Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
သေဆုံးသွားပြီဖြစ်တဲ့ဆာလာရဲ့ပြောင်းရွှေ့ကြေးကိုကာဒစ်ဖ်အသင်းဆီတောင်းလိုက်တဲ့နန့်တ်စ်အသင်း
နန့်တ်အသင်းဟာ သူတို့ရဲ့ကစားသမား အီမီလီယန်နိုဆာလာရဲ့အပြောင်းအရွှေ့ကြေးကို ပေးဖို့ကာဒစ်ဖ်အသင်းဆီတောင်းဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။တိုက်စစ်မှူးဆာလာဟာ ပရီးမီးယားလိပ်ကလပ်ကာဒစ်ဖ်အသင်းဆီပြောင်းရွှေ့ဖို့ပေါင်၁၅သန်းဖြင့်သဘောတူညီခဲ့တာဖြစ်ပြီး အသင်းသစ်ကာဒစ်ဖ်ဆီသွားရောက်ပူးပေါင်းဖို့လေယာဉ်ပျံဖြင့်သွားနေစဉ်လမ်းခုလတ်တစ်နေရာအင်္ဂလန်ရေလက်ကြာမှာ ရေဒါအဆက်အသွယ်ပျက်သွားပြီး ပြီးခဲ့တဲ့ဇန်နဝါရီ ၂၁ရက်နေ့မှာပျက်ကျခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါဆာလာရဲ့အပြောင်းအရွှေ့ကြေးဟာ BBC ရဲ့အဆိုအရတော့ အရစ်ကျပေးချေသွားမယ့် ပမဏလို့သိရပြီး ပြင်သစ်ကလပ်က ပေးချေရမယ့်ငွေပမဏအားလုံးကိုအလိုရှိနေကြောင်းသိရပါတယ်။ဆာလာဟာ ကာဒစ်ဖ်အသင်းရဲ့စံချိန်တင်အပြောင်းအရွှေ့စရိတ်ဖြင့်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး စာရွက်စာတမ်းအချက်အလက်မပြည့်စုံသေးတာကြောင့် ပထမအကြိမ်ပေးချေရမယ့် ငွေပမာဏကို ကာဒစ်ဖ်အသင်းကမပေးဖို့ဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်။
လာမယ့်၁၀ရက်အတွင်းသာ ဆာလာနဲ့ပတ်သတ်ပြီး ငွေပမဏအချို့မရပါက နန့်တ်စ်အသင်းက တရားမလမ်းကြောင်းနဲ့ချိန်းခြောက်သွာူဖို့ရှီနေပါတယ်။ကာဒစ်ဖ်အသင်းရဲ့အတွင်းသတင်းအရတော့ ကာဒစ်ဖ်အသင်းဟာ ဆာလာနဲ့ပတ်သတ်ပြီးသတင်းအချက်အလက်မပြည့်စုံသေးတာကြောင့် စာချုပ်ပါငွေတွေကိုပေးချေဖို့ရပ်တန့်ထားတာပဲဖြစ်တယ်လို့သိရပါတယ်။
ပျောက်ဆုံးနေတဲ့ လေယာဉ်ပျံကို ဒီလဖေဖေါ်ဝါရီမှာတွေ့ရှိခဲ့ကြပြီး ထက်ပိုင်းကျိုးနေတဲ့ ယာဉ်ကိုယ်ထည်အတွင်း ဆာလာနဲ့လေယာဉ်မှူးတို့ရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိဖို့ကယ်ဆယ်ရေးသမားတွေဟာကြိုးစားကာ ရယူသယ်ဆောင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ဆာလာရဲ့ ဖြစ်ရပ်ဟာကမ္ဘာ့ဘောလုံးလောကကိုအတော်လေးတုန်လှုပ်စေခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ဆာလာကို ရှာဖွေရေးအတွက် ဘောလုံးအကျော်အမော်တော်တော်များများက အလှူငွေပေးမတည်ပြီး ရှာဖွေစေခဲ့တာပဲဖြစ်ပါတယ်။
Post a Comment