Header Ads


ခ်ဲလ္ဆီးဆီမေျပာင္းခင္ထဲကအက္တလက္တီကိုမွာလာကစားဖို ့ဆီျမြန္နီကိုကတိေပးခဲ့တဲ့မိုရာတာ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စတန္းဖို ့ဘရစ္ခ်္မွာေကာင္းမြန္စြာမပ်ံသန္းနိုင္ခဲ့တဲ့တိုက္စစ္မွဴးမိုရာတာဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလမွာ အက္တလက္တီကိုမက္ဒရစ္အသင္းဆီအငွားေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။

သူဟာ ခ်ဲလ္ဆီးအသင္းဆီ ေပါင္ ၇၁ သန္းျဖင့္မေျပာင္းေရႊ ့ခင္ထဲက အက္တလက္တီကိုမက္ဒရစ္အသင္းဆီလာကစားဖို ့ကတိေပးခဲ့ဖူးတယ္လို ့မိုရာတာက၀န္ခံေျပာၾကားခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းမွာ ဂိုးမိုးေခါင္ခဲ့တာေၾကာင့္အသင္းကသည္းခံမႈကုန္ဆံုးခဲ့တဲ့ စပိန္တိုက္စစ္မွဴးဟာ သူ ့ရဲ ့ငယ္ဘ၀အသင္းဆီ ၿပီးခဲ့တဲ့ဇန္န၀ါရီက အငွားသြားေရာက္ကစားခဲ့တာပဲျဖစ္ပါတယ္။


မိုရာတာဟာ ခ်ဲလ္ဆီးကစားသမားဘ၀အစကိုအေကာင္းဆံုးစတင္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကေန ကလပ္စံခ်ိန္တင္ေခၚယူခဲ့တဲ့ကစားသမားျဖစ္တာေၾကာင့္ အသင္းကလည္းသူ ့ကိုေမ ွ်ာ္လင့္ခ်က္အၾကီးၾကီးထားထားခဲ့တာပဲျဖစ္ကာ မိုရာတာကလည္း သြင္းဂိုးေတြနဲ ့မိတ္ဆက္ေပးေနခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း သူ ့ရဲ ့ကစားသမားဘ၀ဟန္းနီးမြန္းကာလဟာ ခဏတာသာ ျဖစ္တည္ခဲ့ၿပီး သြင္းဂိုးအေရအတြက္က်ဆင္းလာခဲ့သလို ေသခ်ာေပါက္အပိုင္သြင္းဂိုးေတြေလ်ာ ့က်လာခဲ့သည္အထိ ဂိုးေပါက္ေရွ ့မွာယံုၾကည္မႈေတြေပ်ာက္ဆံုးေနခဲ့တာပဲျဖစ္ပါတယ္။


အခုခ်ိန္မွာေတာ့ သူဟာ အကယ္ဒမီကစားသမားအျဖစ္စတင္ခဲ့တဲ့ မက္ဒရစ္ကို ျပန္လည္ေရာက္ရိွေနခဲ့ၿပီး သူ ့ရဲ ့လက္ရိွမန္ေနဂ်ာ ဒီေရဂိုဆီျမြန္နီဟာ သူ ့ကိုေခၚဖို ့အရင္ကၾကိဳးစားခဲ့ဖူးတယ္လို ့ဆိုလိုက္ပါတယ္။

စပိန္သတင္းစာ AS နဲ ့အင္တာဗ်ဴးမွာေတာ့ မိုရာတာက သူဟာတစ္ေန ့မွာ ဆီျမြန္နီအတြက္လာကစားေပးဖို ့ကတိေပးခဲ့ေၾကာင္း၀န္ခံေျပာၾကားခဲ့ပါတယ္။

