Header Ads


ဒဏ္ရာျပႆနာေတြထိုးႏွက္ခံရတဲ့ယူနိုက္တက္ကိုေကာင္းေကာင္းမယွဥ္နိုင္ခဲ့တဲ့လီဗာပူးလ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယေန႔ည နာရီ ၃၅ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ လီဗာပူးအသင္းတို႔ရဲ႕ပြဲစဥ္မွာ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမရွိသေရရလဒ္နဲ႔ ပြဲၿပီးဆံုးသြားခဲ့ပါတယ္။



ပထမပိုင္းစတင္ခ်ိန္ကတည္းက အႀကိတ္အနယ္ရွိခဲ့ၾကၿပီး လီဗာပူးအသင္းက ပိုမိုဖိအားေပးတုိက္စစ္ဆင္ကစားႏုိင္ခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ တန္ျပန္တိုက္စစ္နဲ႔သာ လီဗာပူးအသင္းကို တံု႔ျပန္ကစားေနခဲ့တာကို ေတြ႕ရပါတယ္။

ပထမပိုင္း ၂၁ မိနစ္မွာ ဟာရဲရား ဒဏ္ရာရရွိသြားတာေၾကာင့္ ပါရဲရားနဲ႔ လူစားလဲခဲ့ၿပီး ၂၅ မိနစ္မွာ မာတာ ထပ္မံဒဏ္ရာရရွိခဲ့တာေၾကာင့္ လင္ဂတ္နဲ႔ လူစားလဲကစားေစခဲ့ပါတယ္။ ၄၂ မိနစ္မွာ လူကာကူ အကြက္ျမင္ျမင္ ဖန္တီးေပးလုိက္တဲ့ေဘာလံုးကို လင္ဂတ္က အယ္လီဆင္ကို ေက်ာ္ျဖတ္ၿပီး သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဒဏ္ရာရရွိသြားခဲ့ပါတယ္။



ဒုတိယပိုင္းမွာ သင္းစလံုးဟာ အဓိကကစားသမားအခ်ိဳ႕ ဒဏ္ရာရရွိသြားတာေၾကာင့္ ပထမပိုင္းကေလာက္ ၿပိဳင္ဆုိင္မႈမျပင္းထန္ေတာ့ဘဲ တစ္ခ်က္တစ္ခ်က္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းတာေလာက္သာ ရွိခဲ့ပါတယ္။




လီဗာပူးအသင္းဟာ ၇၂ မိနစ္နဲ႔ ၇၉ မိနစ္မွာ ဟန္ဒါဆင္နဲ႔ မုိဟာမက္ဆာလာတို႔ကို လူစားလဲလွယ္ခဲ့ၿပီး အိုရီဂီနဲ႔ ရွာကြီရီတို႔ကုိ ထည့္သြင္းကစားေစခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၇၆ မိနစ္မွာ စေမာလင္း ျဖတ္တင္လုိက္တဲ့ေဘာလံုးကို ဂ်ိဳဝယ္မာတစ္ ဖ်က္ထုတ္ရာမွာ မေသသပ္တာေၾကာင့္ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က စေမာလင္း လူကၽြံေနတယ္လို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။


ႏွစ္သင္းစလံုးဟာ ပြဲၿပီးဆံုးခ်ိန္အထိ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးသြင္းယူႏုိင္ခဲ့ျခင္းမရွိဘဲ ဂိုးမရွိသေရရလဒ္နဲ႔သာ ပြဲၿပီးဆံုးသြားခဲ့ပါတယ္။ လီဗာပူးအသင္းဟာ ယေန႔ပြဲစဥ္မွာ သေရ မွတ္ရယူႏုိင္ခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းထက္ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆံုးေနရာကို တက္လွမ္းႏုိင္ခဲ့ပါတယ္။


Credit

(Unicode)

ဒဏ်ရာပြဿနာတွေထိုးနှက်ခံရတဲ့ယူနိုက်တက်ကိုမယှဉ်နိုင်ခဲ့တဲ့လီဗာပူးလ်

ယနေ့ည ၈ နာရီ ၃၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ပထမပိုင်းစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး လီဗာပူးအသင်းက ပိုမိုဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ပြန်တိုက်စစ်နဲ့သာ လီဗာပူးအသင်းကို တုံ့ပြန်ကစားနေခဲ့တာကို တွေ့ရပါတယ်။

ပထမပိုင်း ၂၁ မိနစ်မှာ ဟာရဲရား ဒဏ်ရာရရှိသွားတာကြောင့် ပါရဲရားနဲ့ လူစားလဲခဲ့ပြီး ၂၅ မိနစ်မှာ မာတာ ထပ်မံဒဏ်ရာရရှိခဲ့တာကြောင့် လင်ဂတ်နဲ့ လူစားလဲကစားစေခဲ့ပါတယ်။ ၄၂ မိနစ်မှာ လူကာကူ အကွက်မြင်မြင် ဖန်တီးပေးလိုက်တဲ့ဘောလုံးကို လင်ဂတ်က အယ်လီဆင်ကို ကျော်ဖြတ်ပြီး သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ၂ သင်းစလုံးဟာ အဓိကကစားသမားအချို့ ဒဏ်ရာရရှိသွားတာကြောင့် ပထမပိုင်းကလောက် ပြိုင်ဆိုင်မှုမပြင်းထန်တော့ဘဲ တစ်ချက်တစ်ချက် ဂိုးသွင်းယူဖို့ ကြိုးပမ်းတာလောက်သာ ရှိခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၇၂ မိနစ်နဲ့ ၇၉ မိနစ်မှာ ဟန်ဒါဆင်နဲ့ မိုဟာမက်ဆာလာတို့ကို လူစားလဲလှယ်ခဲ့ပြီး အိုရီဂီနဲ့ ရှာကွီရီတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၇၆ မိနစ်မှာ စမောလင်း ဖြတ်တင်လိုက်တဲ့ဘောလုံးကို ဂျိုဝယ်မာတစ် ဖျက်ထုတ်ရာမှာ မသေသပ်တာကြောင့် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပေမယ့် စည်းကြပ်ဒိုင်က စမောလင်း လူကျွံနေတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ ပွဲပြီးဆုံးချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ယနေ့ပွဲစဉ်မှာ သရေ ၁ မှတ်ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Credit

No comments

Powered by Blogger.