ရုရွားေရခဲျပင္ေဟာ္ကီပြဲမွာ ေခ်ာ္လဲခဲ့တဲ့ယူနိုက္တက္နည္းျပေဟာင္းေမာ္ရင္ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ယူနိုက္တက္နည္းျပအျဖစ္ကေန ထုတ္ပယ္ခံထားရတဲ့ေမာ္ရင္ဟိုဟာ မၾကာေသးခင္လေတြကေန အခုခ်ိန္ထိ ကံမေကာင္းျဖစ္ေနဆဲပါပဲ။ သူဟာ ရုရွားေရခဲျပင္ေဟာ္ကီအသင္းတစ္သင္းျဖစ္တဲ့ Avangard Omsk ရဲ႕အထူးဧည့္သည္ေတာ္အေနနဲ႔ ေရခဲျပင္ေဟာ္ကီပြဲတစ္ပြဲကို တက္ေရာက္ခဲ့ပါတယ္။
ပြဲမစခင္ သူ႔အတြက္ ေကာ္ေဇာနီခင္းထားတဲ့ ေရခဲျပင္ကြငး္ထဲေရာက္လာၿပီး ေရခဲျပင္ေဟာ္ကီမွာ ေဘာလုံးအစားသုံးတဲ့ေရာ္ဘာဒိုးျပားကို ၿပိိဳင္ဘက္အသင္းသားႏွစ္ေယာက္ၾကား စေပးေဘာအျဖစ္ ပစ္ခ်ေပးခဲ့တာပါ။အဲဒီ့အခ်ိန္ထိ ျပႆနာမရွိခဲ့ေပမယ့္ စေပးေဘာေပးၿပီး ျပန္အလွည့္မွာ ေကာ္ေဇာနီေပၚမွာပဲ ေျခေခ်ာ္လဲက်ခဲ့တာ ျဖစ္ပါတယ္။
လဲက်သြားတဲ့ေမာ္ရင္ဟိုကို ၿပိဳင္ဘက္ကစားသမားႏွစ္ေယာက္က ဆြဲထူေပးခဲ့ရၿပီး သူကလည္း ရွက္ၿပဳံးနဲ႔ ေက်းဇူးတင္စကားျပန္ေျပာခဲ့ရပါတယ္။

အဆိုပါအျဖစ္အပ်က္ေၾကာင့္ ေရခဲျပင္ေဟာ္ကီပြဲလာအားေပးတဲ့ပရိသတ္ေတြအတြက္ ရယ္ပြဲျဖစ္ခဲ့ရပါတယ္။
သိပ္မၾကာခင္မွာပဲ ရုရွားရဲ႕ေဒသတြင္းေရခဲျပင္ေဟာ္ကီလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕ Twitter အေကာင့္မွာ “ဒါဟာ ကံမေကာင္းခဲ့လို႔ပါ။ ဒါေပမဲ့ မစၥတာေမာ္ရင္ဟိုအဆင္ေျပမယ္လို႔ ကၽြန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္”ဆုိတဲ့စာသားေရးတင္ခဲ့တာ ေတြ႕ရပါတယ္။
ဒါေပမဲ့ အဲဒီစေတးတပ္စ္က ကမာၻနဲ႔အ၀န္း Twitter အသုံးျပဳသူေတြရဲ႕အာရုံစိုက္ျခင္းကိုခံခဲ့ရလို႔ ေနာက္ပိုင္းမွာ ျပန္ဖ်က္သြားခဲ့ပါတယ္။ ေမာ္ရင္ဟုိအေနနဲ႔ ေကာ္ေဇာ္နီေပၚမွာ ေခ်ာ္လဲခဲ့တာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ သူဟာ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကလည္း အဂၤလန္အသင္းရဲ႕ပြဲစဥ္တစ္ပြဲအၿပီး ၀င္ဘေလကြင္းအျပင္ဘက္မွာ ကာထားတဲ့ႀကိဳးတန္းကို ခြေက်ာ္ရာမွာ အခန္႔မသင့္ဘဲ ေခာ်္လဲခဲ့ပါတယ္။
ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ မန္ယူနိုက္တက္နည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက ရုပ္သံတစ္ခုမွာ ေဘာလုံးသုံးသပ္သူအျဖစ္ ပြဲအနည္းငယ္လုပ္ေပးခဲ့တာကလြဲရင္ သိုသိပ္စြာနဲ႔ပဲ ေနထိုင္္လာခဲ့တာပါ။ အခုလည္း သူဟာ စပြန္ဆာေပးကမ္းလွမ္းလာမႈေၾကာင့္သာ ရုရွားေရခဲျပင္ေဟာ္ကီပြဲတစ္ပြဲကို ေရာက္ရွိခဲ့တာပဲျဖစ္ပါတယ္။
