Header Ads


ၿဗိတိန္ေဘာလံုးေလာကထိပ္တိုက္ၿပိဳင္ဆိုင္မႈအျပင္းထန္ဆံုးျပိဳင္ဘက္ေတြအျဖစ္ယူနိုက္တက္ vs လီဗာပူးလ္တို ့မဲေပးခံရ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မန္ခ်က္စတာယူနိုက္တက္ vs လီဗာပူးလ္တုိ ့ဟာ ၿဗိတိန္ေဘာလံုးေလာကအၾကီးမားဆံုးေသာမဟာၿပိဳင္ဘက္ေတြအျဖစ္မဲေပးေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။Sportbible က တြစ္တာစာမ်က္နွာေပၚကေန မဲေပးေရြးခ်ယ္ဖို စစ္တမ္းေကာက္ယူျခင္းျပဳလုပ္ခဲ့ရာ ၿဗိတိန္ေဘာလံုးေလာကထင္ရွားေက်ာ္ၾကားတဲ့ၿပိဳင္ဘက္ပြဲစဥ္ေတြအျဖစ္ ဆဲလ္တစ္ vs ရိန္းဂ်ား၊ မန္ခ်က္စတာယူနိုက္တက္ vs လီဗာပူးလ္၊ နယူးကာဆယ္ vs ဆန္းဒါးလန္း၊ ေတာ့တင္ဟမ္ vs အာဆင္နယ္တို ့ကို မဟာၿပိဳင္ဘက္ေတြအျဖစ္သတ္မွတ္ခဲ့တာပဲျဖစ္ပါတယ္။


အသံုးျပဳသူ 41,126 ေယာက္ရဲ ့မဲေပးေရြးခ်ယ္မႈအေနနဲ ့ေတာ့ မန္ခ်က္စတာယူနိုက္တက္ vs လီဗာပူးလ္ တို ့ဟာ မဲေပးရာခိုင္နႈန္း ၄၇ ျဖင့္ ထိပ္ဆံုးကေနရိွေနၿပီးဒုတိယေနရမွာ စေကာ့တလန္ၿပိဳင္ဘက္အၾကီးစားေတြကရိွေနပါတယ္။တတိယေနရာမွာေတာ့ လန္ဒန္ဒါဘီပြဲျဖစ္တဲ့ ေတာ့တင္ဟမ္ vs အာဆင္နယ္ တို ့က ၁၂ %နဲ ့ရိွေနၿပီး နယူးကာဆယ္ vs ဆန္းဒါးလန္းတို ့က % ျဖင့္အသီးသီးရပ္တည္ေနပါတယ္။

မဟာၿပိဳင္ဘက္ၾကီး၂ေယာက္ျဖစ္တဲ့ မန္ယူနိုက္တက္နဲ ့လီဗာပူးလ္တို ့ေတြ ့ဆံုယွဥ္ၿပိဳင္ၾကတဲ့အခါသမယမွာေတာ့ အမွတ္ရစရာျဖစ္ရပ္တစ္ခ်ိဳ ့ရိွေနခဲ့ပါတယ္။



အိုထရက္ဖို ့ဒ္မွာဂိုးသြင္းၿပီး ကင္မရာနမ္းျပခဲ့တဲ့ စတီဗင္ဂ်ာရတ္ရဲ ့ျဖစ္ရပ္ကေန ဖာနန္ဒိုေတာရက္စ္ရဲ ့ေနာက္ခံလူဗီဒစ္ကို အရွက္တကြဲျဖစ္သြားေစေအာင္ေက်ာ္ျဖတ္ျပခဲ့တာေတြ၊ဒီေရဂိုေဖာ္လန္ရဲ ့အန္ဖီးလ္ကြင္းက ေအာင္ပြဲခံပံုေတြနဲ ့ဂယ္ရီနယ္ဗီးရဲ ့ၿပိဳင္ဘက္လီဗာပူးလ္ပရိတ္သတ္ေတြေရွ ့အလြန္အကၽြံေအာင္ပြဲခံခဲ့ပံုေတြအဆံုး အျခားျဖစ္ရပ္ေတြအမ်ားၾကီးအမ်ားၾကီး ရိွေနခဲ့တာပဲျဖစ္ပါတယ္။



