Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မာနေးရဲ့နောက်ပြန်ကန်ချက်ကို FIFA 19 ဂိမ်းနဲ့ယှဉ်ပြီးလှောင်ပြောင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း
ဆာဒီယိုမာနေးရဲ့ဘိုင်ယန်အသင်းနဲ့ပွဲမှာ သေချာပေါက်ဂိုးဝင်မယ့်အခွင့်အရေးကိုနောက်ပြန်ကန်ချက်နဲ့ကန်ပြီးလွဲချော်သွားခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကတော့ အတော်လေးလှောင်ပြောင်ခဲ့တာပဲဖြစ်ပါတယ်။အသက်၂၆နှစ်အရွယ်ဆီနီဂေါတိုက်စစ်မှူးရဲ့နောက်ပြန်ကန်ချက်ကိုယ်ဟန်အနေအထားဟာအတော်လေးမှန်ကန်ကောင်းမွန်တဲ့အနေအထားမှာရှိနေခဲ့သော်လည်း သွင်းဂိုးကတော့ဂိုးဘားတန်းပေါ်အတော်လေးထောင်တက်သွားခဲ့တာကိုတွေ့ရပါတယ်။
လီဗာပူးလ်စတားရဲ့နောက်ပြန်ကန်သွင်းချက်ဟာ ဂိုးသမားနူအာရဲ့လက်စွမ်းကိုစမ်းသပ်ဖို့ထက် ဂိုးပေါက်တောင်တည့်မတ်ခြင်းမရှိပါဘူး။
ဂျာမန်ကလပ်ရဲ့ English တွစ်တာအကောင့်ကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သတ်ပြီး ရယ်စရာအဖြစ်လှောင်ပြောင်ခဲ့ပြီး FIFA 19 ဂိမ်းမှာ ဂိုးသွင်းတာနဲ့နှိုင်းယှဉ်ပြီးလှောင်ပြောင်ခဲ့တာပဲဖြစ်ပါတယ်။
” EA ဂိမ်းကတော့ နောက်ပြန်ကန်ချက်အမှားတွေကို ပြင်နိုင်ခဲ့ပြီဖြစ်တာကြောင့်မိုက်ပါတယ်။” လို့ ဘိုင်ယန်မြူးနစ်အသင်းကအဆိုပါ ပို့စ်ကို tweetရေးသားခဲ့တာပဲဖြစ်ပါတယ်။
FIFA 19 ဂိမ်းကို တီထွင်ထားတဲ့ EA Sports ပြင်သစ်တွစ်တာအကောင့်ကတော့ ” ရပါတယ်” လို့ပြန်လည်ရေးသားခဲ့ကြောင်းတွေ့ရပါတယ်။
FIFA 19 ဂိမ်းအကြောင်းမရင်းနှီးတဲ့သူတွေအတွက်နားလည်အောင်ရှင်းပြရရင်အဆိုပါဂိမ်းမှာနောက်ပြန်ကန်ချက်နဲ့ဂိုးသွင်းယူမယ်ဆို အားအရမ်းများပြီး မာနေးကန်သွင်းသလို မိုးပေါ်ကိုအလွန်ထောင်တက်သွားလေ့ရှိတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း EA Sports က အဆိုပါ error ကိုပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း မာနေးရဲ့ကန်ချက်ကတော့ မိုးပေါ်ထောင်နေဆဲဖြစ်တယ်လို့လှောင်ပြောင်ခဲ့တာပဲဖြစ်ပါတယ်။
အန်ဖီးလ်ကွင်းမှာတွေ့ဆုံခဲ့တဲ့ ပကျော့မှာတော့ လီဗာပူးလ်အသင်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ဟာတစ်ဖက် ဂိုးမရှိသရေကျခဲ့ပြီး လီဗာပူးလ်အသင်းဟာသေချာပေါက်ဂိုးရမယ့်သွင်းဂိုးကိုလွဲချော်ခဲ့တာကြောင့် ပရိတ်သတ်တွေကတော့ အနည်းငယ်စိတ်ပျက်လျက်ရှိသော်လည်း ဒုတိယအကျော့အတွက်အခြေအနေတစ်ချို့တော့ကောင်းသွားခဲ့တာပဲဖြစ်ပါတယ်။
ကွာတားဖိုင်နယ်အဆင့်ကို လီဗာပူးလ်အသင်းတက်ရောက်သွားမလား? ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းတက်ရောက်သွားမလား?
Post a Comment