Header Ads


ယူနိုက္တက္ဟာပရီးမီးယားလိပ္ခ်န္ပီယံေျပးလမ္းေၾကာင္းထဲရိွေနဆဲလို ့ဆိုလိုက္တဲ့ပတ္ဂြာဒီယိုလာ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုေလးဂန္နာဆိုးလ္ရွားရဲ ့မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရိွပရီးမီးယားလိပ္မွာနိုင္ပြဲေတြဆက္ေနပါတယ္။ဒါပင္မယ့္ သူတို ့အသင္းရဲ့ပရီးမီးယားလိပ္ခ်န္ပီယံအိပ္မက္ကေတာ့ဆက္မက္ခြင့္မရိွေတာ့ပဲ ခဲယဥ္းသြားခဲ့တာဟာရာသီ၀က္မကုန္ခင္ထဲကျဖစ္ပါတယ္။ဒါပင္မယ့္ မန္ခ်က္စတာစီးတီးနည္းျပပတ္ဂြာဒီယိုလာအတြက္ေတာ့အဲ့လိုမဟုတ္ျပန္ပါဘူး။

ဒီရာသီယူနိုက္တက္တို ့ပရီးမီးယားလိပ္မွာအေကာင္းဆံုးလုပ္ျပနိုင္စရာဆိုလို  ့စီးတီးတို ့နဲ ့အနီးကပ္ဆံုးအေနအထားအထိအမွတ္အရမ္းမျပတ္မသြားဖို ့ပဲျဖစ္ပါတယ္။တကယ့္လက္ေတြ ့မွာလည္းျဖစ္နိုင္ေခ်ရိွၿပီး လက္ရိွမွာယူနိုက္တက္တို ့ဟာသူတို ့ရဲ ့ၿမိဳ ့ခံၿပိိဳ ့ဘက္မန္စီးတီးအသင္းနဲ ့၁၁မွတ္အကြာသာရိွေနတာကိုေတြ ့ရပါတယ္။

ရာသီကုန္ထိဆက္ကစားဖို ့၁၃ပြဲက်န္ရိွေသးတာျဖစ္ၿပီး လက္ရိွဇယားထိပ္မွာလီဗာပူးလ္အသင္းက မန္စီးတီးအသင္းကို ၃မွတ္ျပတ္ျဖင့္ဦးေဆာင္ထားနိုင္ေနပါတယ္။ဒါပင္မယ့္လည္း ၿပီးခဲ့တဲ့ ရက္သတၱပတ္အေတာ္အတြင္းမွာ ပရီးမီးယားလိပ္ရဲံ ့ထိပ္တန္းအသင္းေတြျဖစ္တဲ့ မန္စီးတီးနဲ ့လီဗာပူးလ္၊ခ်ဲလ္ဆီးတို ့ဟာရမွတ္ေတြက်ဆင္းေနခဲ့ၿပီး ယူနိုက္တက္အသင္းကို ယာယီနည္းျပအျဖစ္ကိုင္တြယ္ေနတဲ့ ဆိုးလ္ရွားကေတာ့ အသင္းကို ရွစ္ပြဲဆက္ ရံႈးပြဲမရိွေအာင္စြမ္းေဆာင္ထားနိုင္ခဲ့တာကိုေတြ ့ရပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေျခစြမ္းေရာရလဒ္ပိုင္းနိ္မ့္ဆင္းေနမႈကေနအျမင့္ဆံုးကိုပ်ံသန္းလာနိုင္ခဲ့တာျဖစ္ၿပီး အဆင့္၄ကခ်ဲလ္ဆီးအသင္းနဲ ့၂မွတ္သာကြာဟေတာ့တဲ့အေနအထားတစ္ခုထိလက္တေလာမွာဖန္တီးထားနိုင္ခဲ့ကာ သရဲနီပရိတ္သတ္ေတြကေတာ့ ရာသီကုန္ခ်န္ပီယံလိပ္၀င္ခြင့္တစ္ေနရာအတြက္ေမ ွ်ာ္မွန္းထားနိုင္ၾကတာပဲျဖစ္ပါတယ္။