ခင္ဗ်ားကိုကၽြန္ေတာ္အမွန္တရားတစ္ခုေျပာျပမယ္။ပထမဦးဆံုးသူနဲ ့စာခ်ဳပ္ခဲ့တာက ၿပီးခဲ့တဲ့ ၃နွစ္ခဲြအခ်ိန္တုန္းကေပါ့။ကၽြန္ေတာ္သူ ့ကိုနႈတ္အားျဖင့္ကတိစကားဆိုခဲ့ပါတယ္။ျဖစ္နိုင္တဲ့အေျခအေနေရာက္တာနဲ ့ကၽြန္ေတာ္လာကစားဖို ့ေျပာခဲ့ပါတယ္။အရင္ကေတာ့ ဒါဟာမျဖစ္နိုင္ခဲ့ပါဘူး။ဒါပင္မယ့္ဒါဟာကၽြန္ေတာ္နဲ ့လည္းမဆိုင္ပါဘူး။ကၽြန္ေတာ္သူ ့ကို နႈတ္အားျဖင့္ကတိစကားဆိုခဲ့ပါတယ္။အခုေတာ့ ကၽြန္ေတာ္ဒီမွာေရာက္ေနပါၿပီ။ဆီျမြန္နီနဲ ့အနည္းဆံုးေတာ့စကားေျပာနိုင္ခဲ့ပါၿပီ။” 



အသက္ ၂၆ နွစ္အရြယ္မိုရာတာဟာ လက္ရိွပရီးမီးယားလိပ္ရာသီမွာ ၅ဂိုးသာသြင္းယူနိုင္ခဲ့ၿပီး လာလီဂါကလပ္အတြက္လည္း သြင္းဂိုးသြင္းယူနိုင္ျခင္းမရိွပါဘူး။ဒါပင္မယ့္လည္းစတန္းဖို ့ဘရစ္ခ်္မွာ မိုရာတာေနရာအစားထိုးေခၚယူထားတဲ့ ဟီဂြာအင္ကေတာ့ သြင္းဂိုး၂ဂိုးသြင္းယူေပးထားနိုင္ပါတယ္။ဒါပင္မယ့္လည္း လက္ရိွခ်ဲလ္ဆီးအသင္းဟာလည္း မိုရာတာထြက္ခါသြားၿပီးေနာက္ သူတို ့အသင္းရဲ ့ေနာက္ဆံုး၅ပြဲမွာ ၃ပြဲအထိအေရးနိမ့္ထားတာပဲျဖစ္ပါတယ္။

(Unicode)

ချဲလ်ဆီးဆီမပြောင်းခင်ထဲကအက်တလက်တီကိုမှာလာကစားဖို့ဆီမြွန်နီကိုကတိပေးခဲ့တဲ့မိုရာတာ

စတန်းဖို့ဘရစ်ချ်မှာကောင်းမွန်စွာမပျံသန်းနိုင်ခဲ့တဲ့တိုက်စစ်မှူးမိုရာတာဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အက်တလက်တီကိုမက်ဒရစ်အသင်းဆီအငှားပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။

သူဟာ ချဲလ်ဆီးအသင်းဆီ ပေါင် ၇၁ သန်းဖြင့်မပြောင်းရွှေ့ခင်ထဲက အက်တလက်တီကိုမက်ဒရစ်အသင်းဆီလာကစားဖို့ကတိပေးခဲ့ဖူးတယ်လို့မိုရာတာကဝန်ခံပြောကြားခဲ့ပါတယ်။ချဲလ်ဆီးအသင်းမှာ ဂိုးမိုးခေါင်ခဲ့တာကြောင့်အသင်းကသည်းခံမှုကုန်ဆုံးခဲ့တဲ့ စပိန်တိုက်စစ်မှူးဟာ သူ့ရဲ့ငယ်ဘဝအသင်းဆီ ပြီးခဲ့တဲ့ဇန်နဝါရီက အငှားသွားရောက်ကစားခဲ့တာပဲဖြစ်ပါတယ်။

