Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘောလုံးကွင်းထဲ ယောက်ကျားလိင်အင်္ဂါပုံလေထိုးရုပ်တွေယူလာတဲ့လင်ကွန်းစီးတီးပရိတ်သတ်များ
လင်ကွန်းစီးတီးပရိတ်သတ်တွေဟာ နော်တီကောင်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်-2အဝေးကွင်းပွဲစဉ်ကို လေမှုတ်ထားတဲ့ ယောက်ကျားလိင်အင်္ဂါပုံ အရုပ်တွေယူလာကြပါတယ်။
အကြောင်းကတော့အသင်းဥက္ကထ အလန်ဟတ်ဒီက ပေါက်ကရငွေကြေးကောက်ခံမယ်ဆိုလို့ပါတဲ့။ဟတ်ဒီဟာ ပေါက်ကရအားပေးတဲ့ ပရိသတ်တွေကို တစ်ခုခုလုပ်ဖို့ကြိုးစားနေတယ်လို့ဆိုရှယ်မီဒီယာပေါ် ရေးတင်ခဲ့ပါတယ်။
အဆုံးသတ်မှာတော့ အခုလိုအိုးနင်းခွက်နင်းဖြစ်ပြီး ဆိုးဆိုးရွားရွားဖြစ်သွားပါတယ်။ဟတ်ဒီက screenshoot နှစ်ခုနဲ့ ရေးတင်ခဲ့တာဖြစ်ပြီးအောက်မှာ နော်တီကောင်ပရိတ်သတ်ကလည်း ဝင်မန့်ခဲ့ပါတယ်။တစ်ခုကခရစ္စမတ်ဆုတောင်းစာဖြစ်ပြီး နောက်တစ်ခုကတော့မင်းက အသင်းကိုပျက်စီးစေသူပဲဆိုပြီးဖြစ်ပါတယ်။ဟတ်ဒီက မေ့မေ့ပျောက်ပျောက်ပဲနေခဲ့ပေမယ့်တနင်္ဂနွေနေ့မှာ ကံဆိုးမှုတွေသူ့ဆီရောက်လာတော့တယ်။
အဲ့ဒီscreenshotပုံအောက်ဖက်မှာ ၁၈+ ညစ်ညမ်းပုံပါနေတာကြောင့် ဟတ်ဒီတစ်ယောက် အမြန်ပြန်ဖျက်လိုက်ရပါတယ်။ဒီကိစ္စကို FAကအရေးမယူတာလည်းအံသြစရာပါပဲ။ဟတ်ဒီကတော့ ဒီမသင့်တော်တဲ့ပုံကိုမတော်တဆတင်ခဲ့မိတာလို့ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ဒါကြောင့် နမော်နမဲ့လုပ်တဲ့ အသင်းဥက္ကဌကိုဟာသသဘော ခနဲ့တဲ့အနေနဲ့ နော်တီကောင်နဲ့ အဝေးကွင်းပွဲမှာ ယောက်ကျားလိင်တံပုံလေထိုးရုပ်တွေယူလာကြတာပါ။
ကွင်းစောင့်တွေအတွက်တော့ လင်ကွန်းဖန်တွေရဲ့ အပြုမှုဟာ စိတ်ရှုပ်စရာဖြစ်ခဲ့ပါတယ်။ဒါ့အပြင် ပြဿနာဖြစ်ပွားမှာလည်းစိုးရိမ်ခဲ့ကြရပါတယ်။ဖန်တွေကတော့ ဟတ်ဒီကို စနောက်ချင်ရုံဟအပျော်သဘောနဲ့လုပ်ခဲ့ကြတာပါတဲ့။ လင်ကွန်းပရိတ်သတ်အဖွဲ့ရဲ့ဦးဆောင်သူဂျက်မူဟေးက''ကျနော်တို့အခုလို လုပ်တာငွေကြောင့်မဟုတ်ပဲ အပြောင်အပျက်သဘောပါ။ဒါကိုလူတွေ နားလည်ဖို့လိုပါတယ်။ အလန်ဟတ်ဒီအနေနဲ့ အခုလေထိုးရုပ်တွေကိစ္စကိုနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်''လို့ပြောသွားခဲ့ပါတယ်။
Post a Comment