ဒိုင္ဘားလားကထုတ္ေဖာ္ေျပာလာခဲ့ပါတယ္။
(Unicode)
အချက်အလက်တွေအရစီးရီးအေမှာအဆိုးရွားဆုံးfree-kickကန်သွင်းသူဖြစ်နေတဲ့စီရော်နယ်ဒို
စီရော်နယ်ဒိုဟာ အီတလီမြေကိုပြောင်းရွေ့ပြီးနောက်မှာလည်း အသက်အရွယ်နဲ့မလိုက်တဲ့ထိပ်တန်းအဆင့်ခြေစွမ်းတွေပိုင်ဆိုင်ထားဆဲပါ။ဂျူဗင်တပ်အသင်းမှာ သွင်းဂိုး၁၇ဂိုးအထိရထားပေမယ့် ချွင်းချက်ကတော့ ဒီထဲမှာ free-kickဂိုးမပါတော့ပါဘူး။
အရင်ကအားပါပြင်းထန်တဲ့ ကန်ချက်တွေနဲ့ တည်ကန်ဘောတွေက ဂိုး များစွာသွင်းခဲ့ပေမယ့် အခုတော့မမြင်ရတာကြာပါပြီ။ စီရော်နယ်ဒိုဟာ မန်ချက်စတာအသင်းအတွက်၁၃ဂိုး,ရီးရဲမက်ဒရစ်အတွက် ဂိုး၃၀အထိ ပြစ်ဒဏ်ဘောကနေရယူပေးခဲ့သူပါ။အခုတော့ သူ့ရဲ့တည်ကန်ဘောစွမ်းရည်တွေ အတိတ်မှာကျန်ခဲ့ပြီလို့ပြောရမလိုပါပဲ။
စီရော်နယ်ဒိုအနေနဲ့ ၂၀၁၈ခုနှစ်အတွင်း တည်ကန်ဘောကနေ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားတုန်းက ပေါ်တူဂီနဲ့စပိန်တို့၃-၃ သရေကျတဲ့ပွဲမှာ ရရှိခဲ့တာပါ။ပြစ်ဒဏ်ဘောကန်ရင်လုပ်နေကြအတိုင်း ဘောလုံးရှေ့တည့်တည့်မတ်မတ်ရပ်ပြီး ခြေကိုကား၊လက်ကိုကား ကန်တဲ့ပုံစံကလည်း အလုပ်မဖြစ်တော့တာကြာပါပြီ။
ဒီရာသီမှာ ဂျူဗင်တပ်အသင်းရရှိလာတဲ့ တည်ကန်ဘောတွေထဲ ၁၃ကြိမ်ကို ရော်နယ်ဒိုကန်ခဲ့ပေမယ့် တစ်ဂိုးမှမရခဲ့တာ အံ့အားသင့်စရာပါပဲ။ပြစ်ဒဏ်ဘောကန်သွင်းသူတွေထဲ၁၃ကြိမ်ကန်သုညဂိုးဖြစ်နေတဲ့ ရော်နယ်ဒိုက စီးရီးအေမှာ အဆိုးဆုံးဖြစ်နေပါတယ်။
တည်းကန်ဘောမှဂိုးရရှိသူစာရင်းမှာ ရာခိုင်နှုန်းအနည်းဆုံးဖြစ်နေတာပါ။ရော်နယ်ဒိုဂျူဗင်ရောက်စကအသင်းရဲ့ ဦးစားပေးfree-kickကန်သွင်းသူဖြစ်ပေမယ့် နိူဝင်ဘာလမှာ နည်းပြအယ်လီဂရီက ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အယ်လီဂရီက''စီရော်နယ်ဒိုဟာ တည်ကန်ဘောတွေလည်းထူးချွန်သူပါ။ဒါပေမယ့် ပီယာနစ်နဲ့ ဒိုင်ဘားလား တို့ကလည်း တည်ကန်ဘောတွေကို အကောင်းဆုံးအသုံးချတယ်ဆိုတာသူသိပါတယ်။ဒါကြောင့်ဂိုးပေါက်အနီး ရရှိလာတဲ့ ပြစ်ဒဏ်ဘောတွေကို ဒီနှစ်ယောက်ကတာဝန်ယူသွားမှာဖြစ်ပြီး ရော်နယ်ဒိုကတော့ အဝေးကကန်ရမယ့်အခါတာဝန်ယူသွားဖို့ကျနော်ဆုံးဖြတ်ထားပါတယ်''လို့အယ်လီဂရီက ပြောခဲ့ဖူးပါတယ်။
ဒိုင်ဘားလားလည်း စီရော်နယ်ဒိုဂျူဗင်အသင်းနဲ့ လက်မှတ်ထိုးလိုက်ပြီဆိုတုန်းက ပီယာနစ်ဆီစာပို့ဖြစ်ခဲ့သေးကြောင်းထုတ်ပြောလာပါတယ်။''ရော်နယ်ဒိုရောက်ပြီဆိုတော့ ပီယာနစ်ဆီကျနော်စာရေးခဲ့ပါတယ်။ဒီနှစ် မင်းfree-kickများများစားစားကန်ရတော့မှာမဟုတ်လို့စိတ်တောင်မကောင်းဘူးဆိုပြီးတော့ပေါ့။ဘယ်ဘက်ခြမ်း မှာပြစ်ဒဏ်ဘောရလို့စီရော်နယ်ဒိုကန်တဲ့အခါ ငါတို့အောင်ပွဲခံဓါတ်ပုံရိုက်ကြတာပေါ့''ဆိုပြီး အပျော်သဘောနဲ့ စာပို့ဖြစ်ခဲ့ကြောင်း ဒိုင်ဘားလားကထုတ်ဖော်ပြောလာခဲ့ပါတယ်။
Post a Comment