Header Ads


ခ်ဲလ္ဆီးအသင္းလိုကစားသမားေခၚယူခြင့္၂နွစ္ပိတ္ပင္ခံရဖို ့နီးစပ္ေနတဲ့မန္စီးတီး

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်ဲလ္ဆီးအသင္းဟာ အသက္၁၈နွစ္ေအာက္လူငယ္ကစားသမားေတြကိုေခၚယူတဲ့ေနရာမွာမသမာတဲ့လုပ္ထံုးလုပ္နည္းနဲ ့ျပဳလုပ္ခဲ့တာေၾကာင့္ ကစားသမားအသစ္ေခၚယူခြင့္ကို ၂ရာသီၾကာပိတ္ပင္ခံခဲ့ရတယ္လို ့သိရပါတယ္။အဆိုပါအေရးယူမႈကို ကမာၻ ့ေဘာလံုးအဖြဲ ့ခ်ဳပ္ FIFA ကေဆာင္ရြက္ခဲ့တာျဖစ္ၿပီး စတန္းဖို ့ဒ္ဘရစ္ခ်္ကလပ္ဟာ လာမယ့္ ၂၀၂၀ ဇန္န၀ါရီကုန္အထိ မည္သည့္ကစားသမားအသစ္တစ္ေယာက္မွေခၚယူခြင့္ရမွာမဟုတ္ပါဘူး။FIFA ရဲ့ စံုစမ္းစစ္ေဆးမႈအရ သိသာစြာ ျပစ္မႈထင္ရွားခဲ့တဲ့အေၾကာင္းအရင္းကေတာ့ ခ်ဲလ္ဆီးအသင္းရဲ ့လူငယ္တိုက္စစ္မွဴးေဟာင္း ဘာထရန္ထိုေဟးကို ေခၚယူခဲ့တာေၾကာင့္လို ့သိရပါတယ္။

ကစားသမား ေခၚယူတဲ့ ၉၂ ၾကိမ္မွာ  ၂၉ ၾကိမ္ကို မသမာမႈနဲ ့အတူေခၚယူခဲ့တယ္လို ့စံုစမ္းေဖာ္ထုတ္နိုင္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ အဆိုပါဆံုးျဖတ္ခ်က္ကိုအယူခံ၀င္သြားမယ္လို ့သိရပါတယ္။

” FIFA ကေတာ့  ၆၃ ၾကိမ္ကို လက္ခံခဲ့တဲ့အတြက္ကၽြန္ေတာ္တို ့ၾကိဳဆိုပါတယ္။ဒါပင္မယ့္လည္း  ကစားသမား၂၉  ေယာက္ကို စည္းေဖာက္ၿပီးေခၚခဲ့တယ္လို FIFA ကဆံုးျဖတ္ခဲ့တဲ့အေပၚ ကလပ္အေနနဲ ့အေတာ္ေလးစိတ္ပ်က္မိပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ဆီေလ်ာ္တဲ့စည္းမ်ဥ္းေတြနဲ ့အညီျပဳမႈေဆာင္ရြက္ခဲ့တာပါ။FIFA ကို ခ်က္ခ်င္းအယူခံ၀င္သြားမွာပါ။လို ့စတန္းဖို ့ဒ္ဘရစ္ခ်္ကလပ္ကေဖာ္ျပခဲ့ပါတယ္။



မန္စီးတီးအသင္းလည္း အဆိုပါအေရးယူပိတ္ဆို ့မႈမ်ိဳးခံရဖို ့နီးစပ္ေနပါတယ္.

