ကရာေဘာင္ဖလားကို၂ရာသီဆက္သိမ္းပိုက္ခဲ့ျပန္တဲ့မန္စီးတီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ကာရာေဘာင္ ဖလား ဗိုလ္လုပြဲမွာေတာ့ မန္စီးတီး အသင္းဟာ ခ်ဲဆီး အသင္းကို ခက္ခက္ခဲခဲ ကစားျပီး ၊ ပင္နယ္တီ အဆံုးအျဖတ္ နဲ႔ အႏိုင္ယူကာ ဗိုလ္စြဲသြားခဲ့ ပါတယ္။ ဒါဟာ သူတို႔ အသင္းအတြက္ ဒီရာသီ ပထမဆံုး ဆုဖလား ျဖစ္ခဲ့ေပမယ့္ ၊ ကလပ္အတြက္ေတာ့ အဲဒီမွတ္တမ္းမ်ိဳး မပိုင္ဆုိင္ခဲ့ ပါဘူး။
အဲဒီ မတိုင္ခင္ ရက္မွာပဲ အမ်ိဳးသမီး အသင္းက Continental League Cup ဖလားကို ပူပူေႏြးေႏြး သိမ္းပိုက္ ထားခဲ့တာပါ။ ဒါ့ေၾကာင့္ မန္စီးတီး အတြက္ေတာ့ 1 ရက္ ဖလား တစ္လံုးႏႈန္း နဲ႔ 2 ရက္ ဆက္တိုက္ ေအာင္ျမင္မႈေတြ ဆြတ္ခူး ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
မန္စီးတီး အသင္းသမီး အသင္းဟာ Continental League Cup ဗိုလ္လုပြဲမွာ အာဆင္နယ္ အမ်ိဳး သမီး အသင္းနဲ႔ ယွဥ္ျပိဳင္ ကစားရတာ ျဖစ္ျပီး ၊ အမ်ိဳးသား အသင္းလိုပဲ သာမန္ ပြဲ ကစားခ်ိန္ အတြင္း ဂိုး မရွိ သေရ ရလာဒ္ ထြက္ေပၚ ခဲ့တာေၾကာင့္ ပင္နယ္တီ အဆံုးအျဖတ္ ခံယူခဲ့ရပါတယ္။ အဲဒီ အခ်ိန္မွာ 4-2 ရလာဒ္ နဲ႔ အႏိုင္ ရရွိကာ ခ်န္ပီယံ ဆုဖလားၾကီးကို သိမ္းပိုက္ သြားခဲ့တာ ျဖစ္ပါတယ္။
အမ်ိဳး သား အသင္းကေတာ့ ခ်ဲဆီး အသင္းကို သာမန္ ပြဲကစားခ်ိန္ အတြင္း အႏိုင္ရရွိလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ၾကေပမယ့္ ၊ တကယ္တမ္း ယွဥ္ျပိဳင္ ကစားခ်ိန္မွာေတာ့ ခ်ဲဆီး ရဲ႕ တုန္႔ျပန္ ကစားအားေတြေၾကာင့္ ေတာ္ေတာ္ေလးကို ရုန္းကန္ခဲ့ ရပါတယ္။ အထူးသျဖင့္ ခ်ဲဆီး ရဲ႕ ဒုတိယ ပိုင္း ကစားပံုဟာ မန္စီးတီး အတြက္ မ်ားစြာ အခက္ေတြ႔ ေစခဲ့သလို ၊ ဟာဇက္ ရဲ႕ တစ္ကိုယ္ေတာ္ ရုန္းအားေတြ ကုိလဲ ထိန္းခ်ဳပ္ ႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။
အခ်ိန္ပို ဆက္လက္ ယွဥ္ျပိဳင္ ကစားခ်ိန္မွာေတာ့ မန္စီးတီးက အေကာင္းဆံုး အခြင့္အေရး တစ္ခု ရရွိခဲ့ေပမယ့္ ၊ ခ်ဲဆီး ေနာက္တန္း နဲ႔ ဂိုးသမားက လက္စြမ္းျပ သြားခဲ့လို႔ ပင္နယ္တီ အဆံုး အျဖတ္သာ ကန္ခဲ့ ၾကရပါတယ္။ ခ်ဲဆီး ဘက္က ေဂ်ာ္ဂင္ဟို ရဲ႕ ကန္ခ်က္ကို အီဒါဆင့္ ကာကြယ္ ႏိုင္ခဲ့သလုိ ၊ ေဒးဗစ္ လူူး၀စ္ရဲ႕ ကန္ခ်က္ တိုင္ထိ ထြက္ခဲ့ ျပန္ပါတယ္။ မန္စီးတီး ကေတာ့ ဆာေနး တစ္ဦးသာ ဂိုး အျဖစ္ ေျပာင္းလဲ ႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ကာ ၊ ခ်န္ပီယံ ဆု ဖလားၾကီးကို 2 ႏွစ္ ဆက္တိုက္ သိမ္းပိုက္ သြားခဲ့ ပါတယ္။
အမ်ိဳး သမီး အသင္းေရာ ၊ အမ်ိဳးသား အသင္းပါ ေအာင္ျမင္မႈေတြ ဆက္တိုက္ ရယူ အျပီးမွာေတာ့ အဂၤလန္ ေဘာလံုး ေလာကကို မန္စီးတီး ကလပ္က ဗိုလ္က် စိုးမိုးေတာ့မွာလား ဆိုတာ စိတ္၀င္စားစရာ ေကာင္းတဲ့ အခ်က္ ျဖစ္လာခဲ့ ပါတယ္။ ေယဘုယ် အားျဖင့္ ေျပာရရင္ေတာ့ မန္စီးတီး ဟာ အကယ္ဒမီ ေဘာလံုး အဆင့္မွာပဲ အဂၤလန္ရဲ႕ အေကာင္းဆံုး ကလပ္ အျဖစ္ ရပ္တည္ေနခဲ့ျပီမို႔ ၊ အဂၤလန္ကို စိုးမိုးထားေတာ့မယ့္ အလားအလာေကာင္းေတြ ပိုင္ဆိုင္ေနျပီ ဆုိတာ လက္ခံ ၾကရေတာ့မွာပါ။
