Header Ads


ပရီးမီးယားလိပ္သမိုင္းတစ္ေလ ွ်ာက္အေကာင္းဆံုးစံခ်ိန္သစ္ကိုရယူနိုင္ခဲ့တဲ့ အိုေလးဂန္နာဆိုးလ္ရွား


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ မေန ့ညကကစားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ ့ပြဲမွာ အသင္းလူစာရင္းမွာဒဏ္ရာေတြဗလပြနဲ ့ျဖစ္ေနခဲ့ေသာ္လည္း အေကာင္းဆံုးကစားျပနိုင္ခဲ့ကာ ရံႈးပြဲမၾကံဳေတြ ့ေအာင္ကစားျပခဲ့ပါတယ္။

ယူနိုက္တက္ရဲ့ ယာယီနည္းျပအျဖစ္ေဆာင္ရြက္ေနတဲ့ အိုေလးဂန္နာဆိုးလ္ရွားကေတာ့ ပရီးမီးယားလိပ္သမိုင္းတစ္ေလ ွ်ာက္ နည္းျပသစ္ေတြထဲ ပြဲေပါင္း ၁၀ ပြဲျဖင့္ ရမွတ္ ၂၆မွတ္အထိ အျမင့္ဆံုးရယူနိုင္ခဲ့တဲ့ ပထမဆံုးနည္းျပအျဖစ္စံခ်ိန္တင္မွတ္တမ္း၀င္သြားခဲ့တာပဲျဖစ္ပါတယ္။သူဟာ ယူနိုက္တက္အသင္းကို လိပ္ပြဲရံႈးပြဲမရိွေအာင္စြမ္းေဆာင္ေပးထားၿပီး အခါးသီးဆံုးၿပိဳင္ဘက္ျဖစ္တဲ့လီဗာပူးလ္ကို - သေရက်ေအာင္ကစားနိုင္ခဲ့ပါတယ္။ဒါ့အျပင္ ဆိုးလ္ရွားဟာ ကလပ္သမိုင္းတစ္ေလ ွ်ာက္ ၆ပြဲဆက္အနိုင္ရယူခဲ့တဲ့ နည္းျပအျဖစ္ မွတ္တမ္း၀င္ထားတာပဲျဖစ္ပါတယ္။





ယူနိုက္တက္ရဲ ့အၿမဲတမ္းနည္းျပျဖစ္ဖို ့နီးစပ္ေနတဲ့ ဆိုးလ္ရွားကေတာ့ မေန ့ညက ပြဲမွာ အသင္းရဲ ့အဓိကကစားသမားေတြဒဏ္ရာရရိွခဲ့တဲ့အေပၚ စိတ္ပ်က္ၿငီးတြားေျပာဆိုခဲ့ၿပီး အသင္းရဲ့တုိက္စစ္မွဴး မာကပ္စ္ရပ္ဖို ့ဒ္ေတာင္ ဒဏ္ရာရရိွေနတဲ့ၾကားက ပြဲကိုထိန္းၿပီး ကစားသြားရတယ္လို ့ဆိုလိုက္ပါတယ္။