လာမယ့္တနဂၤေႏြေန ့မွာ ယူနိုက္တက္နဲ ့လီဗာပူးလ္တို ့ဟာအိုထရက္ဖို ့ဒ္မွာ ျပန္လည္ဆံုေတြ ့ၾကမွာျဖစ္ၿပီး နည္းျပသစ္ဆိုးလ္ရွားလက္ထက္အသစ္တစ္ဖန္ျပန္လည္ေမြးဖြားလာတဲ့ သရဲနီတို ့ဟာ ဂ်ာကန္ကေလာ့ရဲ ့အသင္းကိုဧည့္ခံကစားရမွာပဲျဖစ္ပါတယ္။

ဒီလိပ္ပြဲေတြ ့ဆံုမႈမတိုင္ခင္မွာေတာ့ ေပါလ္စခိုးလ္က ယူနိုက္တက္နဲ ့လီဗာပူးလ္တို ့ဟာ အဂၤလိပ္ေဘာလံုးေလာကမွာ မဟာၿပိဳင္ဘက္ေတြျဖစ္ၾကတယ္လို ့ဆိုလိုက္ပါတယ္။


လက္ရွိ အခ်ိန္မွာ မန္စီးတီးက အဓိက ၿပိဳင္ဘက္ ျဖစ္ေနေပမယ့္ လာမယ့္ လီဗာပူးလ္ အသင္း နဲ႔ ပြဲစဥ္ကို ဂရုစုိက္ၿပီး ယွဥ္ၿပိဳင္ရပါမယ္။ လီဗာပူးအသင္းဟာ လြန္ခဲ႔ တဲ့ႏွစ္ေတြ တုန္းကေလာက္ ေအာင္ျမင္မႈေတြ မရရွိေတာ့ ဘူးဆုိတာ သိထားေပမယ့္ ကြ်န္ေတာ္တုိ႔ အတြက္ သမိုင္းတေလွ်ာက္ အႀကီးဆုံး ၿပိဳင္ဘက္ ျဖစ္ခဲ႔ၿပီး သူတို ႔အသင္းနဲ႔ ယွဥ္ၿပိဳင္ ရတဲ႔ ပြဲစဥ္မ်ားဟာ အေကာင္းဆုံးပြဲေတြ ျဖစ္ခဲ႔ပါတယ္။”  



(Unicode)



ဗြိတိန်ဘောလုံးလောကထိပ်တိုက်ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်တွေအဖြစ်ယူနိုက်တက် vs လီဗာပူးလ်တို့မဲပေးခံရ

မန်ချက်စတာယူနိုက်တက် vs လီဗာပူးလ်တို့ဟာ ဗြိတိန်ဘောလုံးလောကအကြီးမားဆုံးသောမဟာပြိုင်ဘက်တွေအဖြစ်မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။Sportbible က တွစ်တာစာမျက်နှာပေါ်ကနေ မဲပေးရွေးချယ်ဖို့ စစ်တမ်းကောက်ယူခြင်းပြုလုပ်ခဲ့ရာ ဗြိတိန်ဘောလုံးလောကထင်ရှားကျော်ကြားတဲ့ပြိုင်ဘက်ပွဲစဉ်တွေအဖြစ် ဆဲလ်တစ် vs ရိန်းဂျား၊ မန်ချက်စတာယူနိုက်တက် vs လီဗာပူးလ်၊ နယူးကာဆယ် vs ဆန်းဒါးလန်း၊ တော့တင်ဟမ် vs အာဆင်နယ်တို့ကို မဟာပြိုင်ဘက်တွေအဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