အမ်ိဳးသမီး ျပိဳင္ပြဲမွာလဲ မန္စီးတီး အသင္း မင္းမူေနသလို ၊ အမ်ိဳးသား အသင္းကလဲ ဖလား 4 လံုး လမ္းေၾကာင္းေပၚမွာ စည္းခ်က္ မွန္မွန္ နဲ႔ ေလွ်ာက္လွမ္း ေနခဲ့ ပါတယ္။ ဒါ့အျပင္ သက္တမ္းလိုက္ လူငယ္ ျပိဳင္ပြဲ ေတြမွာလဲ မန္စီးတီး ကပဲ စိုးမိုးေနခဲ့တာပါ။
ေငြနဲ႔ ကလပ္ကို တည္ေဆာက္ဖို႔ ဆိုတာ သူေဌးေတြ အတြက္ေတာ့ ရမ္းကုိ လြယ္ကူပါတယ္ ၊ ဒါေပမယ့္ မန္စီးတီး လို စနစ္က်ဖို႔ ၊ က႑ေပါင္းစံုကေန တုိးတက္မႈေတြ ျဖစ္ေပၚလာဖို႔ ဆိုတာေတာ့ အသင္းကို လည္ပတ္ ထိန္းေက်ာင္းေနတဲ့ သူေတြလဲ ေတာ္မွသာ ျဖစ္ႏိုင္မွာပါ။ ဒါကို မန္စီးတီးက အေကာင္း ဥပမာ တစ္ခု အျဖစ္ ရပ္တည္ ျပေနခဲ့ ပါျပီ။
ပက္ဂြာဒီယုိ လာ ကလဲ သူ႔ရဲ႕ ကာရာေဘာင္ ခ်န္ပီယံ ဆုကို ကာကြယ္ သြားႏိုင္ခဲ့ျပီ ျဖစ္သလုိ ၊ ေနာက္ထပ္ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆုကို ကာကြယ္ ျပဦးမလား ဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။ ဒါ့အျပင္ အက္ဖ္ေအ ဖလား နဲ႔ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲေတြမွာလဲ သူတို႔ ပရိသတ္ေတြက အမ်ားၾကီး ေမွ်ာ္လင့္ထားေနဆဲ ျဖစ္ပါတယ္။
Credit to SM
(Unicode)
မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာတော့ မန်စီးတီး အသင်းဟာ ချဲဆီး အသင်းကို ခက်ခက်ခဲခဲ ကစားပြီး ၊ ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့ ပါတယ်။ ဒါဟာ သူတို့ အသင်းအတွက် ဒီရာသီ ပထမဆုံး ဆုဖလား ဖြစ်ခဲ့ပေမယ့် ၊ ကလပ်အတွက်တော့ အဲဒီမှတ်တမ်းမျိုး မပိုင်ဆိုင်ခဲ့ ပါဘူး။
အဲဒီ မတိုင်ခင် ရက်မှာပဲ အမျိုးသမီး အသင်းက Continental League Cup ဖလားကို ပူပူနွေးနွေး သိမ်းပိုက် ထားခဲ့တာပါ။ ဒါ့ကြောင့် မန်စီးတီး အတွက်တော့ 1 ရက် ဖလား တစ်လုံးနှုန်း နဲ့ 2 ရက် ဆက်တိုက် အောင်မြင်မှုတွေ ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းသမီး အသင်းဟာ Continental League Cup ဗိုလ်လုပွဲမှာ အာဆင်နယ် အမျိုး သမီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရတာ ဖြစ်ပြီး ၊ အမျိုးသား အသင်းလိုပဲ သာမန် ပွဲ ကစားချိန် အတွင်း ဂိုး မရှိ သရေ ရလာဒ် ထွက်ပေါ် ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ အဲဒီ အချိန်မှာ 4-2 ရလာဒ် နဲ့ အနိုင် ရရှိကာ ချန်ပီယံ ဆုဖလားကြီးကို သိမ်းပိုက် သွားခဲ့တာ ဖြစ်ပါတယ်။
