Header Ads


နည္းျပဆာရီေနရာဇီဒန္းကိုေခၚယူခြင့္ရရိွခဲ့တဲ့ခ်ဲလ္ဆီးအသင္း


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းရဲ ့လူသစ္ေခၚယူမႈပိတ္ပင္ခံထားရတဲ့အေရးဟာ အကယ္၍လက္ရိွနည္းျပဆာရီကိုသာသူတို ့ထုတ္ပယ္လိုက္ပါက နည္းျပေနရာအတြက္ဇီဒန္းကိုေခၚယူခြင့္အား ဟန္ ့တားဖို ့လံုး၀မရိွေၾကာင္းသိရပါတယ္။ခ်ဲလ္ဆီးအသင္းဟာ လူငယ္ကစားသမား ၂၉ ေယာက္ကိုေခၚယူတဲ့ေနရာမွာမသမာတဲ့နည္းနဲ ့ေခၚယူခဲ့တာေၾကာင့္ ၂ရာသီကစားသမားေခၚယူခြင့္ပိတ္ပင္ခံခဲ့ရတာျဖစ္ၿပီးေတာ့ သူတို ့အသင္းဟာလည္းအဆိုပါဆံုးျဖတ္ခ်က္ကိုအယူခံ၀င္သြားဖို ့ရိွေနပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အေတာ္အတြင္း မန္စီးတီး၊ယူနိုက္တက္နဲ ့ဘုန္းလ္ေမာက္တို ့ကို ဂိုးျပတ္ရံႈးနိမ့္ခဲ့တာေၾကာင့္ နည္းျပဆာရီလည္း ဖိအားေတြေအာက္အလံုးစံုက်ေရာက္သြားခဲ့တာျဖစ္ၿပီး လာမယ့္မန္စီးတီးနဲ ့ကရာေဘာင္ဖလားဗိုလ္လုပြဲဟာ သူ ့ရဲ ့နည္းျပရာထူးကိုအဆံုးအျဖတ္ေပးသြားဖို ့ရိွေနပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိပ္ဖလား ၃လံုးဆက္တိုက္ရယူေပးခဲ့တဲ့ နည္းျပဇီဒန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘာေနဗ်ဴးကေန ထြက္ခြာလာခဲ့ၿပီးေနာက္ ဆာရီရဲ ့ေနရာအစားထိုးဖို ့နံပါတ္၁ဦးစားေပးနည္းျပျဖစ္လာခဲ့ပါတယ္။



The Sun သတင္းစာရဲ ့အဆိုအရေတာ့  FIFA ရဲ ့ခ်ဲလ္ဆီးအသင္းအေပၚအေရးယူမႈဟာ အေနာက္လန္ဒန္မွာနည္းျပျဖစ္လာေတာ့မယ့္ ျပင္သစ္နည္းျပအတြက္တစ္စံုတစ္ရာအဟန္ ့အတားမျဖစ္ေစေၾကာင္းဆိုထားပါတယ္။

ဒါ့အျပင္ ဇီဒန္းကလည္း အကယ္၍ခ်ဲလ္ဆီးနည္းျပျဖစ္လာပါက လာမယ့္ေႏြရာသီမွာ ေပါင္သန္း၂၀၀ သံုးဖို ့ေတာင္းဆိုထားၿပီး သူ ့ရဲ ့အသင္းေဟာင္းက အစၥကို၊နာပိုလီေနာက္ခံလူကိုလူဘယ္လီနဲ အက္လက္တယ္လက္စ္တို ့ကိုေခၚယူဖို ့ပစ္မွတ္ထားတာေၾကာင့္ ခ်ဲလ္ဆီးတို ့အယူခံ၀င္ၿပီး အေရးယူပိတ္ဆို ့မႈတစ္နွစ္ဆိုင္းငံသြားဖို ့ရိွေနေၾကာင္းသိရပါတယ္။


(Unicode)

နည်းပြဆာရီနေရာဇီဒန်းကိုခေါ်ယူခွင့်ရရှိခဲ့တဲ့ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းရဲ့လူသစ်ခေါ်ယူမှုပိတ်ပင်ခံထားရတဲ့အရေးဟာ အကယ်၍လက်ရှိနည်းပြဆာရီကိုသာသူတို့ထုတ်ပယ်လိုက်ပါက နည်းပြနေရာအတွက်ဇီဒန်းကိုခေါ်ယူခွင့်အား ဟန့်တားဖို့လုံးဝမရှိကြောင်းသိရပါတယ်။ချဲလ်ဆီးအသင်းဟာ လူငယ်ကစားသမား ၂၉ ယောက်ကိုခေါ်ယူတဲ့နေရာမှာမသမာတဲ့နည်းနဲ့ခေါ်ယူခဲ့တာကြောင့် ၂ရာသီကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီးတော့ သူတို့အသင်းဟာလည်းအဆိုပါဆုံးဖြတ်ချက်ကိုအယူခံဝင်သွားဖို့ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတော်အတွင်း မန်စီးတီး၊ယူနိုက်တက်နဲ့ဘုန်းလ်မောက်တို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆာရီလည်း ဖိအားတွေအောက်အလုံးစုံကျရောက်သွားခဲ့တာဖြစ်ပြီး လာမယ့်မန်စီးတီးနဲ့ကရာဘောင်ဖလားဗိုလ်လုပွဲဟာ သူ့ရဲ့နည်းပြရာထူးကိုအဆုံးအဖြတ်ပေးသွားဖို့ရှိနေပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိပ်ဖလား ၃လုံးဆက်တိုက်ရယူပေးခဲ့တဲ့ နည်းပြဇီဒန်းဟာ ပြီးခဲ့တဲ့နွေရာသီက ဘာနေဗျူးကနေ ထွက်ခွာလာခဲ့ပြီးနောက် ဆာရီရဲ့နေရာအစားထိုးဖို့နံပါတ်၁ဦးစားပေးနည်းပြဖြစ်လာခဲ့ပါတယ်။

The Sun သတင်းစာရဲ့အဆိုအရတော့  FIFA ရဲ့ချဲလ်ဆီးအသင်းအပေါ်အရေးယူမှုဟာ အနောက်လန်ဒန်မှာနည်းပြဖြစ်လာတော့မယ့် ပြင်သစ်နည်းပြအတွက်တစ်စုံတစ်ရာအဟန့်အတားမဖြစ်စေကြောင်းဆိုထားပါတယ်။

ဒါ့အပြင် ဇီဒန်းကလည်း အကယ်၍ချဲလ်ဆီးနည်းပြဖြစ်လာပါက လာမယ့်နွေရာသီမှာ ပေါင်သန်း၂၀၀ သုံးဖို့တောင်းဆိုထားပြီး သူ့ရဲ့အသင်းဟောင်းက အစ္စကို၊နာပိုလီနောက်ခံလူကိုလူဘယ်လီနဲ့ အက်လက်တယ်လက်စ်တို့ကိုခေါ်ယူဖို့ပစ်မှတ်ထားတာကြောင့် ချဲလ်ဆီးတို့အယူခံဝင်ပြီး အရေးယူပိတ်ဆို့မှုတစ်နှစ်ဆိုင်းငံသွားဖို့ရှိနေကြောင်းသိရပါတယ်။

No comments

Powered by Blogger.