Header Ads


ပ်က္က်သြားတဲ့ ဆာလာရဲ႕ေလယာဥ္ကိုအဂၤလန္ေရလက္ၾကားထဲ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ကာဒစ္ဖ္အသင္းတုိက္စစ္မွဴးအီမီလီယာႏုိဆာလာလုိက္ပါလာၿပီး အဂၤလိပ္ေရလက္ၾကားထဲ ပ်က္က်သြားခဲ့တဲ့ သီးသန္႔ေလယာဥ္ငယ္ကို ပင္လယ္ေရေအာက္ၾကမ္းျပင္မွာ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီလုိ႔ သတင္းထုတ္ျပန္ေၾကညာလုိက္ပါတယ္။

အဂၤလိပ္ေရလက္ၾကားထဲကိုပ်က္က်သြားခဲ့တဲ့ သီးသန္႔ေလယာဥ္ငယ္ကို အသံလိႈင္းနည္းပညာအသံုးျပဳၿပီးရွာေဖြမႈကေန Guernsey ကၽြန္းအနီးမွာ ကနဦးေတြ႕ရွိခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွာ ေရေအာက္ငုပ္ရွာေဖြေရးပစၥည္းနဲ႔ထပ္မံစစ္ေဆးကာ ပင္လယ္ေရေအာက္ၾကမ္းျပင္မွာ ပ်က္က်ေနတာကို အတည္ျပဳႏုိင္ခဲ့တာလုိ႔ သတင္းေတြကဆုိပါတယ္။ 

သိပၸံပညာရွင္ David Mearns ဦးေဆာင္တဲ့ရွာေဖြေရးအဖြဲ႕ဟာ ဆာလာနဲ႔ ေလယာဥ္ေမာင္းတုိ႔လုိက္ပါလာခဲ့တဲ့ေလယာဥ္ပ်က္ကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး ႏွစ္ဦးစလံုးကေတာ့ အသက္ရွင္က်န္ရစ္ဖုိ႔မျဖစ္ႏုိင္ဘူးလုိ႔ သိရပါတယ္။ လက္ရွိမွာ တာ၀န္ရွိသူေတြဟာ ဆာလာနဲ႔ ေလယာဥ္မွဴးေဒးဗစ္အစ္ေဘာ့ဆန္တုိ႔ႏွစ္ဦးစလံုးရဲ႕ မိသားစု၀င္ေတြကို တနဂၤေႏြေန႔နံနက္ပိုင္းက ေလယာဥ္ပ်က္ေတြ႕ရွိမႈန႔ဲပတ္သက္လုိ႔ အေၾကာင္းၾကားခဲ့ၿပီးၿပီလုိ႔ ဆုိပါတယ္။

အသက္ 28 ႏွစ္အရြယ္ ဆာလာဟာ နန္႔တက္စ္ကေန ကာဒစ္ဖ္ကို ကလပ္စံခ်ိန္တင္ေၾကး ေပါင္ 15 သန္းနဲ႔ေျပာင္းေရႊ႕ႏုိင္ခဲ့ၿပီးေနာက္ အသင္းေဖာ္ေဟာင္းေတြကို သြားေရာက္ႏႈတ္ဆက္ကာ အျပန္ခရီးမွာ ေလယာဥ္ငယ္နဲ႔အတူေပ်ာက္ဆံုးသြားခဲ့တာပါ။ 

အေစာပိုင္းက ရဲတပ္ဖြဲ႕ဟာ ရွာေဖြမႈေတြကိုအဆံုးသတ္ခဲ့ေသးေပမယ့္ မက္ဆီအပါအ၀င္ ထိပ္တန္းေဘာလံုးသမားေတြက ရွာေဖြေရးျပန္စဖုိ႔ ေငြေၾကးလွဴဒါန္းခဲ့ၾကတဲ့အျပင္ လက္မွတ္ေရးထုိးေတာင္းဆိုမႈေတြလည္းျပဳလုပ္ခဲ့ၾကလုိ႔ ကၽြမ္းက်င္သူေတြအကူအညီန႔ဲ ရွာေဖြေရးျပန္လုပ္ႏုိင္ခဲ့တာပါ။ တနဂၤေႏြေန႔နံနက္ပိုင္းက အဆုိပါေလယာဥ္ငယ္ကုိ ျပန္လည္ရွာေတြ႕ခဲ့တာျဖစ္ၿပီး ဆာလာရဲ႕မိသားစုဟာ Guernsey ကၽြန္းကေလဆိပ္ကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒီျဖစ္ရပ္ကိုအေသးစိတ္စစ္ေဆးမႈေတြထပ္လုပ္ေနၿပီး တနလၤာေန႔မွာေတာ့ တရား၀င္သတင္းစာရွင္းလင္းပြဲျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။


