၀က္စ္ဟမ္းနဲ ့ပြဲမွာဆာလာရဲ ့အားနည္းခ်က္ကိုပရိတ္သတ္ေတြသတိထားမိခဲ့တာဘာျဖစ္မလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အီဂ်စ္ဘုရင္လို ့တင္စားေခၚေ၀ၚေနၾကတဲ့ မိုဟာမက္ဆာလာဟာ ၂၀၁၇ ခုနွစ္ေႏြရာသီေလာက္ထဲက လီဗာပူးလ္အသင္းကိုေျပာင္းေရႊ ့လာၿပီးေနာက္ပိုင္း သြင္းဂိုးေတြအေျမာက္အျမားသြင္းယူနိုင္ခဲ့တာပဲျဖစ္ပါတယ္။သူ ့ရဲ့ပထမရာသီမွာ ပရီးမီးယားလိပ္သြင္းဂိုး ၃၄ဂိုးထိသြင္းယူနိုင္ခဲ့တဲ့ ဆာလာဟာ ဒီရာသီမွာလည္း သြင္းဂိုး၁၆ဂိုးျဖင့္ သူ ့ရဲ ့ေျခစြမ္းေပၚသံသယမ်က္လံုးေတြကို ေဖာက္ထုတ္ခဲ့ၿပီးသားျဖစ္ပါတယ္။
သို ့ေသာ္လည္း တြစ္တာအသံုးျပဳတဲ့ပရိတ္သတ္ေတြကေတာ့ ဆာလာရဲ ့အားနည္းခ်က္ကိုရွာေဖြေတြ ့ရိွခဲ့ပါတယ္။မေန ့ညက ၀က္စ္ဟမ္းအသင္းကို သေရက်ခဲ့တဲ့ပြဲရဲ ့အဖြင့္မိနစ္ပိုင္းမွာ ဘယ္ဘက္ေထာင့္ကန္ေဘာေနရာကေနအသင္းေဖာ္ေတြအတြက္ေထာင့္ကန္ေဘာကိုတာ၀န္ယူကန္သြင္းတဲ့အခ်ိန္မွာေတာ့ ေတာ္ေတာ္ေလးအားနည္းခဲ့တာေတြ ့ရၿပီး ေဒးဗစ္ဘက္ခမ္းရဲ ့ဖရီးကစ္ကန္သြင္းတဲ့ပံုစံလို ကန္တင္ေပးခဲ့သလိုမ်ိဳးျဖစ္ေနတယ္လို ့ပရိတ္သတ္ေတြကေ၀ဖန္ေနၾကတာပဲျဖစ္ပါတယ္။
ဆာလာဟာ open play ကေနအသင္းေဖာ္ေတြသြင္းဂိုးေတြအေျမာက္အျမားဖန္တီးေပးထားတာမွန္ေသာ္လည္းသူဟာ Set Peice ကန္တဲ့ေနရာထူးခၽြန္တဲ့ကစားသမားမဟုတ္တာေတာ့ေသခ်ာပါတယ္။
ကမာၻ ့အေကာင္းဆံုးကစားသမားျဖစ္တဲ့လီယြန္နယ္မက္ဆီေတာင္ ပယ္နယ္တီကန္သြင္းတဲ့ေနရာမွာအားနည္းခ်က္တစ္ခ်ိဳ ့ေၾကာင့္ေ၀ဖန္မႈေတြရိွေနတာဟာ ကမာၻ ့အေကာင္းဆံုးေတြလည္းလူသားတစ္ေယာက္ဆိုတာသက္ေသျပေနတာပဲျဖစ္ပါတယ္။
တြစ္တာေပၚကပရိတ္သတ္ေတြကေတာ့ ဆာလာဟာ ပရီးမီးယားလိပ္မွာအေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ေသာ္လည္း ေထာင့္ကန္ေဘာေတာ့ ေနာက္ထပ္မကန္ေစဖို ့ေတာင္းဆိုေနၾကတာပဲျဖစ္ပါတယ္။
(Unicode)
၀က်စ်ဟမ်းနဲ့ပွဲမှာဆာလာရဲ့အားနည်းချက်ကိုပရိတ်သတ်တွေသတိထားမိခဲ့တာဘာဖြစ်မလဲ?
အီဂျစ်ဘုရင်လို့တင်စားခေါ်ဝေါ်နေကြတဲ့ မိုဟာမက်ဆာလာဟာ ၂၀၁၇ ခုနှစ်နွေရာသီလောက်ထဲက လီဗာပူးလ်အသင်းကိုပြောင်းရွှေ့လာပြီးနောက်ပိုင်း သွင်းဂိုးတွေအမြောက်အမြားသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ပထမရာသီမှာ ပရီးမီးယားလိပ်သွင်းဂိုး ၃၄ဂိုးထိသွင်းယူနိုင်ခဲ့တဲ့ ဆာလာဟာ ဒီရာသီမှာလည်း သွင်းဂိုး၁၆ဂိုးဖြင့် သူ့ရဲ့ခြေစွမ်းပေါ်သံသယမျက်လုံးတွေကို ဖောက်ထုတ်ခဲ့ပြီးသားဖြစ်ပါတယ်။
သို့သော်လည်း တွစ်တာအသုံးပြုတဲ့ပရိတ်သတ်တွေကတော့ ဆာလာရဲ့အားနည်းချက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။မနေ့ညက ဝက်စ်ဟမ်းအသင်းကို သရေကျခဲ့တဲ့ပွဲရဲ့အဖွင့်မိနစ်ပိုင်းမှာ ဘယ်ဘက်ထောင့်ကန်ဘောနေရာကနေအသင်းဖော်တွေအတွက်ထောင့်ကန်ဘောကိုတာဝန်ယူကန်သွင်းတဲ့အချိန်မှာတော့ တော်တော်လေးအားနည်းခဲ့တာတွေ့ရပြီး ဒေးဗစ်ဘက်ခမ်းရဲ့ဖရီးကစ်ကန်သွင်းတဲ့ပုံစံလို ကန်တင်ပေးခဲ့သလိုမျိုးဖြစ်နေတယ်လို့ပရိတ်သတ်တွေကဝေဖန်နေကြတာပဲဖြစ်ပါတယ်။
ဆာလာဟာ open play ကနေအသင်းဖော်တွေသွင်းဂိုးတွေအမြောက်အမြားဖန်တီးပေးထားတာမှန်သော်လည်းသူဟာ Set Peice ကန်တဲ့နေရာထူးချွန်တဲ့ကစားသမားမဟုတ်တာတော့သေချာပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့လီယွန်နယ်မက်ဆီတောင် ပယ်နယ်တီကန်သွင်းတဲ့နေရာမှာအားနည်းချက်တစ်ချို့ကြောင့်ဝေဖန်မှုတွေရှိနေတာဟာ ကမ္ဘာ့အကောင်းဆုံးတွေလည်းလူသားတစ်ယောက်ဆိုတာသက်သေပြနေတာပဲဖြစ်ပါတယ်။
တွစ်တာပေါ်ကပရိတ်သတ်တွေကတော့ ဆာလာဟာ ပရီးမီးယားလိပ်မှာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်သော်လည်း ထောင့်ကန်ဘောတော့ နောက်ထပ်မကန်စေဖို့တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။
Post a Comment