တစ္ေယာက္ေလ်ာ့အေနအထားနဲ ့အေ၀းကြင္းမွာအဖိုးတန္နိုင္ပြဲကိုရွာေဖြခဲ့တဲ့မန္စီးတီး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြဲစလို႔ 19 မီးနစ္ အေရာက္မွာပဲ မန္စီးတီး က ဦးေဆာင္ဂိုး စတင္ သြင္းယူခဲ့ ပါတယ္။ ဒီဂိုးကို ေရွာ္ေကး ေနာက္တန္း ကစားသမားေတြ အာရံုစူးစိုက္မႈ နည္းရာ ကေန တဆင့္ ေဒးဗစ္ေဆးဗားက ေဘာလံုး ျဖတ္ယူသြားျပီး ၊ ဂိုးေရွ႕ကို ျပန္ခင္းေပးလိုက္ရာ ၊ တုိက္စစ္မႈး အေဂြးရုိးက အပိတ္ ပိတ္သြင္း ယူသြားခဲ့တာပါ။ ဒီဂုိးေၾကာင့္ အေဂြးရုိးဟာ ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္း တစ္ေလွ်ာက္မွာ အဂၤလန္ ကလပ္ အသင္း တစ္သင္းအတြက္ အေ၀းကြင္း 7 ပြဲ ဆက္ ဂိုးသြင္းယူတဲ့ ပထမဆံုး ကစားသမား အျဖစ္ မွတ္တမ္း ၀င္သြားခဲ့ ပါတယ္။
သူဟာ ဖီယင္ေနာ့ ၊ နာပိုလီ ၊ ရွက္တာ ဒိုးနက္ ၊ ေဘဆယ္ ၊ ေဟာ့ဖန္ဟိန္း ၊ လီယြန္ နဲ႔ ေရွာ္ေကးတို႔ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ဆက္တိုက္ သြင္းဂိုးေတြ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ေနာက္မွာေတာ့ အိမ္ရွင္ ေရွာ္ေကးအသင္းဟာ ေပးလိုက္ရတဲ့ ဦးေဆာင္ဂိုးကို ျပန္လည္ ေခ်ပႏိုင္ဖို႔ အတြက္ ျပန္လည္ တိုက္စစ္ ကစားလာခဲ့ ပါတယ္။
37 မီးနစ္ အေရာက္မွာေတာ့ မန္စီးတီး တို႔ ပင္နယ္တီ ကန္ခြင့္ ေပးလိုက္ ရပါတယ္။ ေရွာ္ေကး အသင္းရဲ႕ အေ၀းကန္ခ်က္ကို တားဆီးရာမွာ ၊ မန္စီးတီး ေနာက္တန္း က ေအာ္တာမန္ဒီ လက္နဲ႔ ထိခဲ့တာေၾကာင့္ ဒိုင္လူၾကီးက ပင္နယ္တီ သတ္မွတ္ ေပးတဲ့ အျပင္ ၊ ကစားသမားကိုလဲ အ၀ါကဒ္ ျပသကာ သတိေပးမႈေတြ ျပဳလုပ္ သြားခဲ့ ပါတယ္။ ဒီပင္နယ္တီ ကိုေတာ့ ဘင္တလတ္ က အပိုင္ကန္သြင္းျပီး ေခ်ပဂိုး ရယူ ေပးသြားခဲ့ ပါတယ္။
ပထမပိုင္း ျပီးခါနီးမွာေတာ့ ဖာနန္ဒင္ဟိုဟာ ျပိဳင္ဘက္ ကစားသမား ဆာလိ ဆာေနးကို ဆြဲလွဲသလို ျဖစ္ခဲ့တာေၾကာင့္ ဒိုင္လူၾကီးက ေနာက္တစ္ၾကိမ္ ပင္နယ္တီ သတ္မွတ္ေပးလိုက္ ျပန္ပါတယ္။ ဒီပင္နယ္တီ ကိုလဲ ဘင္တာလတ္ ကပဲ ကန္သြင္းကာ အိမ္ရွင္တို႔ အတြက္ ဒုတိယ ဦးေဆာင္ဂိုး ရယူေပးသြားခဲ့ ပါတယ္။
ဒုတိယပိုင္း ျပန္လည္ စတင္ခ်ိန္မွာေတာ့ ေခ်ပဂိုး လိုေနတဲ့ မန္စီးတီးဟာ တိုက္စစ္ကို ပိုျပီး အားထည့္ ကစားလာခဲ့ေပမယ့္ ၊ သူတို႔ရဲ႕ ဒီကေန႔ ကစားပံုဟာ ပံုမွန္ စြမ္းေဆာင္ရည္ေအာက္ အနည္းအငယ္ကို က်ဆင္းေနခဲ့တာပါ။ ေရွာ္ေကး ေနာက္တန္းကို ထိေရာက္တဲ့ ဖိအားေပးမႈေတြ ျပဳလုပ္ ထားႏိုင္ခဲ့ျခင္း မရွိတဲ့ အျပင္ ၊ အခြင့္အေရး ဖန္တီးမႈ ပိုင္းကလဲ အားနည္းခဲ့ ပါတယ္။
68 မီးနစ္ အေရာက္မွာေတာ့ ေအာ္တာမန္ဒီဟာ တစ္၀ါ တစ္နီနဲ႔ ထုတ္ပယ္ ခံလုိက္ ရပါတယ္။ ျပိဳင္ဘက္ ကစားသမား ဘရူစတယ္လာကို ေနာက္ကေန တားဆီးဖို႔ ၾကိဳးစားစဥ္ ျပစ္ဒဏ္ က်ဴးလြန္ခဲ့တာေၾကာင့္ ၊ ဒုိင္လူၾကီးက ႏွစ္၀ါ တစ္နီ ျပျပီး ထုတ္ပယ္လိုက္တာပါ။
