မန္စီးတီးအသင္းနဲ ့ပြဲကအျပဳအမူေၾကာင့္ကီပါကိုတစ္ပလုပ္ခဒဏ္တပ္ခဲ့တဲ့ခ်ဲလ္ဆီးအသင္း
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အသက္၂၄နွစ္အရြယ္ဂိုးသမားဟာ ပြဲကစားခ်ိန္အခ်ိန္ပိုမိနစ္မွာလူစားလဲျခင္းခံခဲ့ရတာကို ျငင္းဆန္ခဲ့တာေၾကာင့္ ၾကီးမားတဲ့အမွားတစ္ခုက်ဴးလြန္မိခဲ့တယ္လို ့၀န္ခံေျပာၾကားခဲ့ပါတယ္။
မန္စီးတီးအသင္းနဲ ့ကစားခဲ့ၾကတဲ့ ကရာေဘာင္ဖလားဗိုလ္လုပြဲစဥ္မွာ ကီပါတစ္ေယာက္လူစားလဲခံခဲ့ရတာကို ကြင္းအတြင္းမွာဆက္ကစားဖို ့လုပ္ေဆာင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းကတစ္ပတ္လုပ္ခဒဏ္တပ္အေရးယူျခင္းကိုေဆာင္ရြက္ခဲ့တာပဲျဖစ္ပါတယ္။
စီးတီးအသင္းနဲ ့ပယ္နယ္တီကန္ရဖို ့ရိွေနတဲ့အခ်ိန္မွာ နည္းျပဆာရီတစ္ေယာက္ဂိုးသမားကီပါရဲ ့အျပဳအမူအတြက္အေတာ္ေလးေဒါသထြက္ခဲ့ၿပီး ပြဲၿပီးတဲ့ခ်ိန္မွာေတာ့ ဒါဟာမေတာ္တဆ နားလည္မႈလြဲသြားတာျဖစ္တယ္လုိ ့ဆိုခဲ့ပါတယ္။မည္သို ့ပင္ဆိုေစကာမူ ဂိုးသမားဟာ သူခ်ဲလ္ဆီးအသင္းမွာ ရရိွတဲ့တစ္ပတ္လုပ္ခ ေပါင္ ၁၉၅၀၀၀ကို ခ်ဲလ္ဆီးအသင္းေဖာ္ေဒးရွင္းကို လွဴဒါန္းသြားရေတာ့မွာပဲျဖစ္ပါတယ္။
” မေန ့ညကအျဖစ္အပ်က္နဲ ့ပတ္သတ္ၿပီးကၽြန္ေတာ္အေတာ္ေလးစဥ္းစားမိပါတယ္။” လို ့ကမာၻ ့ဂိုးသမားစံခ်ိန္တင္ေျပာင္းေရႊ ့ေၾကးျဖင့္ စတန္းဖို ့ဘရစ္ခ်္ဆီေရာက္လာတဲ့ဂိုးသမားကီပါထြက္ဆိုခဲ့ပါတယ္။
” ကၽြန္ေတာ္ဒီျဖစ္ရပ္နဲ ့ပတ္သတ္ၿပီးနားလည္မႈလြဲသြားတယ္ဆိုရင္ေတာင္ ကၽြန္ေတာ္ၾကီးမားတဲ့အမွားတစ္ခုလုပ္ခဲ့မိပါတယ္။ကၽြန္ေတာ္ဒီေန ့မွာနည္းျပကိုေလးေလးနက္နက္နဲ ့ပုဂၢိဳလ္ေရးအရ ေတာင္းပန္ဖို ့အခ်ိန္တစ္ရက္ကိုယူခဲ့တာပါ။ေနာက္ၿပီး ၀ီလီေရာ၊ကၽြန္ေတာ္အသင္းေဖာ္ေတြေရာ၊ကလပ္ကိုပါ တကယ့္ကို ေလးေလးနက္နက္ေတာင္းပန္ပါတယ္။ကၽြန္ေတာ္လုပ္ၿပီးသြားပါၿပီ။ပရိတ္သတ္ေတြကိုလည္းကၽြန္ေတာ္ေတာင္းပန္ခ်င္ပါတယ္။”
” ဒီျဖစ္ရပ္ကေနကၽြန္ေတာ္သင္ခန္းစာရပါတယ္။ကလပ္ရဲ ့ဆံုးျဖတ္ထားတဲ့ ျပစ္ဒဏ္ရယ္၊စည္းကမ္းေတြရယ္ဟာ သင့္ေလ်ာ္ပါတယ္။” လို ့ဆိုခဲ့ပါတယ္။
နည္းျပဆာရီကေတာ့ ” ကီပါနဲ ့ကၽြန္ေတာ္မေတာ္တဆကိစၥအတြက္ေဆြးေႏြးၿပီးပါၿပီ။တကယ့္ကိုေကာင္းတဲ့ ေဆြးေႏြးမႈပါ။မေန ့က နားလည္မႈလြဲခဲ့တာပါ။ဒါပင္မယ့္သူျပဳမႈခဲ့တဲ့အျပဳအမူက အမွားၾကီးတစ္ခုမွန္းသူသိခဲ့ပါတယ္။သူ ကၽြန္ေတာ့္ကိုေရာ၊အသင္းေဖာ္ေတြကိုေရာ၊ကလပ္ကိုေရာေတာင္းပန္ခဲ့ပါတယ္။ကလပ္ရဲ ့စည္းကမ္းအရသူ ့ကိုအေရးယူတာကလပ္နဲ့ပဲဆိုင္ပါတယ္။ကၽြန္ေတာ့္အတြက္ေတာ့ ဒါကိစၥဟာ ၿပီးသြားပါၿပီ။ ”
(Unicode)