စီးတီးနည္းျပပတ္ဂြာဒီယိုလာကေတာ့ ယူနိုက္တက္ဟာခ်န္ပီယံေျပးလမ္းေၾကာင္းေပၚမွာရိွေနေသးၿပီးလက္ရွိပရီးမီးယားလိပ္ဖလားကိုခ်ိန္းေျခာက္နိုင္တဲ့အသင္းျဖစ္ရိွေနဆဲလို ့ဆိုလိုက္ပါတယ္။ဗုဒၶဟူးေန ့မွာကစားမယ့္ အဲဗာတန္အသင္းနဲ ့ပြဲမတိုင္ခင္သတင္းစားရွင္းလင္းပြဲမွာေတာ့ သူကအခုလို ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္တို ့ဒီအဆင့္မွာရိွမေနနိုင္ဘူးလို ့ကၽြန္ေတာ္ဘယ္တုန္းကမွမေျပာခဲ့ဖူးဘူး။ခ်ဲလ္ဆီးလည္းအတူတူပဲ။ကၽြန္ေတာ္ အသင္း၅သင္း ၆သင္းေလာက္ကို ကြာဟတယ္လုိ ့ဘယ္တုန္းကမွမဆိုလိုခဲ့ပါဘူး။ယူနိုက္တက္ဟာအပတ္တိုင္း နိုင္ပြဲေတြရယူေနပါတယ္။သူတို ့ဟာပရီးမီးယားလိပ္ခ်န္ပီယံေျပးလမ္းေၾကာင္းထဲေရာက္လာေတာ့မွာပါ။

ခ်ဲလ္ဆီးအသင္းသာ ပြဲတိုင္းအဲ့လိုနိုင္ပြဲေတြဆက္လာမယ္ဆိုရင္သူတို ့လည္း ပရီးမီးယားလိပ္ဖလားကိုခ်ိန္းေျခာက္နိုင္တဲ့အသင္းျဖစ္လာမွာပါ။အဲ့ေတာ့ အသင္းတိုင္းနီးပါးက ဒီေနရာမွာရိွေနၾကပါတယ္။ကြာဟမႈကသိပ္အၾကီးၾကီးမဟုတ္ပါဘူး။၃၉ မွတ္အထိဆက္ကစားဖို ့ရိွေနပါတယ္။၉ မွတ္၊၁၀မွတ္ကြာတာေလာက္နဲ ့အရမ္းၾကီးမၾကီးမားပါဘူး။ပရီးမီယားလိပ္မွာအခုဘာေတြျဖစ္လာမလဲေစာင့္ၾကည့္ၾကေတာ့။လူတိုင္းကအမွတ္ယူဖို ့အဆင္သင့္ျဖစ္ေနၾကပါၿပီ။” 

ဇယားထိပ္မွာေတာ့မန္စီးတီးနဲ ့လီဗာပူးလ္မွာေတာ့ အၿပိဳင္ေျပးေနၾကပါၿပီ။သူတို ့၂သင္းရဲ ့ၿပိဳင္ပြဲကၾကည့္ေကာင္းေနသလို သူတို ့ေနာက္မွာလည္း စပါးလ္အသင္းကအမွားေစာင့္ရင္းထပ္ၾကပ္မကြာလိုက္ေနပါတယ္။ၿပီးခဲ့ရက္မ်ားမွာေတာ့လီဗာပူးလ္အသင္းနဲ ့မန္စီးတီးအသင္းတို ့ဟာ သူတို ့ေတြေသခ်ာေပါက္နိုင္မယ္လို ့ထင္ခဲ့တဲ့အသင္းေတြအေပၚအမွတ္ေတြဆံုးရႈံးေနခဲ့တာပဲျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာလည္းဘန္ေလအသင္းနဲ ့ေတြ ့ဆံုရမွာအမွတ္ခြဲေ၀ေပးခဲ့ရၿပီး ယူနိုက္တက္တို ့ခ်န္ပီယံျဖစ္ဖို ့ဆိုရင္လက္က်န္ပြဲအားလံုးကိုအနိုင္ယူနိုင္မွျဖစ္သလို လီဗာပူးလ္အသင္းက၄ပြဲရံႈး၊မန္စီးတီးနဲ ့စပါးလ္တို ့က ၃ပြဲစီရံႈးနဲ ့ခ်ဲလ္ဆီးအသင္းက ၂ပြဲရံႈးဖို ့မျဖစ္မေနလိုအပ္ေနတာပဲျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန့ ကလီဗာပူးလ္အသင္းနဲ ့၇မွတ္ထိျပတ္သြားဖို ့အေျခအေနျဖစ္ခဲ့ေသာ္လည္းလီဗာပူးလ္အသင္းဟာ လက္စတာ၊၀က္စ္ဟမ္းစတဲ့အသင္းေတြကို ၂ပြဲဆက္သေရက်ခဲ့တာေၾကာင့္ အရာအားလံုးဟာေျပာင္းလဲလာခဲ့ၿပီး ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚအျခားအသင္းေတြျဖစ္တဲ့စပါးလ္နဲ ့မန္စီးတီတို ့ျမန္ျမန္ဆန္ဆန္အမွီလိုက္နိုင္ခဲ့တာပဲျဖစ္ပါတယ္။

ဂြာဒီယိုလာရဲ ့အသင္း၊လီဗာပူးလ္အသင္းေရာ၊စပါးလ္အသင္းပါ ဒီရာသီပရီးမီယားလိပ္ဖလားရနိုင္တဲ့အသင္းေတြပါ။ဒါပင္မယ့္ ယူနိုက္တက္အသင္းေရာရနိင္မယ္လို ့ထင္ပါသလား?