မိုရာတာဟာ ချဲလ်ဆီးကစားသမားဘဝအစကိုအကောင်းဆုံးစတင်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ ကလပ်စံချိန်တင်ခေါ်ယူခဲ့တဲ့ကစားသမားဖြစ်တာကြောင့် အသင်းကလည်းသူ့ကိုမေ ျှာ်လင့်ချက်အကြီးကြီးထားထားခဲ့တာပဲဖြစ်ကာ မိုရာတာကလည်း သွင်းဂိုးတွေနဲ့မိတ်ဆက်ပေးနေခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း သူ့ရဲ့ကစားသမားဘဝဟန်းနီးမွန်းကာလဟာ ခဏတာသာ ဖြစ်တည်ခဲ့ပြီး သွင်းဂိုးအရေအတွက်ကျဆင်းလာခဲ့သလို သေချာပေါက်အပိုင်သွင်းဂိုးတွေလျော့ကျလာခဲ့သည်အထိ ဂိုးပေါက်ရှေ့မှာယုံကြည်မှုတွေပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။

အခုချိန်မှာတော့ သူဟာ အကယ်ဒမီကစားသမားအဖြစ်စတင်ခဲ့တဲ့ မက်ဒရစ်ကို ပြန်လည်ရောက်ရှိနေခဲ့ပြီး သူ့ရဲ့လက်ရှိမန်နေဂျာ ဒီရေဂိုဆီမြွန်နီဟာ သူ့ကိုခေါ်ဖို့အရင်ကကြိုးစားခဲ့ဖူးတယ်လို့ဆိုလိုက်ပါတယ်။

စပိန်သတင်းစာ AS နဲ့အင်တာဗျူးမှာတော့ မိုရာတာက သူဟာတစ်နေ့မှာ ဆီမြွန်နီအတွက်လာကစားပေးဖို့ကတိပေးခဲ့ကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။

” ခင်ဗျားကိုကျွန်တော်အမှန်တရားတစ်ခုပြောပြမယ်။ပထမဦးဆုံးသူနဲ့စာချုပ်ခဲ့တာက ပြီးခဲ့တဲ့ ၃နှစ်ခွဲအချိန်တုန်းကပေါ့။ကျွန်တော်သူ့ကိုနှုတ်အားဖြင့်ကတိစကားဆိုခဲ့ပါတယ်။ဖြစ်နိုင်တဲ့အခြေအနေရောက်တာနဲ့ကျွန်တော်လာကစားဖို့ပြောခဲ့ပါတယ်။အရင်ကတော့ ဒါဟာမဖြစ်နိုင်ခဲ့ပါဘူး။ဒါပင်မယ့်ဒါဟာကျွန်တော်နဲ့လည်းမဆိုင်ပါဘူး။ကျွန်တော်သူ့ကို နှုတ်အားဖြင့်ကတိစကားဆိုခဲ့ပါတယ်။အခုတော့ ကျွန်တော်ဒီမှာရောက်နေပါပြီ။ဆီမြွန်နီနဲ့အနည်းဆုံးတော့စကားပြောနိုင်ခဲ့ပါပြီ။” 

အသက် ၂၆ နှစ်အရွယ်မိုရာတာဟာ လက်ရှိပရီးမီးယားလိပ်ရာသီမှာ ၅ဂိုးသာသွင်းယူနိုင်ခဲ့ပြီး လာလီဂါကလပ်အတွက်လည်း သွင်းဂိုးသွင်းယူနိုင်ခြင်းမရှိပါဘူး။ဒါပင်မယ့်လည်းစတန်းဖို့ဘရစ်ချ်မှာ မိုရာတာနေရာအစားထိုးခေါ်ယူထားတဲ့ ဟီဂွာအင်ကတော့ သွင်းဂိုး၂ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ဒါပင်မယ့်လည်း လက်ရှိချဲလ်ဆီးအသင်းဟာလည်း မိုရာတာထွက်ခါသွားပြီးနောက် သူတို့အသင်းရဲ့နောက်ဆုံး၅ပွဲမှာ ၃ပွဲအထိအရေးနိမ့်ထားတာပဲဖြစ်ပါတယ်။


No comments

Powered by Blogger.