Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။













(Unicode)

လိုင်ယွန်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ရူးလောက်စရာကာကွယ်မှုတစ်ခုပြုလုပ်ခဲ့တဲ့ဘာစီဂိုးသမားတာစတီဂန်



လိုင်ယွန်နဲ့ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်မှာ ဘာစီလိုနာဂိုးသမားတာစတီဂန်က တော့ ကမ္ဘာ့အဆင့်လက်စွမ်းတွေပြသခဲ့ပါတယ်။လိုင်ယွန်ကစားသမားmartin terrierဟာဘာစီ နောက်ခံလူတွေကိုဖြတ်ကျော်ပြီး အားပါပြင်ထန်တဲ့ အဝေးကန်ချက်နဲ့ဂိုးပေါက်ခြိမ်းချောက်ခဲ့ပါတယ်။အားလုံးကဂိုးပိုက်နဲ့ဘောလုံးမိတ်ဆက်သွားပြီထင်ခဲ့ပေမယ့် စတီဂန်ကတော့ ဒီလိုဖြစ်ဖို့ခွင့်မပြုခဲ့ပါဘူး။

အလွန်ကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ ဂိုးဘားထောင့်နားကဘောလုံးကို ပုတ်ထုတ်ခဲ့တာပါ။တကယ်ရူးလောက်စရာလက်စွမ်းပြမှုပါပဲ။တာစတီဂန်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်ဖြစ်နေပြီဆိုတာ ကျနော်ပြောစရာလိုတော့မယ်မထင်ပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာလည်း သူ့ကြောင့်ဘာစီလိုနာရှုံးပွဲမတွေ့ခဲ့တာလို့ မှတ်ချက်ပေးနေကြပါတယ်။ တကယ်လည်းစတီဂန်က ဘာကာအသင်းရဲ့အသံတိတ်သူရဲကောင်းတစ်ယောက်ပါပဲ။အခုလဲ ချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့မှာလိုင်ယွန်နဲ့ဂိုးမရှိသရေကျခဲ့တာကြောင့် စတီဂန်အတွက် clean sheetတစ်ပွဲထပ်တိုးခဲ့ပြန်ပါပြီ။လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ဘာစီလိုနာအသင်းကတော့ စနေနေ့မှာ ဆီးဗီးလားနဲ့ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

No comments

Powered by Blogger.