နည်းပြဆာရီအပေါ်မရိုမသေလုပ်ခဲ့တဲ့အပြုအမူကြောင့်တစ်ပတ်လုပ်ခဒဏ်ရိုက်ခံရတဲ့ချဲလ်ဆီးဂိုးသမားကီပါ
အသက်၂၄နှစ်အရွယ်ဂိုးသမားဟာ ပွဲကစားချိန်အချိန်ပိုမိနစ်မှာလူစားလဲခြင်းခံခဲ့ရတာကို ငြင်းဆန်ခဲ့တာကြောင့် ကြီးမားတဲ့အမှားတစ်ခုကျူးလွန်မိခဲ့တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့ကစားခဲ့ကြတဲ့ ကရာဘောင်ဖလားဗိုလ်လုပွဲစဉ်မှာ ကီပါတစ်ယောက်လူစားလဲခံခဲ့ရတာကို ကွင်းအတွင်းမှာဆက်ကစားဖို့လုပ်ဆောင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းကတစ်ပတ်လုပ်ခဒဏ်တပ်အရေးယူခြင်းကိုဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။
စီးတီးအသင်းနဲ့ပယ်နယ်တီကန်ရဖို့ရှိနေတဲ့အချိန်မှာ နည်းပြဆာရီတစ်ယောက်ဂိုးသမားကီပါရဲ့အပြုအမူအတွက်အတော်လေးဒေါသထွက်ခဲ့ပြီး ပွဲပြီးတဲ့ချိန်မှာတော့ ဒါဟာမတော်တဆ နားလည်မှုလွဲသွားတာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။မည်သို့ပင်ဆိုစေကာမူ ဂိုးသမားဟာ သူချဲလ်ဆီးအသင်းမှာ ရရှိတဲ့တစ်ပတ်လုပ်ခ ပေါင် ၁၉၅၀၀၀ကို ချဲလ်ဆီးအသင်းဖော်ဒေးရှင်းကို လှူဒါန်းသွားရတော့မှာပဲဖြစ်ပါတယ်။
” မနေ့ညကအဖြစ်အပျက်နဲ့ပတ်သတ်ပြီးကျွန်တော်အတော်လေးစဉ်းစားမိပါတယ်။” လို့ကမ္ဘာ့ဂိုးသမားစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် စတန်းဖို့ဘရစ်ချ်ဆီရောက်လာတဲ့ဂိုးသမားကီပါထွက်ဆိုခဲ့ပါတယ်။
” ကျွန်တော်ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးနားလည်မှုလွဲသွားတယ်ဆိုရင်တောင် ကျွန်တော်ကြီးမားတဲ့အမှားတစ်ခုလုပ်ခဲ့မိပါတယ်။ကျွန်တော်ဒီနေ့မှာနည်းပြကိုလေးလေးနက်နက်နဲ့ပုဂ္ဂိုလ်ရေးအရ တောင်းပန်ဖို့အချိန်တစ်ရက်ကိုယူခဲ့တာပါ။နောက်ပြီး ဝီလီရော၊ကျွန်တော်အသင်းဖော်တွေရော၊ကလပ်ကိုပါ တကယ့်ကို လေးလေးနက်နက်တောင်းပန်ပါတယ်။ကျွန်တော်လုပ်ပြီးသွားပါပြီ။ပရိတ်သတ်တွေကိုလည်းကျွန်တော်တောင်းပန်ချင်ပါတယ်။”
” ဒီဖြစ်ရပ်ကနေကျွန်တော်သင်ခန်းစာရပါတယ်။ကလပ်ရဲ့ဆုံးဖြတ်ထားတဲ့ ပြစ်ဒဏ်ရယ်၊စည်းကမ်းတွေရယ်ဟာ သင့်လျော်ပါတယ်။” လို့ဆိုခဲ့ပါတယ်။
နည်းပြဆာရီကတော့ ” ကီပါနဲ့ကျွန်တော်မတော်တဆကိစ္စအတွက်ဆွေးနွေးပြီးပါပြီ။တကယ့်ကိုကောင်းတဲ့ ဆွေးနွေးမှုပါ။မနေ့က နားလည်မှုလွဲခဲ့တာပါ။ဒါပင်မယ့်သူပြုမှုခဲ့တဲ့အပြုအမူက အမှားကြီးတစ်ခုမှန်းသူသိခဲ့ပါတယ်။သူ ကျွန်တော့်ကိုရော၊အသင်းဖော်တွေကိုရော၊ကလပ်ကိုရောတောင်းပန်ခဲ့ပါတယ်။ကလပ်ရဲ့စည်းကမ်းအရသူ့ကိုအရေးယူတာကလပ်နဲ့ပဲဆိုင်ပါတယ်။ကျွန်တော့်အတွက်တော့ ဒါကိစ္စဟာ ပြီးသွားပါပြီ။ ”
Post a Comment