အမျိုး သား အသင်းကတော့ ချဲဆီး အသင်းကို သာမန် ပွဲကစားချိန် အတွင်း အနိုင်ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ၊ တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာတော့ ချဲဆီး ရဲ့ တုန့်ပြန် ကစားအားတွေကြောင့် တော်တော်လေးကို ရုန်းကန်ခဲ့ ရပါတယ်။ အထူးသဖြင့် ချဲဆီး ရဲ့ ဒုတိယ ပိုင်း ကစားပုံဟာ မန်စီးတီး အတွက် များစွာ အခက်တွေ့ စေခဲ့သလို ၊ ဟာဇက် ရဲ့ တစ်ကိုယ်တော် ရုန်းအားတွေ ကိုလဲ ထိန်းချုပ် နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားချိန်မှာတော့ မန်စီးတီးက အကောင်းဆုံး အခွင့်အရေး တစ်ခု ရရှိခဲ့ပေမယ့် ၊ ချဲဆီး နောက်တန်း နဲ့ ဂိုးသမားက လက်စွမ်းပြ သွားခဲ့လို့ ပင်နယ်တီ အဆုံး အဖြတ်သာ ကန်ခဲ့ ကြရပါတယ်။ ချဲဆီး ဘက်က ဂျော်ဂင်ဟို ရဲ့ ကန်ချက်ကို အီဒါဆင့် ကာကွယ် နိုင်ခဲ့သလို ၊ ဒေးဗစ် လူူးဝစ်ရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့ ပြန်ပါတယ်။ မန်စီးတီး ကတော့ ဆာနေး တစ်ဦးသာ ဂိုး အဖြစ် ပြောင်းလဲ နိုင်ခြင်း မရှိခဲ့တာ ဖြစ်ကာ ၊ ချန်ပီယံ ဆု ဖလားကြီးကို 2 နှစ် ဆက်တိုက် သိမ်းပိုက် သွားခဲ့ ပါတယ်။
အမျိုး သမီး အသင်းရော ၊ အမျိုးသား အသင်းပါ အောင်မြင်မှုတွေ ဆက်တိုက် ရယူ အပြီးမှာတော့ အင်္ဂလန် ဘောလုံး လောကကို မန်စီးတီး ကလပ်က ဗိုလ်ကျ စိုးမိုးတော့မှာလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် ဖြစ်လာခဲ့ ပါတယ်။ ယေဘုယျ အားဖြင့် ပြောရရင်တော့ မန်စီးတီး ဟာ အကယ်ဒမီ ဘောလုံး အဆင့်မှာပဲ အင်္ဂလန်ရဲ့ အကောင်းဆုံး ကလပ် အဖြစ် ရပ်တည်နေခဲ့ပြီမို့ ၊ အင်္ဂလန်ကို စိုးမိုးထားတော့မယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်နေပြီ ဆိုတာ လက်ခံ ကြရတော့မှာပါ။
အမျိုးသမီး ပြိုင်ပွဲမှာလဲ မန်စီးတီး အသင်း မင်းမူနေသလို ၊ အမျိုးသား အသင်းကလဲ ဖလား 4 လုံး လမ်းကြောင်းပေါ်မှာ စည်းချက် မှန်မှန် နဲ့ လျှောက်လှမ်း နေခဲ့ ပါတယ်။ ဒါ့အပြင် သက်တမ်းလိုက် လူငယ် ပြိုင်ပွဲ တွေမှာလဲ မန်စီးတီး ကပဲ စိုးမိုးနေခဲ့တာပါ။
ငွေနဲ့ ကလပ်ကို တည်ဆောက်ဖို့ ဆိုတာ သူဌေးတွေ အတွက်တော့ ရမ်းကို လွယ်ကူပါတယ် ၊ ဒါပေမယ့် မန်စီးတီး လို စနစ်ကျဖို့ ၊ ကဏ္ဍပေါင်းစုံကနေ တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ ဆိုတာတော့ အသင်းကို လည်ပတ် ထိန်းကျောင်းနေတဲ့ သူတွေလဲ တော်မှသာ ဖြစ်နိုင်မှာပါ။ ဒါကို မန်စီးတီးက အကောင်း ဥပမာ တစ်ခု အဖြစ် ရပ်တည် ပြနေခဲ့ ပါပြီ။
ပက်ဂွာဒီယို လာ ကလဲ သူ့ရဲ့ ကာရာဘောင် ချန်ပီယံ ဆုကို ကာကွယ် သွားနိုင်ခဲ့ပြီ ဖြစ်သလို ၊ နောက်ထပ် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ကာကွယ် ပြဦးမလား ဆိုတာ စောင့်ကြည့်ကြရအောင်ပါ။ ဒါ့အပြင် အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာလဲ သူတို့ ပရိသတ်တွေက အများကြီး မျှော်လင့်ထားနေဆဲ ဖြစ်ပါတယ်။
Credit to SM
Post a Comment