Header Ads


EPLအသင္းၾကီးေတြနဲ ့တြ ့ဆံုတိုင္းဆာလာတစ္ေယာက္ဘာလို ့ေျခစြမ္းမျပနိုင္သလဲရွင္းျပခဲ့တဲ့ကေလာ့

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အီဂ်စ္တိုက္စစ္ကစားသမားဟာ မန္စီးတီး၊ေတာ့တင္ဟမ္၊မန္ခ်က္စတာယူနိုက္တက္၊ခ်ဲလ္ဆီး၊အာဆင္နယ္အသင္းတို ့နဲ ့ရင္ဆိုင္ကစားခဲ့တဲ့ ၈ပြဲမွာ သြင္းဂိုး၁ဂိုးသာသြင္းယူထားနိုင္ေသးတာပဲျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့ မိုဟာမက္ဆာလာဟာ အသင္းေဖာ္ေတြဆီကအကူအညီေတြအမ်ားၾကီးလုိအပ္ေသးတယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။အီဂ်စ္တိုက္စစ္မွဴးဟာ မန္ခ်က္စတာယူနိုက္တက္ကို ဂိုးမရိွသေရက်ခဲ့တဲ့ပြဲမွာ အစြမ္းအစမဲ့ခဲ့ၿပီး ၾကီး၆ၾကီးနဲ ့ေတြ ့ဆံုတိုင္းဂိုးမသြင္းနို္င္တဲ့အစဥ္အလာကိုဆက္ထိန္းသြားခဲ့ရပါတယ္။



အသက္၂၆နွစ္အရြယ္ဆာလာဟာ မန္စီးတီး၊ေတာ့တင္ဟမ္၊မန္ခ်က္စတာယူနိုက္တက္၊ခ်ဲလ္ဆီး၊အာဆင္နယ္အသင္းတို ့နဲ ့ရင္ဆိုင္ကစားခဲ့တဲ့ ၈ပြဲမွာ သြင္းဂိုး၁ဂိုးသာသြင္းယူထားနိုင္ေသးတာပဲျဖစ္ၿပီး အဆိုပါသူ ့ရဲ ့တစ္လံုးထဲေသာဂိုးဟာလည္း ဂန္းနားတို ့နဲ ့ေတြ ့ဆံုစဥ္သြင္းယူထားတာပဲျဖစ္ပါတယ္။သူဟာ လက္ရိွEPL ဂိုးသြင္းဇယားထိပ္မွာ တိုက္စစ္မွဴးဆာဂ်ီယိုအေဂြရိုးနဲ ့အတူသြင္းဂိုး ၁၇ဂိုးျဖင့္ဇယားထိပ္မွာ ရပ္တည္ေနေသာ္လည္း ယူနိုက္တက္နဲ ့ပြဲမွာဂိုးသြင္းယူနိုင္ခဲ့ျခင္းမရိွတာေၾကာင့္ ဒီတစ္ႏွစ္လံုး EPL ၾကီး၆ၾကီး နဲ ့ေတြ ့ဆံုရာမွာ ဂိုးမသြင္းနိုင္တဲ့သူ အျဖစ္ရိွေနဆဲပဲျဖစ္ပါတယ္။



ဂ်ာဂန္ကေလာ့ ကေတာ့ မနွစ္ရာသီ PFA အေကာင္းဆံုးကစားသမားဆုရ ဆာလာဟာ ပြဲေတြကိုလႊမ္းမိုးဖို ့ဆိုရင္ အသင္းေဖာ္ေတြဆီအကူအညီေတြလိုအပ္ေနတယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၂လတုန္းက ဘုန္းေမာက္နဲ ့ပြဲမွာ သူဟာ အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။အဲ့ဒါက ကၽြန္ေတာ္သူ ့ကိုဘယ္လိုအသံုးျပဳသလဲ.ဘယ္လိုကစားေစသလဲ၊ဘယ္လိုေရြ ့လ်ားေစသလဲ ေတြနဲ ့ပဲဆိုင္ပါတယ္။ယူနိုက္တက္ပြဲမွာ လင္ဒီေလာ့ဖ္နဲ ့ေရွာတို ့က သူ ့ကိုဖမ္းကစားခဲ့တာပါ။” 