အသုံးပြုသူ 41,126 ယောက်ရဲ့မဲပေးရွေးချယ်မှုအနေနဲ့တော့ မန်ချက်စတာယူနိုက်တက် vs လီဗာပူးလ် တို့ဟာ မဲပေးရာခိုင်နှုန်း ၄၇ ဖြင့် ထိပ်ဆုံးကနေရှိနေပြီးဒုတိယနေရမှာ စကော့တလန်ပြိုင်ဘက်အကြီးစားတွေကရှိနေပါတယ်။တတိယနေရာမှာတော့ လန်ဒန်ဒါဘီပွဲဖြစ်တဲ့ တော့တင်ဟမ် vs အာဆင်နယ် တို့က ၁၂ %နဲ့ရှိနေပြီး နယူးကာဆယ် vs ဆန်းဒါးလန်းတို့က ၇% ဖြင့်အသီးသီးရပ်တည်နေပါတယ်။

မဟာပြိုင်ဘက်ကြီး၂ယောက်ဖြစ်တဲ့ မန်ယူနိုက်တက်နဲ့လီဗာပူးလ်တို့တွေ့ဆုံယှဉ်ပြိုင်ကြတဲ့အခါသမယမှာတော့ အမှတ်ရစရာဖြစ်ရပ်တစ်ချို့ရှိနေခဲ့ပါတယ်။

အိုထရက်ဖို့ဒ်မှာဂိုးသွင်းပြီး ကင်မရာနမ်းပြခဲ့တဲ့ စတီဗင်ဂျာရတ်ရဲ့ဖြစ်ရပ်ကနေ ဖာနန်ဒိုတောရက်စ်ရဲ့နောက်ခံလူဗီဒစ်ကို အရှက်တကွဲဖြစ်သွားစေအောင်ကျော်ဖြတ်ပြခဲ့တာတွေ၊ဒီရေဂိုဖော်လန်ရဲ့အန်ဖီးလ်ကွင်းက အောင်ပွဲခံပုံတွေနဲ့ဂယ်ရီနယ်ဗီးရဲ့ပြိုင်ဘက်လီဗာပူးလ်ပရိတ်သတ်တွေရှေ့အလွန်အကျွံအောင်ပွဲခံခဲ့ပုံတွေအဆုံး အခြားဖြစ်ရပ်တွေအများကြီးအများကြီး ရှိနေခဲ့တာပဲဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့လီဗာပူးလ်တို့ဟာအိုထရက်ဖို့ဒ်မှာ ပြန်လည်ဆုံတွေ့ကြမှာဖြစ်ပြီး နည်းပြသစ်ဆိုးလ်ရှားလက်ထက်အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာတဲ့ သရဲနီတို့ဟာ ဂျာကန်ကလော့ရဲ့အသင်းကိုဧည့်ခံကစားရမှာပဲဖြစ်ပါတယ်။

ဒီလိပ်ပွဲတွေ့ဆုံမှုမတိုင်ခင်မှာတော့ ပေါလ်စခိုးလ်က ယူနိုက်တက်နဲ့လီဗာပူးလ်တို့ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ မဟာပြိုင်ဘက်တွေဖြစ်ကြတယ်လို့ဆိုလိုက်ပါတယ်။

“လက်ရှိ အချိန်မှာ မန်စီးတီးက အဓိက ပြိုင်ဘက် ဖြစ်နေပေမယ့် လာမယ့် လီဗာပူးလ် အသင်း နဲ့ ပွဲစဉ်ကို ဂရုစိုက်ပြီး ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးအသင်းဟာ လွန်ခဲ့ တဲ့နှစ်တွေ တုန်းကလောက် အောင်မြင်မှုတွေ မရရှိတော့ ဘူးဆိုတာ သိထားပေမယ့် ကျွန်တော်တို့ အတွက် သမိုင်းတလျှောက် အကြီးဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပြီး သူတို့အသင်းနဲ့ ယှဉ်ပြိုင် ရတဲ့ ပွဲစဉ်များဟာ အကောင်းဆုံးပွဲတွေ ဖြစ်ခဲ့ပါတယ်။”  


No comments

Powered by Blogger.