"ေဘာလံုးေလာကမွာ ခင္ဗ်ား အံ့ၾသမွင္သက္ေနလို႔ မရဘူး။ အရာရာတိုင္းအတြက္ အျမဲအဆင္သင့္ျဖစ္ေနဖို႔ လိုတယ္။ ပထမပိုင္းမွာတင္ ကစားသမားသံုးေယာက္ကို တံေကာက္ေၾကာဒဏ္ရာကိုယ္စီနဲ႔ လက္လႊတ္ခဲ့ရတယ္။ ရပ္ဖို ့ဒ္ကိုလည္း လူစားလဲခဲ့သင့္တာပါ။ ဟန္ဒါဆင္က ရပ္ဖို ့ဒ္ကို ၾကမ္းၾကမ္းရမ္းရမ္းေတြကစားေနတာ။ Foul ခံရပါမ်ားေတာ့ သူ႔ေျခက်င္းဝတ္ဟာေဘာလံုး တစ္လံုးလိုပဲ၊ ေပ်ာ့တြဲေနေတာ့တာ။ ဒါေပမယ့္ ရပ္ဖဖို ့ဒ္ က ရဲရင့္တဲ့စစ္သည္ေတာ္တစ္ေယာက္ပါ။ ဒါ ဘာအဓိပၸါယ္လဲဆိုတာ သူ ေကာင္းေကာင္းသိတယ္။ လူစားလဲအခြင့္အေရးသံုးခုစလံုးကုန္သြားၿပီမို႔ သူ႔ကို က်ေနာ္တို႔ ကြင္းထဲမွာဆက္ထားခဲ့ရတယ္။ အေကာင္းျမင္ ဝါဒီေတြအမ်ားႀကီးနဲ႔ ဒီကေန႔ပြဲကို ခင္ဗ်ားတို႔ေရာက္လာ တယ္။ ပရိသတ္ေတြက က်ေနာ္တို႔ရဲ႕၁၁ေယာက္ေျမာက္ ကစားသမားျဖစ္ခဲ့တယ္။ ရပ္ဖို ့ဒ္ကို တစ္ဝက္တည္းပဲ အသံုးခ်ခြင့္ရေနတဲ့အခ်ိန္မွာ လူအုပ္ႀကီးက အေကာင္းဆံုး ျဖစ္ခဲ့တယ္။ တကယ္လို႔မ်ား စေမာလင္း သာ တိုက္စစ္မႈး တစ္ေယာက္ဆိုရင္ ပြဲၿပီးခါနီးရတဲ့အဲဒီအခြင့္အေရးကေန သူ ဂိုးသြင္းႏိုင္ခဲ့မွာပါ။ လင္ဂတ္ ရဲ႕ ပထမပိုင္းမၿပီးခင္ရတဲ့ အခြင့္အေရးလည္းပါတာေပါ့။ အဓိက,ကစားသမား တစ္ခ်ိဳ႕ ဒဏ္ရာရခဲ့ေပမယ့္ က်ေနာ္တို႔မွာ အကယ္ဒမီက တက္လာတဲ့ ေျခစြမ္းေကာင္းတဲ့ကေလးေတြ ႐ွိပါတယ္။ ဒီေတာ့ ေ႐ွ႕လာမယ့္ပဲေလ့စ္နဲ႔ပြဲမွာ က်ေနာ့္လက္ထဲ ကစားသမား၁၁ေယာက္အျပည့္႐ွိေနမွာပါ၊ ဒီအတြက္ မပူပါနဲ႔။ ကံေကာင္းခ်င္ေတာ့ က်ေနာ္တို႔မွာ နားရက္၂ရက္ ႐ွိေနတယ္




 “ ဒီေန႔ပဲြမွာ ကစားသမားအေတာ္မ်ားမ်ားရဲ႕အေၾကာင္း ေလ့လာခြင့္ရခဲ့တယ္ မက္ေတာ္မီေနးရဲ႕အေၾကာင္းကိုလည္း ပိုသိလာခဲ့ပါတယ္ ဒီေန႔ပဲြမွာေတာ့ သူဟာက်ေနာ္တို႔ရဲ႕ ဒါရင္း ဖလက္ခ်ာပါပဲ “  လို Sky Sports နဲ ့ေတြ ့ဆံုစဥ္မွာ ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

(Unicode)


ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက်အကောင်းဆုံးစံချိန်သစ်ကိုရယူနိုင်ခဲ့တဲ့ အိုလေးဂန်နာဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညကကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲမှာ အသင်းလူစာရင်းမှာဒဏ်ရာတွေဗလပွနဲ့ဖြစ်နေခဲ့သော်လည်း အကောင်းဆုံးကစားပြနိုင်ခဲ့ကာ ရှုံးပွဲမကြုံတွေ့အောင်ကစားပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ်ဆောင်ရွက်နေတဲ့ အိုလေးဂန်နာဆိုးလ်ရှားကတော့ ပရီးမီးယားလိပ်သမိုင်းတစ်လေ ျှာက် နည်းပြသစ်တွေထဲ ပွဲပေါင်း ၁၀ ပွဲဖြင့် ရမှတ် ၂၆မှတ်အထိ အမြင့်ဆုံးရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်စံချိန်တင်မှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်။သူဟာ ယူနိုက်တက်အသင်းကို လိပ်ပွဲရှုံးပွဲမရှိအောင်စွမ်းဆောင်ပေးထားပြီး အခါးသီးဆုံးပြိုင်ဘက်ဖြစ်တဲ့လီဗာပူးလ်ကို ဝ-၀ သရေကျအောင်ကစားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆိုးလ်ရှားဟာ ကလပ်သမိုင်းတစ်လေ ျှာက် ၆ပွဲဆက်အနိုင်ရယူခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ထားတာပဲဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြဖြစ်ဖို့နီးစပ်နေတဲ့ ဆိုးလ်ရှားကတော့ မနေ့ညက ပွဲမှာ အသင်းရဲ့အဓိကကစားသမားတွေဒဏ်ရာရရှိခဲ့တဲ့အပေါ် စိတ်ပျက်ငြီးတွားပြောဆိုခဲ့ပြီး အသင်းရဲ့တိုက်စစ်မှူး မာကပ်စ်ရပ်ဖို့ဒ်တောင် ဒဏ်ရာရရှိနေတဲ့ကြားက ပွဲကိုထိန်းပြီး ကစားသွားရတယ်လို့ဆိုလိုက်ပါတယ်။