ခ်ဲလ္ဆီးအသင္းရဲ ့အေရးယူခံရမႈဟာ မန္စီးတီးနဲ ့ကရာေဘာင္ဖလားပြဲမတိုင္ခင္ ၂ရက္အလိုမွာ ျဖစ္ပြားခဲ့တာပဲျဖစ္ပါတယ္။Daily Mail ရဲ ့အဆိုအရေတာ့ စီးတီးအသင္းဟာလည္းပဲ FIFA ရဲ ့အေရးယူပိတ္ပင္ခံရဖို ့ရိွေနပါတယ္။မန္ခ်က္စတာကလပ္ဟာ နိုင္ငံျခားသားလူငယ္ကစားသမားေလးေတြကိုေခၚယူမႈနဲ ့ပတ္သတ္ၿပီး သီးျခားစံုစမ္းခံရဖို ့ရိွေနပါတယ္။ၿပီးခဲ့တဲ့ ၂၀၁၈ မတ္လက မန္စီးတီးအသင္းဟာ အသက္၁၈နွစ္ေတာင္မျပည့္ေသးတဲ့ အာဖရိကန္လူငယ္ကစားသမား၂ဦးျဖစ္တဲ့ ေဂ်ာ့ေဒးဗစ္နဲ ့ဒိုမီနစ္အိုဒူရို တို ့ကို ေခၚယူတဲ့ေနရာမွာ အသင္းမွာထရိန္နင္လာကစားဖို ့ရည္ရြယ္ဗန္းျပၿပီး တစ္ဖက္လွည့္လုပ္ေဆာင္ခဲ့တာလို ့သိရပါတယ္။အဆိုပါသတင္းကို ဒိန္းမတ္သတင္းစာ Jyllands-Postern  ကေဖာက္သည္ခ်ခဲ့တာပဲျဖစ္ပါတယ္။




ဒါဟာအသက္မျပည့္ေသးတဲ့ ျပည္ပလူငယ္ကစားသမားေလးေတြကို သူတို ့ရဲ ့အမိေျမကေန လာေစၿပီး အသင္းမွာေလ့က်င္းခန္းဆင္းခြင့္မရိွဘူးဆိုတဲ့ FIFA ရဲ ့စည္းမ်ဥ္းကိုခ်ိဳးေဖာက္ခဲ့တာပဲျဖစ္ပါတယ္။စပိန္ကလပ္ေတြျဖစ္တဲ့ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္နဲ ့အက္တလက္တီကိုမက္ဒရစ္အသင္းေတြဟာ လည္း FIFA ရဲ ့အေရးယူမႈကိုခံရဖို ့အေရးရင္ဆိုင္ေနရပါတယ္။ဘာစီလိုနာအသင္းဟာလည္းယခင္ကခ်ဲလ္ဆီးအသင္းလို အေရးယူခံခဲ့ရဖူးၿပီး အယူခံ၀င္ခဲ့တာေၾကာင့္ တစ္နွစ္ေစာင့္ဆိုင္းခြင့္ရခဲ့ကာ၂၀၁၄ မွာ ဆြာရက္ဇ္နဲ ့ရာကီတစ္တို ့ကိုေခၚယူခြင့္ရခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ဘာကာလို လာမယ့္ေႏြရာသီမွာကစားသမားအသစ္ေခၚယူခြင့္ရဖို ့ေမ ွ်ာ္လင့္ေနၿပီးေသခ်ာေပါက္အယူခံ၀င္သြားမယ္လို ့သိရပါတယ္။



(Unicode)

ချဲလ်ဆီးအသင်းလိုကစားသမားခေါ်ယူခွင့်၂နှစ်ပိတ်ပင်ခံရဖို့နီးစပ်နေတဲ့မန်စီးတီး

ချဲလ်ဆီးအသင်းဟာ အသက်၁၈နှစ်အောက်လူငယ်ကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာမသမာတဲ့လုပ်ထုံးလုပ်နည်းနဲ့ပြုလုပ်ခဲ့တာကြောင့် ကစားသမားအသစ်ခေါ်ယူခွင့်ကို ၂ရာသီကြာပိတ်ပင်ခံခဲ့ရတယ်လို့သိရပါတယ်။အဆိုပါအရေးယူမှုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကဆောင်ရွက်ခဲ့တာဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်ကလပ်ဟာ လာမယ့် ၂၀၂၀ ဇန်နဝါရီကုန်အထိ မည်သည့်ကစားသမားအသစ်တစ်ယောက်မှခေါ်ယူခွင့်ရမှာမဟုတ်ပါဘူး။FIFA ရဲ့ စုံစမ်းစစ်ဆေးမှုအရ သိသာစွာ ပြစ်မှုထင်ရှားခဲ့တဲ့အကြောင်းအရင်းကတော့ ချဲလ်ဆီးအသင်းရဲ့လူငယ်တိုက်စစ်မှူးဟောင်း ဘာထရန်ထိုဟေးကို ခေါ်ယူခဲ့တာကြောင့်လို့သိရပါတယ်။

ကစားသမား ခေါ်ယူတဲ့ ၉၂ ကြိမ်မှာ  ၂၉ ကြိမ်ကို မသမာမှုနဲ့အတူခေါ်ယူခဲ့တယ်လို့စုံစမ်းဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကတော့ အဆိုပါဆုံးဖြတ်ချက်ကိုအယူခံဝင်သွားမယ်လို့သိရပါတယ်။