(Unicode)

ပျက်ကျသွားတဲ့ ဆာလာရဲ့လေယာဉ်ကိုအင်္ဂလန်ရေလက်ကြားထဲ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီ


ကာဒစ်ဖ်အသင်းတိုက်စစ်မှူးအီမီလီယာနိုဆာလာလိုက်ပါလာပြီး အင်္ဂလိပ်ရေလက်ကြားထဲ ပျက်ကျသွားခဲ့တဲ့ သီးသန့်လေယာဉ်ငယ်ကို ပင်လယ်ရေအောက်ကြမ်းပြင်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

အင်္ဂလိပ်ရေလက်ကြားထဲကိုပျက်ကျသွားခဲ့တဲ့ သီးသန့်လေယာဉ်ငယ်ကို အသံလှိုင်းနည်းပညာအသုံးပြုပြီးရှာဖွေမှုကနေ Guernsey ကျွန်းအနီးမှာ ကနဦးတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ရေအောက်ငုပ်ရှာဖွေရေးပစ္စည်းနဲ့ထပ်မံစစ်ဆေးကာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ ပျက်ကျနေတာကို အတည်ပြုနိုင်ခဲ့တာလို့ သတင်းတွေကဆိုပါတယ်။ သိပ္ပံပညာရှင် David Mearns ဦးဆောင်တဲ့ရှာဖွေရေးအဖွဲ့ဟာ ဆာလာနဲ့ လေယာဉ်မောင်းတို့လိုက်ပါလာခဲ့တဲ့လေယာဉ်ပျက်ကို တွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးကတော့ အသက်ရှင်ကျန်ရစ်ဖို့မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ လက်ရှိမှာ တာဝန်ရှိသူတွေဟာ ဆာလာနဲ့ လေယာဉ်မှူးဒေးဗစ်အစ်ဘော့ဆန်တို့နှစ်ဦးစလုံးရဲ့ မိသားစုဝင်တွေကို တနင်္ဂနွေနေ့နံနက်ပိုင်းက လေယာဉ်ပျက်တွေ့ရှိမှုနဲ့ပတ်သက်လို့ အကြောင်းကြားခဲ့ပြီးပြီလို့ ဆိုပါတယ်။

အသက် 28 နှစ်အရွယ် ဆာလာဟာ နန့်တက်စ်ကနေ ကာဒစ်ဖ်ကို ကလပ်စံချိန်တင်ကြေး ပေါင် 15 သန်းနဲ့ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် အသင်းဖော်ဟောင်းတွေကို သွားရောက်နှုတ်ဆက်ကာ အပြန်ခရီးမှာ လေယာဉ်ငယ်နဲ့အတူပျောက်ဆုံးသွားခဲ့တာပါ။ အစောပိုင်းက ရဲတပ်ဖွဲ့ဟာ ရှာဖွေမှုတွေကိုအဆုံးသတ်ခဲ့သေးပေမယ့် မက်ဆီအပါအဝင် ထိပ်တန်းဘောလုံးသမားတွေက ရှာဖွေရေးပြန်စဖို့ ငွေကြေးလှူဒါန်းခဲ့ကြတဲ့အပြင် လက်မှတ်ရေးထိုးတောင်းဆိုမှုတွေလည်းပြုလုပ်ခဲ့ကြလို့ ကျွမ်းကျင်သူတွေအကူအညီနဲ့ ရှာဖွေရေးပြန်လုပ်နိုင်ခဲ့တာပါ။ တနင်္ဂနွေနေ့နံနက်ပိုင်းက အဆိုပါလေယာဉ်ငယ်ကို ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပြီး ဆာလာရဲ့မိသားစုဟာ Guernsey ကျွန်းကလေဆိပ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအသေးစိတ်စစ်ဆေးမှုတွေထပ်လုပ်နေပြီး တနင်္လာနေ့မှာတော့ တရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

No comments

Powered by Blogger.