Header Ads


ခ်ယ္ဆီးနဲ႔ပြဲအျပီး ေခါင္းေဆာင္မႈအရည္အေသြးကိုထုတ္ျပခဲ့တဲ့အန္ဒါဟာရဲရား

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်ယ္ဆီးကိုအနိုင္ရခဲ့တဲ့FAဖလားပဥၥမအဆင့္ပြဲစဥ္အျပီး ဆန္းခ်က္အေပၚျပသခဲ့တဲ့အျပဳအမူေျကာင့္ ဟာရဲရားကို ယူနိုက္တက္ရဲ႕အနာဂတ္အသင္းေခါင္းေဆာင္အျဖစ္ပရိတ္သတ္ေတြရႈျမင္ေနျကပါျပီ။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေနာက္ပိုင္းနွစ္ေတြမွာ စတမ္းဖို႔ဒ္ဘရစ္ကြင္းအတြင္းရလဒ္ဆိုးခဲ့ရေပမယ့္ ဒီေန႔ပြဲအျပီးမွာေတာ့ ေခါင္းေမာ့၊ရင္ေကာ့ျပီး ကြင္းထဲကထြက္လာနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဟာရဲရားရဲ႕ အေျကာင္းက အဲ့ဒါထက္ေတာင္ေျပာစရာျဖစ္ခဲ့ပါတယ္။

ဒီစပိန္သားဟာ ပြဲတစ္ခုလံုးကို ထိန္းေက်ာင္းခဲ့ရံုမက ဟာဇက္ကိုပါလႈပ္မရေအာင္လုပ္ထားခဲ့တာပါ။ဟာရဲရားကေတာ့ဆိုးရွားရဲ႕လက္ေအာက္မွာ  အတိုးတက္ဆံုးကစားသမားေတြထဲကတစ္ေယာက္ပါပဲ။သူ႔အေနနဲ႔ယူနိုက္တက္ကစားသမားဘဝတစ္ေလ်ွာက္အေကာင္းဆံုးအခိုက္အတန္႔ကို ျဖတ္သန္းေနတယ္လို႔ဆိုရမွာျဖစ္ျပီး ဆိုးရွားရဲ႕ယံုျကည္မႈကို အျပည့္အဝ႐ွိထားပါတယ္။ခ်ယ္ဆီးနဲ႔ပြဲမွာလည္း ေပါ့ဘာရဲ႕အကြက္ျမင္တဲ့ဖန္တီးမႈကေန အဖြင့္ဂိုးသြင္းယူေပးခဲ့ရံုမက Man of the matchပါရရွိခဲ့ပါတယ္။


ဒါ့အျပင္ ပြဲအျပီးမွာ ဆန္းခ်က္ကို ခ်ီးက်ဴးအားေပးေနဟန္ကို ယူနိုက္တက္ပရိတ္သတ္ေတြ အျကီးအက်ယ္သေဘာက်ခဲ့ပါတယ္။ခ်ယ္ဆီးနဲ႔ပြဲအျပီးဟာရဲရားက''လူစားဝင္လာတဲ့ ဆန္းခ်က္,ပါရဲရား,တြန္မီေနးတို႔အားလံုးျကိုးစားခဲတယ္လို႔က်ေနာ္ေျပာခ်င္ပါတယ္။ဆန္းခ်က္ဟာဆိုရင္လည္း ကမာၻ ့အဆင့္ကစားသမားတစ္ေယာက္ဆိုတာသံသယျဖစ္စရာမရွိပဲ ကြင္းထဲေရာက္တာနဲ႔ အျပင္းအထန္ျကိဳးစားေတာ့တာပါပဲ''လို႔ေျပာသြားခဲ့ပါတယ္။



ဆန္းခ်က္ကေတာ့ ဆိုးရွားလက္ေအာက္မွာ ေထြေထြထူးထူးမတိုးတက္လာတဲ့ကစားသမားတစ္ေယာက္အျဖစ္ ပရိတ္သတ္ေတြရဲ႕ေဝဖန္ျခင္းကိုခံေနရပါတယ္။အခုလည္း လင္ဂတ္,မာရွယ္တို႔ဒဏ္ရာရေနခ်ိန္မွာေတာင္ ပြဲထြက္စာရင္းမွာပါမလာခဲ့ပဲဒုတိယပိုင္းမွသာ လူကာကူေနရာ အစားဝင္ခြင့္ရခဲ့တာပါ။ဆန္းခ်က္တစ္ေယာက္ ဒီပြဲမွာေတာ့ တန္ျပန္တိုက္စစ္ေတြစတင္နိုင္ဖို႔ အားထုတ္သြားခဲ့ျပီး ကစားခြင့္ရတဲ့မိနစ္အနည္းငယ္မွာ အေကာင္းဆံုးျကိဳးစားခဲ့ပါတယ္။ဘာပဲျဖစ္ျဖစ္ဟာရဲရားကေတာ့ ကြင္းတြင္းကြင္းျပင္ပံုစံေကာင္းေတြေျကာင့္ ခ်ီးက်ဴးခံေနရျပီး မန္ခ်က္စတာယူနိုက္တက္ပရိတ္သတ္ေတြကလည္း သူ႔ကို အနာဂတ္အသင္းေခါင္းေဆာင္အျဖစ္ျမင္ေယာင္ေနျကပါျပီ။