ပက္ဂြာဒီယုိလာဟာ ခ်က္ျခင္း ဆိုသလို အေဂြးရုိး နဲ႔ ေဒးဗစ္ ေဆးဗားကို ထုတ္ပယ္ကာ ဆာေနး နဲ႔ ကြန္ပနီကို ထည့္သြင္း အသံုးျပဳခဲ့ ပါတယ္။ 85 မီးနစ္ အေရာက္မွာေတာ့ ဆာေနးက ဧရိယာ ထိပ္မွာ ရရွိတဲ့ ဖရီးကစ္ ကေန တဆင့္ တိုက္ရုိတ္ ကန္သြင္းကာ ၊ လွပတဲ့ ေခ်ပဂိုး တစ္ဂိုးကို ျပန္လည္ သြင္းယူ ေပးခဲ့ပါတယ္။ ဂိုး သြင္းအျပီးမွာေတာ့ သူ႔ရဲ႕ အသင္းေဟာင္း ျဖစ္ေနတာေၾကာင့္ ေအာင္ပြဲ ခံခဲ့ျခင္းေတာ့ မရွိခဲ့ ပါဘူး။
89 မီးနစ္ အေရာက္မွာေတာ့ မန္စီးတီး အတြက္ အႏိုင္ဂိုးကို စတာလင္ က သြင္းယူ ေပးလိုက္ပါတယ္။ ဂိုးသမား အီဒါဆင္ ကန္တင္ေပးလိုက္တဲ့ ေဘာလံုးကို စတာလင္က ဆြဲေျပးသြားျပီး ၊ ေရွာ္ေကး ဂိုးသမား နဲ႔ တစ္ေယာက္ခ်င္း အေတြ႔မွာ အပိုင္ ကန္သြင္း သြားခဲ့တာပါ။
မန္စီးတီး ကေတာ့ 2019 ခုႏွစ္ ထဲမွာ သူတို႔ကို တားဆီးလို႔ မျဖစ္ႏိုင္ဘူး ဆိုတာ ေနာက္တစ္ၾကိမ္ ျပသသြားခဲ့ ျပန္ပါျပီ။ တစ္ေယာက္ ေလွ်ာ့ အေနအထား နဲ႔ ရႈံးနိမ့္ေနခဲ့သည့္ တိုင္ေအာင္ ၊ အေ၀းကြင္းမွာ အေရးပါတဲ့ ႏိုင္ပြဲ တစ္ပြဲကို ရယူသြားခဲ့ျပီ ျဖစ္ပါတယ္။
#credit to SM
(Unicode)
ပွဲစလို့ 19 မီးနစ် အရောက်မှာပဲ မန်စီးတီး က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ ပါတယ်။ ဒီဂိုးကို ရှော်ကေး နောက်တန်း ကစားသမားတွေ အာရုံစူးစိုက်မှု နည်းရာ ကနေ တဆင့် ဒေးဗစ်ဆေးဗားက ဘောလုံး ဖြတ်ယူသွားပြီး ၊ ဂိုးရှေ့ကို ပြန်ခင်းပေးလိုက်ရာ ၊ တိုက်စစ်မှုး အဂွေးရိုးက အပိတ် ပိတ်သွင်း ယူသွားခဲ့တာပါ။ ဒီဂိုးကြောင့် အဂွေးရိုးဟာ ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက်မှာ အင်္ဂလန် ကလပ် အသင်း တစ်သင်းအတွက် အဝေးကွင်း 7 ပွဲ ဆက် ဂိုးသွင်းယူတဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့ ပါတယ်။
သူဟာ ဖီယင်နော့ ၊ နာပိုလီ ၊ ရှက်တာ ဒိုးနက် ၊ ဘေဆယ် ၊ ဟော့ဖန်ဟိန်း ၊ လီယွန် နဲ့ ရှော်ကေးတို့ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဆက်တိုက် သွင်းဂိုးတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာတော့ အိမ်ရှင် ရှော်ကေးအသင်းဟာ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးကို ပြန်လည် ချေပနိုင်ဖို့ အတွက် ပြန်လည် တိုက်စစ် ကစားလာခဲ့ ပါတယ်။
37 မီးနစ် အရောက်မှာတော့ မန်စီးတီး တို့ ပင်နယ်တီ ကန်ခွင့် ပေးလိုက် ရပါတယ်။ ရှော်ကေး အသင်းရဲ့ အဝေးကန်ချက်ကို တားဆီးရာမှာ ၊ မန်စီးတီး နောက်တန်း က အော်တာမန်ဒီ လက်နဲ့ ထိခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ် ပေးတဲ့ အပြင် ၊ ကစားသမားကိုလဲ အဝါကဒ် ပြသကာ သတိပေးမှုတွေ ပြုလုပ် သွားခဲ့ ပါတယ်။ ဒီပင်နယ်တီ ကိုတော့ ဘင်တလတ် က အပိုင်ကန်သွင်းပြီး ချေပဂိုး ရယူ ပေးသွားခဲ့ ပါတယ်။