(Unicode)



ယူနိုက်တက်ဟာပရီးမီးယားလိပ်ချန်ပီယံပြေးလမ်းကြောင်းထဲရှိနေဆဲလို့ဆိုလိုက်တဲ့ပတ်ဂွာဒီယိုလာ

အိုလေးဂန်နာဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိပရီးမီးယားလိပ်မှာနိုင်ပွဲတွေဆက်နေပါတယ်။ဒါပင်မယ့် သူတို့အသင်းရဲ့ပရီးမီးယားလိပ်ချန်ပီယံအိပ်မက်ကတော့ဆက်မက်ခွင့်မရှိတော့ပဲ ခဲယဉ်းသွားခဲ့တာဟာရာသီဝက်မကုန်ခင်ထဲကဖြစ်ပါတယ်။ဒါပင်မယ့် မန်ချက်စတာစီးတီးနည်းပြပတ်ဂွာဒီယိုလာအတွက်တော့အဲ့လိုမဟုတ်ပြန်ပါဘူး။

ဒီရာသီယူနိုက်တက်တို့ပရီးမီးယားလိပ်မှာအကောင်းဆုံးလုပ်ပြနိုင်စရာဆိုလို့စီးတီးတို့နဲ့အနီးကပ်ဆုံးအနေအထားအထိအမှတ်အရမ်းမပြတ်မသွားဖို့ပဲဖြစ်ပါတယ်။တကယ့်လက်တွေ့မှာလည်းဖြစ်နိုင်ချေရှိပြီး လက်ရှိမှာယူနိုက်တက်တို့ဟာသူတို့ရဲ့မြို့ခံပြို့ဘက်မန်စီးတီးအသင်းနဲ့၁၁မှတ်အကွာသာရှိနေတာကိုတွေ့ရပါတယ်။

ရာသီကုန်ထိဆက်ကစားဖို့၁၃ပွဲကျန်ရှိသေးတာဖြစ်ပြီး လက်ရှိဇယားထိပ်မှာလီဗာပူးလ်အသင်းက မန်စီးတီးအသင်းကို ၃မှတ်ပြတ်ဖြင့်ဦးဆောင်ထားနိုင်နေပါတယ်။ဒါပင်မယ့်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတော်အတွင်းမှာ ပရီးမီးယားလိပ်ရဲံ့ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးလ်၊ချဲလ်ဆီးတို့ဟာရမှတ်တွေကျဆင်းနေခဲ့ပြီး ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ဆိုးလ်ရှားကတော့ အသင်းကို ရှစ်ပွဲဆက် ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစွမ်းရောရလဒ်ပိုင်းနိမ့်ဆင်းနေမှုကနေအမြင့်ဆုံးကိုပျံသန်းလာနိုင်ခဲ့တာဖြစ်ပြီး အဆင့်၄ကချဲလ်ဆီးအသင်းနဲ့၂မှတ်သာကွာဟတော့တဲ့အနေအထားတစ်ခုထိလက်တလောမှာဖန်တီးထားနိုင်ခဲ့ကာ သရဲနီပရိတ်သတ်တွေကတော့ ရာသီကုန်ချန်ပီယံလိပ်ဝင်ခွင့်တစ်နေရာအတွက်မေ ျှာ်မှန်းထားနိုင်ကြတာပဲဖြစ်ပါတယ်။

စီးတီးနည်းပြပတ်ဂွာဒီယိုလာကတော့ ယူနိုက်တက်ဟာချန်ပီယံပြေးလမ်းကြောင်းပေါ်မှာရှိနေသေးပြီးလက်ရှိပရီးမီးယားလိပ်ဖလားကိုချိန်းခြောက်နိုင်တဲ့အသင်းဖြစ်ရှိနေဆဲလို့ဆိုလိုက်ပါတယ်။ဗုဒ္ဓဟူးနေ့မှာကစားမယ့် အဲဗာတန်အသင်းနဲ့ပွဲမတိုင်ခင်သတင်းစားရှင်းလင်းပွဲမှာတော့ သူကအခုလို ပြောကြားခဲ့ပါတယ်။


