Header Ads


ဘိုင္ယန္နဲ ့ပြဲမွာလိုအပ္ရင္ေနာက္ခံလူအျဖစ္ကစားမယ္လို ့ဆိုလိုက္တဲ့လီဗာပူးလ္ကြင္းလယ္လူဟန္ဒါဆင္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဟန္ဒါဆန္က လီဗာပူးလ္အသင္းအေနႏွင့္ အသင္းရဲ႕အားထားရတဲ့ခံစစ္သမားႀကီး ဗန္ဒိုက္ မပါဝင္ႏိုင္တဲ့အေျခအေနမွာ အေကာင္းဆံုးအေနအထားႏွင့္ ဂ်ာမန္ကလပ္ဘိုင္ယန္ျမဴးနစ္ အသင္းကိုဧည္ခံကစားႏိုင္မည့္လို႔ယံုၾကည္ေနၿပီး အကယ္၍သာ  အသင္းက သူကိုထည့္သြင္းမည့္ဆိုလ်ွင္ ခံစစ္မႉးေနရာမွာအေကာင္းဆံုးကစားေပးႏိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ဟီး႐ိုးႀကီး ဗန္ဒိုက္ ကေတာ့ အနီကဒ္ထိထားတာေၾကာင့္တစ္ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္ပါတယ္။ဟန္ဒါဆန္ကေတာ့သူရဲ႕ေနရာမွာကစားေပးဖို႔အတြက္ဆိုင္းပ်ေနပါတယ္။ေနာက္ျပသာနာတစ္ခုကေတာ့ဒဏ္ရာေၾကာင့္ကာလ႐ွည္အနားယူေနရတဲ့ ဂိုးမက္ဇ္ရဲ႕ေနရာမွာကစားေနတဲ့ ေလာဗ္ရန္ကလည္း ဒူးေကာက္ေၾကာဒဏ္ရာေၾကာင့္ ၾကံ့ခိုင္ေရးလံုေလာက္စြာမ႐ွိေနဘဲ သူေနရာမွာ မာတစ္ပ္ကို ဖာဘင္ဟိုႏွင့္အတူေနရာခ်ထားဖို္႔ နည္းျပဂ်ာဂန္ကေလာ့က စိိစဥ္ေနပါတယ္။



ဟန္ဒါဆန္က ဗန္ဒိုက္ႏွင့္ပတ္သက္ၿပီး တနလၤာေန႔က အနည္းငယ္ေျပာၾကားခဲ့ပါတယ္။"သူေသခ်ာေပါက္လြဲေခ်ာ္မွာပါ။ကြၽန္ေတာ္အထင္ေျပာရရင္မင္းတို႔ျမင္ေနတဲ့အတိုင္းပဲ ဗန္ဒိုက္ကအသင္းရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးလို႔ဆိုရင္ မမွားပါဘူး။"

"ဒါေပမယ့္ တစ္ခ်ိန္ထဲမွာပဲခံစားရတာက ကြၽန္ေတာ္ အသင္းကလံုေလာက္တဲ့ကစားသမားေတြနဲ႔ျပည့္ဝတဲ့အရည္အခ်င္း႐ွိတဲ့အသင္းပါ သူတို႔ရင္ဆိုင္ကစားဖို္႔အတြက္အမ်ားႀကီးလူ႐ွိပါတယ္။"


"ၿပီးေတာ့ေနာက္တစ္ခုက တစ္သင္းလံုး က ကြင္းလယ္လူႏွင့္ခံစစ္မႈးတို႔အေပၚပဲမွီခိုေနတာမဟုတ္ပါဘူး။တစ္သင္းလံုးတက္တစ္သင္းလံုးဆင္း ေနာက္တန္းကိုေကာင္းေကာင္းကာကြယ္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔အားလံုးတူတူလုပ္ႏိုင္ပါတယ္။ဒါေၾကာင့္ဒီမွာဘယ္သူုုပဲကစားကစား ေသခ်ာေပါက္က အသင္းအတြက္ဘာလိုလဲဘာေမွ်ာ္လင္လဲဆိုတာသူတို႔သိပါလိမ့္မယ္"