"ဘောလုံးလောကမှာ ခင်ဗျား အံ့သြမှင်သက်နေလို့ မရဘူး။ အရာရာတိုင်းအတွက် အမြဲအဆင်သင့်ဖြစ်နေဖို့ လိုတယ်။ ပထမပိုင်းမှာတင် ကစားသမားသုံးယောက်ကို တံကောက်ကြောဒဏ်ရာကိုယ်စီနဲ့ လက်လွှတ်ခဲ့ရတယ်။ ရပ်ဖို့ဒ်ကိုလည်း လူစားလဲခဲ့သင့်တာပါ။ ဟန်ဒါဆင်က ရပ်ဖို့ဒ်ကို ကြမ်းကြမ်းရမ်းရမ်းတွေကစားနေတာ။ Foul ခံရပါများတော့ သူ့ခြေကျင်းဝတ်ဟာဘောလုံး တစ်လုံးလိုပဲ၊ ပျော့တွဲနေတော့တာ။ ဒါပေမယ့် ရပ်ဖဖို့ဒ် က ရဲရင့်တဲ့စစ်သည်တော်တစ်ယောက်ပါ။ ဒါ ဘာအဓိပ္ပါယ်လဲဆိုတာ သူ ကောင်းကောင်းသိတယ်။ လူစားလဲအခွင့်အရေးသုံးခုစလုံးကုန်သွားပြီမို့ သူ့ကို ကျနော်တို့ ကွင်းထဲမှာဆက်ထားခဲ့ရတယ်။ အကောင်းမြင် ဝါဒီတွေအများကြီးနဲ့ ဒီကနေ့ပွဲကို ခင်ဗျားတို့ရောက်လာ တယ်။ ပရိသတ်တွေက ကျနော်တို့ရဲ့၁၁ယောက်မြောက် ကစားသမားဖြစ်ခဲ့တယ်။ ရပ်ဖို့ဒ်ကို တစ်ဝက်တည်းပဲ အသုံးချခွင့်ရနေတဲ့အချိန်မှာ လူအုပ်ကြီးက အကောင်းဆုံး ဖြစ်ခဲ့တယ်။ တကယ်လို့များ စမောလင်း သာ တိုက်စစ်မှုး တစ်ယောက်ဆိုရင် ပွဲပြီးခါနီးရတဲ့အဲဒီအခွင့်အရေးကနေ သူ ဂိုးသွင်းနိုင်ခဲ့မှာပါ။ လင်ဂတ် ရဲ့ ပထမပိုင်းမပြီးခင်ရတဲ့ အခွင့်အရေးလည်းပါတာပေါ့။ အဓိက,ကစားသမား တစ်ချို့ ဒဏ်ရာရခဲ့ပေမယ့် ကျနော်တို့မှာ အကယ်ဒမီက တက်လာတဲ့ ခြေစွမ်းကောင်းတဲ့ကလေးတွေ ရှိပါတယ်။ ဒီတော့ ရှေ့လာမယ့်ပဲလေ့စ်နဲ့ပွဲမှာ ကျနော့်လက်ထဲ ကစားသမား၁၁ယောက်အပြည့်ရှိနေမှာပါ၊ ဒီအတွက် မပူပါနဲ့။ ကံကောင်းချင်တော့ ကျနော်တို့မှာ နားရက်၂ရက် ရှိနေတယ်" 

 “ ဒီနေ့ပွဲမှာ ကစားသမားအတော်များများရဲ့အကြောင်း လေ့လာခွင့်ရခဲ့တယ် ။ မက်တော်မီနေးရဲ့အကြောင်းကိုလည်း ပိုသိလာခဲ့ပါတယ် ။ ဒီနေ့ပွဲမှာတော့ သူဟာကျနော်တို့ရဲ့ ဒါရင်း ဖလက်ချာပါပဲ ။ “  လို့ Sky Sports နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။


No comments

Powered by Blogger.