” FIFA ကတော့  ၆၃ ကြိမ်ကို လက်ခံခဲ့တဲ့အတွက်ကျွန်တော်တို့ကြိုဆိုပါတယ်။ဒါပင်မယ့်လည်း  ကစားသမား၂၉  ယောက်ကို စည်းဖောက်ပြီးခေါ်ခဲ့တယ်လို့FIFA ကဆုံးဖြတ်ခဲ့တဲ့အပေါ် ကလပ်အနေနဲ့အတော်လေးစိတ်ပျက်မိပါတယ်။ချဲလ်ဆီးအသင်းဟာ ဆီလျော်တဲ့စည်းမျဉ်းတွေနဲ့အညီပြုမှုဆောင်ရွက်ခဲ့တာပါ။FIFA ကို ချက်ချင်းအယူခံဝင်သွားမှာပါ။” လို့စတန်းဖို့ဒ်ဘရစ်ချ်ကလပ်ကဖော်ပြခဲ့ပါတယ်။

မန်စီးတီးအသင်းလည်း အဆိုပါအရေးယူပိတ်ဆို့မှုမျိုးခံရဖို့နီးစပ်နေပါတယ်.

ချဲလ်ဆီးအသင်းရဲ့အရေးယူခံရမှုဟာ မန်စီးတီးနဲ့ကရာဘောင်ဖလားပွဲမတိုင်ခင် ၂ရက်အလိုမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။Daily Mail ရဲ့အဆိုအရတော့ စီးတီးအသင်းဟာလည်းပဲ FIFA ရဲ့အရေးယူပိတ်ပင်ခံရဖို့ရှိနေပါတယ်။မန်ချက်စတာကလပ်ဟာ နိုင်ငံခြားသားလူငယ်ကစားသမားလေးတွေကိုခေါ်ယူမှုနဲ့ပတ်သတ်ပြီး သီးခြားစုံစမ်းခံရဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့ ၂၀၁၈ မတ်လက မန်စီးတီးအသင်းဟာ အသက်၁၈နှစ်တောင်မပြည့်သေးတဲ့ အာဖရိကန်လူငယ်ကစားသမား၂ဦးဖြစ်တဲ့ ဂျော့ဒေးဗစ်နဲ့ဒိုမီနစ်အိုဒူရို တို့ကို ခေါ်ယူတဲ့နေရာမှာ အသင်းမှာထရိန်နင်လာကစားဖို့ရည်ရွယ်ဗန်းပြပြီး တစ်ဖက်လှည့်လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အဆိုပါသတင်းကို ဒိန်းမတ်သတင်းစာ Jyllands-Postern  ကဖောက်သည်ချခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာအသက်မပြည့်သေးတဲ့ ပြည်ပလူငယ်ကစားသမားလေးတွေကို သူတို့ရဲ့အမိမြေကနေ လာစေပြီး အသင်းမှာလေ့ကျင်းခန်းဆင်းခွင့်မရှိဘူးဆိုတဲ့ FIFA ရဲ့စည်းမျဉ်းကိုချိုးဖောက်ခဲ့တာပဲဖြစ်ပါတယ်။စပိန်ကလပ်တွေဖြစ်တဲ့ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်နဲ့အက်တလက်တီကိုမက်ဒရစ်အသင်းတွေဟာ လည်း FIFA ရဲ့အရေးယူမှုကိုခံရဖို့အရေးရင်ဆိုင်နေရပါတယ်။ဘာစီလိုနာအသင်းဟာလည်းယခင်ကချဲလ်ဆီးအသင်းလို အရေးယူခံခဲ့ရဖူးပြီး အယူခံဝင်ခဲ့တာကြောင့် တစ်နှစ်စောင့်ဆိုင်းခွင့်ရခဲ့ကာ၂၀၁၄ မှာ ဆွာရက်ဇ်နဲ့ရာကီတစ်တို့ကိုခေါ်ယူခွင့်ရခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ဘာကာလို လာမယ့်နွေရာသီမှာကစားသမားအသစ်ခေါ်ယူခွင့်ရဖို့မေ ျှာ်လင့်နေပြီးသေချာပေါက်အယူခံဝင်သွားမယ်လို့သိရပါတယ်။

No comments

Powered by Blogger.