အိမ္ကြင္းမွာယူနိုက္တက္ကိုဒူးေထာက္ခဲ့ရတဲ့လက္ရိွFAခ်န္ပီယံခ်ဲလ္ဆီး
ယေန႔နံနက္ ၂ နာရီအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်ယ္ဆီးအသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ရဲ႕ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီက ခ်ယ္ဆီးအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝင္ဘေလကြင္းမွာ ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး အက္ဖ္ေအဖလားကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။
ပထမပိုင္းစတင္ခ်ိန္ကတည္းက တစ္ဖက္နဲ႔တစ္ဖက္အႀကိတ္အနယ္ရွိခဲ့ၾကၿပီး အျပန္အလွန္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ၾကပါတယ္။ ၃၁ မိနစ္မွာ ေပါ့ဂ္ဘာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဟာရဲရားက ေခါင္းတိုက္သြင္းယူၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက အဖြင့္ဂိုး ရရွိသြားခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းဟာ ေခ်ပဂိုး ရရွိဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္း ေနာက္တန္းကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိခဲ့ဘဲ ၄၅ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေပါ့ဂ္ဘာက ေျပးဝင္ေခါင္းတိုက္သြင္းယူၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။
ဒုတိယပိုင္းမွာ ခ်ယ္ဆီးအသင္းဟာ လူစားလဲလွယ္မႈေတြ ျပဳလုပ္ၿပီး ကစားအားျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ထိေရာက္တဲ့ တိုက္စစ္ဆင္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့ပါဘူး။
မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ေျခစြမ္းမျပႏိုင္တဲ့ လူကာကူေနရာမွာ ဆန္းခ်က္ဇ္ကို ထည့္သြင္းကစားေစခဲ့ၿပီး ကစားအားက်လာတဲ့ မာတာရဲ႕ေနရာမွာ ပါရဲရားကို ထည့္သြင္းကစားေစခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယေန႔ပြဲစဥ္မွာ အႏိုင္ရရွိခဲ့တဲ့အတြက္ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
#credit
(Unicode)
ယနေ့နံနက် ၂ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီက ချယ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝင်ဘလေကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက်အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန် ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၃၁ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ ဖြတ်တင်ပေးပို့မှုကို ဟာရဲရားက ခေါင်းတိုက်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းက အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ချေပဂိုး ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်း နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ ၄၅ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ပေါ့ဂ်ဘာက ပြေးဝင်ခေါင်းတိုက်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းဟာ လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး ကစားအားမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုး မပြုလုပ်နိုင်ခဲ့ပါဘူး။
မန်ချက်စတာယူနိုက်တက်အသင်းကလည်း ခြေစွမ်းမပြနိုင်တဲ့ လူကာကူနေရာမှာ ဆန်းချက်ဇ်ကို ထည့်သွင်းကစားစေခဲ့ပြီး ကစားအားကျလာတဲ့ မာတာရဲ့နေရာမှာ ပါရဲရားကို ထည့်သွင်းကစားစေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Post a Comment