(Unicode)

ချယ်ဆီးနဲ့ပွဲအပြီး ခေါင်းဆောင်မှုအရည်အသွေးကိုထုတ်ပြခဲ့တဲ့အန်ဒါဟာရဲရား

ချယ်ဆီးကိုအနိုင်ရခဲ့တဲ့FAဖလားပဉ္စမအဆင့်ပွဲစဉ်အပြီး ဆန်းချက်အပေါ်ပြသခဲ့တဲ့အပြုအမူကြောင့် ဟာရဲရားကို ယူနိုက်တက်ရဲ့အနာဂတ်အသင်းခေါင်းဆောင်အဖြစ်ပရိတ်သတ်တွေရှုမြင်နေကြပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ စတမ်းဖို့ဒ်ဘရစ်ကွင်းအတွင်းရလဒ်ဆိုးခဲ့ရပေမယ့် ဒီနေ့ပွဲအပြီးမှာတော့ ခေါင်းမော့၊ရင်ကော့ပြီး ကွင်းထဲကထွက်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာရဲရားရဲ့ အကြောင်းက အဲ့ဒါထက်တောင်ပြောစရာဖြစ်ခဲ့ပါတယ်။

ဒီစပိန်သားဟာ ပွဲတစ်ခုလုံးကို ထိန်းကျောင်းခဲ့ရုံမက ဟာဇက်ကိုပါလှုပ်မရအောင်လုပ်ထားခဲ့တာပါ။ဟာရဲရားကတော့ဆိုးရှားရဲ့လက်အောက်မှာ  အတိုးတက်ဆုံးကစားသမားတွေထဲကတစ်ယောက်ပါပဲ။သူ့အနေနဲ့ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးအခိုက်အတန့်ကို ဖြတ်သန်းနေတယ်လို့ဆိုရမှာဖြစ်ပြီး ဆိုးရှားရဲ့ယုံကြည်မှုကို အပြည့်အဝရှိထားပါတယ်။ချယ်ဆီးနဲ့ပွဲမှာလည်း ပေါ့ဘာရဲ့အကွက်မြင်တဲ့ဖန်တီးမှုကနေ အဖွင့်ဂိုးသွင်းယူပေးခဲ့ရုံမက Man of the matchပါရရှိခဲ့ပါတယ်။

ဒါ့အပြင် ပွဲအပြီးမှာ ဆန်းချက်ကို ချီးကျူးအားပေးနေဟန်ကို ယူနိုက်တက်ပရိတ်သတ်တွေ အကြီးအကျယ်သဘောကျခဲ့ပါတယ်။ချယ်ဆီးနဲ့ပွဲအပြီးဟာရဲရားက''လူစားဝင်လာတဲ့ ဆန်းချက်,ပါရဲရား,တွန်မီနေးတို့အားလုံးကြိုးစားခဲတယ်လို့ကျနော်ပြောချင်ပါတယ်။ဆန်းချက်ဟာဆိုရင်လည်း ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဆိုတာသံသယဖြစ်စရာမရှိပဲ ကွင်းထဲရောက်တာနဲ့ အပြင်းအထန်ကြိုးစားတော့တာပါပဲ''လို့ပြောသွားခဲ့ပါတယ်။

ဆန်းချက်ကတော့ ဆိုးရှားလက်အောက်မှာ ထွေထွေထူးထူးမတိုးတက်လာတဲ့ကစားသမားတစ်ယောက်အဖြစ် ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရပါတယ်။အခုလည်း လင်ဂတ်,မာရှယ်တို့ဒဏ်ရာရနေချိန်မှာတောင် ပွဲထွက်စာရင်းမှာပါမလာခဲ့ပဲဒုတိယပိုင်းမှသာ လူကာကူနေရာ အစားဝင်ခွင့်ရခဲ့တာပါ။ဆန်းချက်တစ်ယောက် ဒီပွဲမှာတော့ တန်ပြန်တိုက်စစ်တွေစတင်နိုင်ဖို့ အားထုတ်သွားခဲ့ပြီး ကစားခွင့်ရတဲ့မိနစ်အနည်းငယ်မှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဟာရဲရားကတော့ ကွင်းတွင်းကွင်းပြင်ပုံစံကောင်းတွေကြောင့် ချီးကျူးခံနေရပြီး မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေကလည်း သူ့ကို အနာဂတ်အသင်းခေါင်းဆောင်အဖြစ်မြင်ယောင်နေကြပါပြီ။

No comments

Powered by Blogger.