ပထမပိုင်း ပြီးခါနီးမှာတော့ ဖာနန်ဒင်ဟိုဟာ ပြိုင်ဘက် ကစားသမား ဆာလိ ဆာနေးကို ဆွဲလှဲသလို ဖြစ်ခဲ့တာကြောင့် ဒိုင်လူကြီးက နောက်တစ်ကြိမ် ပင်နယ်တီ သတ်မှတ်ပေးလိုက် ပြန်ပါတယ်။ ဒီပင်နယ်တီ ကိုလဲ ဘင်တာလတ် ကပဲ ကန်သွင်းကာ အိမ်ရှင်တို့ အတွက် ဒုတိယ ဦးဆောင်ဂိုး ရယူပေးသွားခဲ့ ပါတယ်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ ချေပဂိုး လိုနေတဲ့ မန်စီးတီးဟာ တိုက်စစ်ကို ပိုပြီး အားထည့် ကစားလာခဲ့ပေမယ့် ၊ သူတို့ရဲ့ ဒီကနေ့ ကစားပုံဟာ ပုံမှန် စွမ်းဆောင်ရည်အောက် အနည်းအငယ်ကို ကျဆင်းနေခဲ့တာပါ။ ရှော်ကေး နောက်တန်းကို ထိရောက်တဲ့ ဖိအားပေးမှုတွေ ပြုလုပ် ထားနိုင်ခဲ့ခြင်း မရှိတဲ့ အပြင် ၊ အခွင့်အရေး ဖန်တီးမှု ပိုင်းကလဲ အားနည်းခဲ့ ပါတယ်။
68 မီးနစ် အရောက်မှာတော့ အော်တာမန်ဒီဟာ တစ်ဝါ တစ်နီနဲ့ ထုတ်ပယ် ခံလိုက် ရပါတယ်။ ပြိုင်ဘက် ကစားသမား ဘရူစတယ်လာကို နောက်ကနေ တားဆီးဖို့ ကြိုးစားစဉ် ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် ၊ ဒိုင်လူကြီးက နှစ်ဝါ တစ်နီ ပြပြီး ထုတ်ပယ်လိုက်တာပါ။
ပက်ဂွာဒီယိုလာဟာ ချက်ခြင်း ဆိုသလို အဂွေးရိုး နဲ့ ဒေးဗစ် ဆေးဗားကို ထုတ်ပယ်ကာ ဆာနေး နဲ့ ကွန်ပနီကို ထည့်သွင်း အသုံးပြုခဲ့ ပါတယ်။ 85 မီးနစ် အရောက်မှာတော့ ဆာနေးက ဧရိယာ ထိပ်မှာ ရရှိတဲ့ ဖရီးကစ် ကနေ တဆင့် တိုက်ရိုတ် ကန်သွင်းကာ ၊ လှပတဲ့ ချေပဂိုး တစ်ဂိုးကို ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။ ဂိုး သွင်းအပြီးမှာတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်နေတာကြောင့် အောင်ပွဲ ခံခဲ့ခြင်းတော့ မရှိခဲ့ ပါဘူး။
89 မီးနစ် အရောက်မှာတော့ မန်စီးတီး အတွက် အနိုင်ဂိုးကို စတာလင် က သွင်းယူ ပေးလိုက်ပါတယ်။ ဂိုးသမား အီဒါဆင် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို စတာလင်က ဆွဲပြေးသွားပြီး ၊ ရှော်ကေး ဂိုးသမား နဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင် ကန်သွင်း သွားခဲ့တာပါ။
မန်စီးတီး ကတော့ 2019 ခုနှစ် ထဲမှာ သူတို့ကို တားဆီးလို့ မဖြစ်နိုင်ဘူး ဆိုတာ နောက်တစ်ကြိမ် ပြသသွားခဲ့ ပြန်ပါပြီ။ တစ်ယောက် လျှော့ အနေအထား နဲ့ ရှုံးနိမ့်နေခဲ့သည့် တိုင်အောင် ၊ အဝေးကွင်းမှာ အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲကို ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။
#credit to SM
Post a Comment