အဂၤလန္ကြင္းလယ္ကစားသမားႀကီး ဟန္ဒါဆန္က ဇန္နဝါရီ ၃၀ရက္ေန႔ကယွဥ္ၿပိဳင္ကစားခဲ့တဲ့လက္စတာအသင္းႏွင့္ပြဲစဥ္မွာ ညာေနာက္ခံလူအေနႏွင့္ကစားေပးခဲ့ၿပီး လက္႐ွိမွာလည္းဗန္ဒိုက္ရဲ႕ေနရာမွာအသင္းကသာ လုပ္ေစခ်င္လ်ွင္ကစားေပးဖို့အသင့္႐ွိတယ္လို႔ယံုၾကည့္မႈျပည့္ဝစြာဆိုလိုက္ပါတယ္။

"ကြၽန္ေတာ္ နည္းျပနဲ႔ ခံစစ္မႉးေနရာႏွင့္ပတ္သက္ၿပီး စကားေျပာျဖစ္ခဲ့တယ္။ဒီေနရာမွာကြၽန္ေတာ္ကစားလို႔ရမလားလို႔ေမးေတာ့ သူက မင္းဒီေနရာမွာကစားဖို႔ယံူၾကည္မႈအျပည့္အဝ႐ွိလားလို႔ျပန္ေမးေတာ့ ကြၽန္ေတာ္က ေသခ်ာတာေပါ့အျပည့္အဝ႐ွိတယ္လို႔ ေျဖလိုက္တယ္"

"ခံစစ္မႉးေနရာပဲျဖစ္ျဖစ္ ညာေနာက္ခံလူပဲျဖစ္ျဖစ္ ဘယ္ေနရာမွာျဖစ္ျဖစ္ အသင္းကအလို႐ွိတယ္ဆိုရင္ကစားဖို႔အသင့္ပါပဲ ကြၽန္ေတာ္ေဘာလံုးကစားဖို႔အဆင့္သင္ပါပဲဲၿပီးေတာ့အသင္းအတြက္အရာရာေပးဆပ္ခ်င္ပါတယ္။"


လီဗာပူးလ္အသင္းဟာလက္႐ွိပရီးမီးယားလိဂ္ဇယားမွာ ဒုတိယ ေနရာမွာ ဂိုးကြာျခားခ်က္အရ မန္စီးတီးအသင္းေအာက္မွာ႐ွိေနၿပီး ၿပီးခဲ့တဲ့ခ်နိပီယံလိဂ္ဗိုလ္လုပြဲမွာလည္း ရီးရဲလ္မက္ဒရစ္ အသင္းကိုအေရးနိမ့္ကာ ခ်န္ပီယံဆုႏွင့္လြဲေခ်ာ္သြားခဲ့ပါတယ္။ဘိုင္ယန္ျမဴးနစ္အသင္းကမူ ဆီမီးဖိုင္နယ္ ကေနထြက္ခြာခဲ့ရပါတယ္။

(Unicode)

ဘိုင်ယန်နဲ့ပွဲမှာလိုအပ်ရင်နောက်ခံလူအဖြစ်ကစားမယ်လို့ဆိုလိုက်တဲ့လီဗာပူးလ်ကွင်းလယ်လူဟန်ဒါဆင်

ဟန်ဒါဆန်က လီဗာပူးလ်အသင်းအနေနှင့် အသင်းရဲ့အားထားရတဲ့ခံစစ်သမားကြီး ဗန်ဒိုက် မပါဝင်နိုင်တဲ့အခြေအနေမှာ အကောင်းဆုံးအနေအထားနှင့် ဂျာမန်ကလပ်ဘိုင်ယန်မြူးနစ် အသင်းကိုဧည်ခံကစားနိုင်မည့်လို့ယုံကြည်နေပြီး အကယ်၍သာ  အသင်းက သူကိုထည့်သွင်းမည့်ဆိုလျှင် ခံစစ်မှူးနေရာမှာအကောင်းဆုံးကစားပေးနိုင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဟီးရိုးကြီး ဗန်ဒိုက် ကတော့ အနီကဒ်ထိထားတာကြောင့်တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ဟန်ဒါဆန်ကတော့သူရဲ့နေရာမှာကစားပေးဖို့အတွက်ဆိုင်းပျနေပါတယ်။နောက်ပြသာနာတစ်ခုကတော့ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရတဲ့ ဂိုးမက်ဇ်ရဲ့နေရာမှာကစားနေတဲ့ လောဗ်ရန်ကလည်း ဒူးကောက်ကြောဒဏ်ရာကြောင့် ကြံ့ခိုင်ရေးလုံလောက်စွာမရှိနေဘဲ သူနေရာမှာ မာတစ်ပ်ကို ဖာဘင်ဟိုနှင့်အတူနေရာချထားဖို့် နည်းပြဂျာဂန်ကလော့က စိစဉ်နေပါတယ်။