Credit
[Unicode]
ရုရှားရေခဲပြင်ဟော်ကီပွဲမှာ ချော်လဲခဲ့တဲ့ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟို
မန်ယူနိုက်တက်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံထားရတဲ့မော်ရင်ဟိုဟာ မကြာသေးခင်လတွေကနေ အခုချိန်ထိ ကံမကောင်းဖြစ်နေဆဲပါပဲ။ သူဟာ ရုရှားရေခဲပြင်ဟော်ကီအသင်းတစ်သင်းဖြစ်တဲ့ Avangard Omsk ရဲ့အထူးဧည့်သည်တော်အနေနဲ့ ရေခဲပြင်ဟော်ကီပွဲတစ်ပွဲကို တက်ရောက်ခဲ့ပါတယ်။
ပွဲမစခင် သူ့အတွက် ကော်ဇောနီခင်းထားတဲ့ ရေခဲပြင်ကွင်းထဲရောက်လာပြီး ရေခဲပြင်ဟော်ကီမှာ ဘောလုံးအစားသုံးတဲ့ရော်ဘာဒိုးပြားကို ပြိုင်ဘက်အသင်းသားနှစ်ယောက်ကြား စပေးဘောအဖြစ် ပစ်ချပေးခဲ့တာပါ။အဲဒီ့အချိန်ထိ ပြဿနာမရှိခဲ့ပေမယ့် စပေးဘောပေးပြီး ပြန်အလှည့်မှာ ကော်ဇောနီပေါ်မှာပဲ ခြေချော်လဲကျခဲ့တာ ဖြစ်ပါတယ်။
လဲကျသွားတဲ့မော်ရင်ဟိုကို ပြိုင်ဘက်ကစားသမားနှစ်ယောက်က ဆွဲထူပေးခဲ့ရပြီး သူကလည်း ရှက်ပြုံးနဲ့ ကျေးဇူးတင်စကားပြန်ပြောခဲ့ရပါတယ်။
အဆိုပါအဖြစ်အပျက်ကြောင့် ရေခဲပြင်ဟော်ကီပွဲလာအားပေးတဲ့ပရိသတ်တွေအတွက် ရယ်ပွဲဖြစ်ခဲ့ရပါတယ်။
သိပ်မကြာခင်မှာပဲ ရုရှားရဲ့ဒေသတွင်းရေခဲပြင်ဟော်ကီလိဂ်အဖွဲ့ချုပ်ရဲ့ Twitter အကောင့်မှာ “ဒါဟာ ကံမကောင်းခဲ့လို့ပါ။ ဒါပေမဲ့ မစ္စတာမော်ရင်ဟိုအဆင်ပြေမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်”ဆိုတဲ့စာသားရေးတင်ခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ အဲဒီစတေးတပ်စ်က ကမ္ဘာနဲ့အဝန်း Twitter အသုံးပြုသူတွေရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရလို့ နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ ကော်ဇော်နီပေါ်မှာ ချော်လဲခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အင်္ဂလန်အသင်းရဲ့ပွဲစဉ်တစ်ပွဲအပြီး ဝင်ဘလေကွင်းအပြင်ဘက်မှာ ကာထားတဲ့ကြိုးတန်းကို ခွကျော်ရာမှာ အခန့်မသင့်ဘဲ ခောျ်လဲခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ မန်ယူနိုက်တက်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ရုပ်သံတစ်ခုမှာ ဘောလုံးသုံးသပ်သူအဖြစ် ပွဲအနည်းငယ်လုပ်ပေးခဲ့တာကလွဲရင် သိုသိပ်စွာနဲ့ပဲ နေထိုင်လာခဲ့တာပါ။ အခုလည်း သူဟာ စပွန်ဆာပေးကမ်းလှမ်းလာမှုကြောင့်သာ ရုရှားရေခဲပြင်ဟော်ကီပွဲတစ်ပွဲကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။
Credit

Post a Comment