” တော့တင်ဟမ်တို့ဒီအဆင့်မှာရှိမနေနိုင်ဘူးလို့ကျွန်တော်ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး။ချဲလ်ဆီးလည်းအတူတူပဲ။ကျွန်တော် အသင်း၅သင်း ၆သင်းလောက်ကို ကွာဟတယ်လို့ဘယ်တုန်းကမှမဆိုလိုခဲ့ပါဘူး။ယူနိုက်တက်ဟာအပတ်တိုင်း နိုင်ပွဲတွေရယူနေပါတယ်။သူတို့ဟာပရီးမီးယားလိပ်ချန်ပီယံပြေးလမ်းကြောင်းထဲရောက်လာတော့မှာပါ။”

” ချဲလ်ဆီးအသင်းသာ ပွဲတိုင်းအဲ့လိုနိုင်ပွဲတွေဆက်လာမယ်ဆိုရင်သူတို့လည်း ပရီးမီးယားလိပ်ဖလားကိုချိန်းခြောက်နိုင်တဲ့အသင်းဖြစ်လာမှာပါ။အဲ့တော့ အသင်းတိုင်းနီးပါးက ဒီနေရာမှာရှိနေကြပါတယ်။ကွာဟမှုကသိပ်အကြီးကြီးမဟုတ်ပါဘူး။၃၉ မှတ်အထိဆက်ကစားဖို့ရှိနေပါတယ်။၉ မှတ်၊၁၀မှတ်ကွာတာလောက်နဲ့အရမ်းကြီးမကြီးမားပါဘူး။ပရီးမီယားလိပ်မှာအခုဘာတွေဖြစ်လာမလဲစောင့်ကြည့်ကြတော့။လူတိုင်းကအမှတ်ယူဖို့အဆင်သင့်ဖြစ်နေကြပါပြီ။” 

ဇယားထိပ်မှာတော့မန်စီးတီးနဲ့လီဗာပူးလ်မှာတော့ အပြိုင်ပြေးနေကြပါပြီ။သူတို့၂သင်းရဲ့ပြိုင်ပွဲကကြည့်ကောင်းနေသလို သူတို့နောက်မှာလည်း စပါးလ်အသင်းကအမှားစောင့်ရင်းထပ်ကြပ်မကွာလိုက်နေပါတယ်။ပြီးခဲ့ရက်များမှာတော့လီဗာပူးလ်အသင်းနဲ့မန်စီးတီးအသင်းတို့ဟာ သူတို့တွေသေချာပေါက်နိုင်မယ်လို့ထင်ခဲ့တဲ့အသင်းတွေအပေါ်အမှတ်တွေဆုံးရှုံးနေခဲ့တာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာလည်းဘန်လေအသင်းနဲ့တွေ့ဆုံရမှာအမှတ်ခွဲဝေပေးခဲ့ရပြီး ယူနိုက်တက်တို့ချန်ပီယံဖြစ်ဖို့ဆိုရင်လက်ကျန်ပွဲအားလုံးကိုအနိုင်ယူနိုင်မှဖြစ်သလို လီဗာပူးလ်အသင်းက၄ပွဲရှုံး၊မန်စီးတီးနဲ့စပါးလ်တို့က ၃ပွဲစီရှုံးနဲ့ချဲလ်ဆီးအသင်းက ၂ပွဲရှုံးဖို့မဖြစ်မနေလိုအပ်နေတာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကလီဗာပူးလ်အသင်းနဲ့၇မှတ်ထိပြတ်သွားဖို့အခြေအနေဖြစ်ခဲ့သော်လည်းလီဗာပူးလ်အသင်းဟာ လက်စတာ၊ဝက်စ်ဟမ်းစတဲ့အသင်းတွေကို ၂ပွဲဆက်သရေကျခဲ့တာကြောင့် အရာအားလုံးဟာပြောင်းလဲလာခဲ့ပြီး ချန်ပီယံပြေးလမ်းကြောင်းပေါ်အခြားအသင်းတွေဖြစ်တဲ့စပါးလ်နဲ့မန်စီးတီတို့မြန်မြန်ဆန်ဆန်အမှီလိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့အသင်း၊လီဗာပူးလ်အသင်းရော၊စပါးလ်အသင်းပါ ဒီရာသီပရီးမီယားလိပ်ဖလားရနိုင်တဲ့အသင်းတွေပါ။ဒါပင်မယ့် ယူနိုက်တက်အသင်းရောရနိင်မယ်လို့ထင်ပါသလား?

No comments

Powered by Blogger.