ဟန်ဒါဆန်က ဗန်ဒိုက်နှင့်ပတ်သက်ပြီး တနင်္လာနေ့က အနည်းငယ်ပြောကြားခဲ့ပါတယ်။"သူသေချာပေါက်လွဲချော်မှာပါ။ကျွန်တော်အထင်ပြောရရင်မင်းတို့မြင်နေတဲ့အတိုင်းပဲ ဗန်ဒိုက်ကအသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးလို့ဆိုရင် မမှားပါဘူး။"

"ဒါပေမယ့် တစ်ချိန်ထဲမှာပဲခံစားရတာက ကျွန်တော် အသင်းကလုံလောက်တဲ့ကစားသမားတွေနဲ့ပြည့်ဝတဲ့အရည်အချင်းရှိတဲ့အသင်းပါ သူတို့ရင်ဆိုင်ကစားဖို့်အတွက်အများကြီးလူရှိပါတယ်။"


"ပြီးတော့နောက်တစ်ခုက တစ်သင်းလုံး က ကွင်းလယ်လူနှင့်ခံစစ်မှုးတို့အပေါ်ပဲမှီခိုနေတာမဟုတ်ပါဘူး။တစ်သင်းလုံးတက်တစ်သင်းလုံးဆင်း နောက်တန်းကိုကောင်းကောင်းကာကွယ်နိုင်ပါတယ်။ကျွန်တော်တို့အားလုံးတူတူလုပ်နိုင်ပါတယ်။ဒါကြောင့်ဒီမှာဘယ်သူုပဲကစားကစား သေချာပေါက်က အသင်းအတွက်ဘာလိုလဲဘာမျှော်လင်လဲဆိုတာသူတို့သိပါလိမ့်မယ်"


အင်္ဂလန်ကွင်းလယ်ကစားသမားကြီး ဟန်ဒါဆန်က ဇန်နဝါရီ ၃၀ရက်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့လက်စတာအသင်းနှင့်ပွဲစဉ်မှာ ညာနောက်ခံလူအနေနှင့်ကစားပေးခဲ့ပြီး လက်ရှိမှာလည်းဗန်ဒိုက်ရဲ့နေရာမှာအသင်းကသာ လုပ်စေချင်လျှင်ကစားပေးဖို့အသင့်ရှိတယ်လို့ယုံကြည့်မှုပြည့်ဝစွာဆိုလိုက်ပါတယ်။

"ကျွန်တော် နည်းပြနဲ့ ခံစစ်မှူးနေရာနှင့်ပတ်သက်ပြီး စကားပြောဖြစ်ခဲ့တယ်။ဒီနေရာမှာကျွန်တော်ကစားလို့ရမလားလို့မေးတော့ သူက မင်းဒီနေရာမှာကစားဖို့ယူံကြည်မှုအပြည့်အဝရှိလားလို့ပြန်မေးတော့ ကျွန်တော်က သေချာတာပေါ့အပြည့်အဝရှိတယ်လို့ ဖြေလိုက်တယ်"

"ခံစစ်မှူးနေရာပဲဖြစ်ဖြစ် ညာနောက်ခံလူပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် အသင်းကအလိုရှိတယ်ဆိုရင်ကစားဖို့အသင့်ပါပဲ ကျွန်တော်ဘောလုံးကစားဖို့အဆင့်သင်ပါပဲပြီးတော့အသင်းအတွက်အရာရာပေးဆပ်ချင်ပါတယ်။"

လီဗာပူးလ်အသင်းဟာလက်ရှိပရီးမီးယားလိဂ်ဇယားမှာ ဒုတိယ နေရာမှာ ဂိုးကွာခြားချက်အရ မန်စီးတီးအသင်းအောက်မှာရှိနေပြီး ပြီးခဲ့တဲ့ချနိပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ရီးရဲလ်မက်ဒရစ် အသင်းကိုအရေးနိမ့်ကာ ချန်ပီယံဆုနှင့်လွဲချော်သွားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကမူ ဆီမီးဖိုင်နယ် ကနေထွက်ခွာခဲ့ရပါတယ်။

No comments

Powered by Blogger.