ဆာလာကေတာ့ ဒီရာသီဟာ သူ ့အတြက္ခက္ခဲတဲ့ရာသီလို ့၀န္ခံခဲ့ၿပီး နည္းျပက သူ ့ကိုအသင္းၾကီးေတြနဲ ့ကစားတိုင္း False 9 ေနရာမွာကစားခိုင္းတာျဖစ္တယ္လို ့လည္း၀န္ခံေျပာၾကားခဲ့ပါတယ္။


(Unicode)

EPLအသင်းကြီးတွေနဲ့တွ့ဆုံတိုင်းဆာလာတစ်ယောက်ဘာလို့ခြေစွမ်းမပြနိုင်သလဲရှင်းပြခဲ့တဲ့ကလော့

အီဂျစ်တိုက်စစ်ကစားသမားဟာ မန်စီးတီး၊တော့တင်ဟမ်၊မန်ချက်စတာယူနိုက်တက်၊ချဲလ်ဆီး၊အာဆင်နယ်အသင်းတို့နဲ့ရင်ဆိုင်ကစားခဲ့တဲ့ ၈ပွဲမှာ သွင်းဂိုး၁ဂိုးသာသွင်းယူထားနိုင်သေးတာပဲဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြဂျာဂန်ကလော့ မိုဟာမက်ဆာလာဟာ အသင်းဖော်တွေဆီကအကူအညီတွေအများကြီးလိုအပ်သေးတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။အီဂျစ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အစွမ်းအစမဲ့ခဲ့ပြီး ကြီး၆ကြီးနဲ့တွေ့ဆုံတိုင်းဂိုးမသွင်းနိုင်တဲ့အစဉ်အလာကိုဆက်ထိန်းသွားခဲ့ရပါတယ်။

အသက်၂၆နှစ်အရွယ်ဆာလာဟာ မန်စီးတီး၊တော့တင်ဟမ်၊မန်ချက်စတာယူနိုက်တက်၊ချဲလ်ဆီး၊အာဆင်နယ်အသင်းတို့နဲ့ရင်ဆိုင်ကစားခဲ့တဲ့ ၈ပွဲမှာ သွင်းဂိုး၁ဂိုးသာသွင်းယူထားနိုင်သေးတာပဲဖြစ်ပြီး အဆိုပါသူ့ရဲ့တစ်လုံးထဲသောဂိုးဟာလည်း ဂန်းနားတို့နဲ့တွေ့ဆုံစဉ်သွင်းယူထားတာပဲဖြစ်ပါတယ်။သူဟာ လက်ရှိEPL ဂိုးသွင်းဇယားထိပ်မှာ တိုက်စစ်မှူးဆာဂျီယိုအဂွေရိုးနဲ့အတူသွင်းဂိုး ၁၇ဂိုးဖြင့်ဇယားထိပ်မှာ ရပ်တည်နေသော်လည်း ယူနိုက်တက်နဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒီတစ်နှစ်လုံး EPL ကြီး၆ကြီး နဲ့တွေ့ဆုံရာမှာ ဂိုးမသွင်းနိုင်တဲ့သူ အဖြစ်ရှိနေဆဲပဲဖြစ်ပါတယ်။

ဂျာဂန်ကလော့ ကတော့ မနှစ်ရာသီ PFA အကောင်းဆုံးကစားသမားဆုရ ဆာလာဟာ ပွဲတွေကိုလွှမ်းမိုးဖို့ဆိုရင် အသင်းဖော်တွေဆီအကူအညီတွေလိုအပ်နေတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

” ပြီးခဲ့တဲ့ ၂လတုန်းက ဘုန်းမောက်နဲ့ပွဲမှာ သူဟာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။အဲ့ဒါက ကျွန်တော်သူ့ကိုဘယ်လိုအသုံးပြုသလဲ.ဘယ်လိုကစားစေသလဲ၊ဘယ်လိုရွေ့လျားစေသလဲ တွေနဲ့ပဲဆိုင်ပါတယ်။ယူနိုက်တက်ပွဲမှာ လင်ဒီလော့ဖ်နဲ့ရှောတို့က သူ့ကိုဖမ်းကစားခဲ့တာပါ။” 

ဆာလာကတော့ ဒီရာသီဟာ သူ့အတွက်ခက်ခဲတဲ့ရာသီလို့ဝန်ခံခဲ့ပြီး နည်းပြက သူ့ကိုအသင်းကြီးတွေနဲ့ကစားတိုင်း False 9 နေရာမှာကစားခိုင်းတာဖြစ်တယ်လို့လည်းဝန်ခံပြောကြားခဲ့ပါတယ်။

No comments

Powered by Blogger.