ကစားခဲ့ဖူးေသာအသင္း(၇)သင္း၏အက်ၤီမ်ားေပါင္းစပ္ဖန္တီးထားသည့္အက်ၤီနဲ ့နစၥတယ္ရြိဳင္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ရုဒ္ဗန္နစၥတယ္ရိြဳင္းဟာ သူ ့ရဲ ့ကစားသမားဘ၀တစ္ေလ ွ်ာက္ ကစားခဲ့ဖူးတဲ့ ကလပ္အသင္းအက်ီၤ ၤေတြကို ေပါင္းစပ္ဖန္တီးထားတဲ့ အက်ီ ၤကို instragram ေပၚမွာ ၀တ္ဆင္ျပသခဲ့ပါတယ္။
သူဟာ ပယ္နယ္တီဧရိယာအတြင္းတကယ့္ ေျမေခြးတစ္ေကာင္လို တစ္ဖက္အသင္းကို ဒုကၡေပးတဲ့ကစားသမားအျဖစ္တင္စားသတ္မွတ္ျခင္းခံထားရတဲ့သူလည္းျဖစ္ပါတယ္။နစၥတယ္ရြိဳင္းဟာ ပြဲေပါင္း ၅၉၂ ပြဲအတြင္း ၃၄၉ ဂိုးအထိသြင္းယူခဲ့ၿပီး ကစားသမားဘ၀ ထိပ္တန္းအရည္အေသြးရိွခဲ့တဲ့ကစားသမားတစ္ေယာက္ျဖစ္လို ့ေနပါတယ္။သူဟာ ခ်န္ပီယံလိပ္ေရႊဖိနပ္ဆုကို ရရိွခဲ့ဖူးတဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး ၂၁ရာစုရဲ ့အႏၱရာယ္ရိွဆံုးတိုက္စစ္မွဴးအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့သူလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ PSV ယူ-၁၉ အသင္း၏နည္းျပအျဖစ္ ေဆာင္႐ြက္ေနတဲ့ နစၥတယ္႐ြိဳင္းဟာ၂၀၁၂ ခုႏွစ္က ေဘာလုံးသမားဘဝမွ အနားယူခဲ့သူျဖစ္ပါတယ္။မန္ယူနိုက္တက္အသင္းရဲ ့တိုက္စစ္မႉးအျဖစ္ ထင္ရွားေက်ာ္ၾကားခဲ့သူ နစၥတယ္႐ြိဳင္းဟာ နယ္သာလန္ကလပ္ ဒန္ေဘာ့ရွ္အသင္းကေနစၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို အစျပဳခဲ့သူျဖစ္ၿပီး ဟီရန္ဗင္း၊ PSV၊ မန္ယူနိုက္တက္၊ ရီးယဲလ္၊ ဟမ္းဘတ္၊ မာလာဂါ စသည့္ကလပ္အသင္း(၇)သင္းတြင္ ပါဝင္ကစားခဲ့တာပဲျဖစ္ပါတယ္။နစၥတယ္႐ြိဳင္းက အဆိုပါကလပ္အသင္းမ်ား၏ အက်ၤီမ်ားကို ေပါင္းစပ္ဖန္တီးထားသည့္အက်ၤီအား ဝတ္ဆင္ျပသခဲ့ျခင္းျဖစ္ပါတယ္။
အဆိုပါအက်ၤီဒီဇိုင္းကို Blood In Blood Out က ဖန္တီးေပးခဲ့ျခင္းျဖစ္ၿပီး နယ္သာလန္ကြင္းလယ္လူဆႏိုက္ဒါ လည္းနယ္သာလန္လက္ေ႐ြးစင္အသင္း၏ အက်ၤီမ်ားကို ေပါင္းစပ္ဖန္တီးထားသည့္အက်ၤီကို ဝတ္ဆင္ခဲ့ဖူးေၾကာင္းသိရိွရပါတယ္။
(Unicode)
ကစားခဲ့ဖူးသောအသင်း(၇)သင်း၏အင်္ကျီများပေါင်းစပ်ဖန်တီးထားသည့်အင်္ကျီနဲ့နစ္စတယ်ရွိုင်း
ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ သူ့ရဲ့ကစားသမားဘဝတစ်လေ ျှာက် ကစားခဲ့ဖူးတဲ့ ကလပ်အသင်းအကျီၤ ၤတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ အကျီ ၤကို instragram ပေါ်မှာ ဝတ်ဆင်ပြသခဲ့ပါတယ်။
သူဟာ ပယ်နယ်တီဧရိယာအတွင်းတကယ့် မြေခွေးတစ်ကောင်လို တစ်ဖက်အသင်းကို ဒုက္ခပေးတဲ့ကစားသမားအဖြစ်တင်စားသတ်မှတ်ခြင်းခံထားရတဲ့သူလည်းဖြစ်ပါတယ်။နစ္စတယ်ရွိုင်းဟာ ပွဲပေါင်း ၅၉၂ ပွဲအတွင်း ၃၄၉ ဂိုးအထိသွင်းယူခဲ့ပြီး ကစားသမားဘ၀ ထိပ်တန်းအရည်အသွေးရှိခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်လို့နေပါတယ်။သူဟာ ချန်ပီယံလိပ်ရွှေဖိနပ်ဆုကို ရရှိခဲ့ဖူးတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၁ရာစုရဲ့အန္တရာယ်ရှိဆုံးတိုက်စစ်မှူးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့သူလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင် PSV ယူ-၁၉ အသင်း၏နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ နစ္စတယ်ရွိုင်းဟာ၂၀၁၂ ခုနှစ်က ဘောလုံးသမားဘဝမှ အနားယူခဲ့သူဖြစ်ပါတယ်။မန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးအဖြစ် ထင်ရှားကျော်ကြားခဲ့သူ နစ္စတယ်ရွိုင်းဟာ နယ်သာလန်ကလပ် ဒန်ဘော့ရှ်အသင်းကနေစပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အစပြုခဲ့သူဖြစ်ပြီး ဟီရန်ဗင်း၊ PSV၊ မန်ယူနိုက်တက်၊ ရီးယဲလ်၊ ဟမ်းဘတ်၊ မာလာဂါ စသည့်ကလပ်အသင်း(၇)သင်းတွင် ပါဝင်ကစားခဲ့တာပဲဖြစ်ပါတယ်။နစ္စတယ်ရွိုင်းက အဆိုပါကလပ်အသင်းများ၏ အင်္ကျီများကို ပေါင်းစပ်ဖန်တီးထားသည့်အင်္ကျီအား ဝတ်ဆင်ပြသခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါအင်္ကျီဒီဇိုင်းကို Blood In Blood Out က ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး နယ်သာလန်ကွင်းလယ်လူဆနိုက်ဒါ လည်းနယ်သာလန်လက်ရွေးစင်အသင်း၏ အင်္ကျီများကို ပေါင်းစပ်ဖန်တီးထားသည့်အင်္ကျီကို ဝတ်ဆင်ခဲ့ဖူးကြောင်းသိရှိရပါတယ်
Post a Comment