Header Ads


အိုလ္ေဇးလ္နဲ ့မခ္ခီတာရန္းတို ့ရဲ့ေပါင္းစည္းေပါက္ကြဲအားကို ျပသလိုက္တဲ့အာဆင္နယ္၅-၁ဘုန္းေမာက္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္အသင္းဟာ အိုလ္ေဇးလ္၊မခ္ခီတာရမ္တို ့ရဲ ့အတြဲညီေပါင္းစပ္ထားတဲ့ကစားဟန္ေတြကေန အိမ္ကြင္းမွာ ဘုန္းေမာက္အသင္းကို သက္ေသာင့္သက္သာ ဂိုးျပတ္အနိုင္ယူခဲ့ၿပီး အမွတ္ေပးဇယားရဲ ့အဆင့္၄မွာရပ္တည္လ်က္ရွိေနပါတယ္။

မီဆြတ္အိုလ္ေဇးလ္အတြက္ေတာ့ ယခုပရီးမီးယားလိပ္ပြဲမွာ သြင္းဂိုး ၁ဂိုးအျပင္ ဂိုးဖန္တီးေပးမႈပါျပဳလုပ္နိုင္ခဲ့တာကိုေတြ ့ရပါတယ္။နည္းျပအူနိုင္းအမ္မရီရဲ ့လက္ေအာက္မွာေခ်ာင္းထိုးခံခဲ့ရတဲ့ အိုလ္ေဇးလ္ဟာ ယခုလက္ရိွအာဆင္နယ္အသင္းအတြက္ပြဲထြက္ခြင့္ရတဲ့ပြဲေတြမွာ ေျခစြမ္းျပကစားေနခဲ့တာပဲျဖစ္ပါတယ္။



 ပြဲအစ၄မိနစ္မွာတင္ကိုလာဆစ္နစ္ရဲ ့ေပးပို ့မႈကေန အိုလ္ေဇးလ္တစ္ေယာက္ေျပးထြက္သြားခဲ့ၿပီး ဂိုးသမားကို လွလွပပေက်ာ္သြင္းျပခဲ့သလို ပြဲကစားခ်ိ္္န္ ၂၇မိနစ္မွာ မခ္ခီတာရန္းရဲ ့သြင္းဂိုးကို အိုလ္ေဇးလ္က လွလွပပဖန္တီးေပးခဲ့တာပဲျဖစ္ပါတယ္။




ဒါပင္မယ့္လည္း ဘုန္းေမာက္အသင္းရဲ့ ကစားသမား ဂို ့စ္ဆလင္က ဂြမ္ဒိုဇီရဲ ့ဆံုးျဖတ္ခ်က္အမွားကေန ေဘာလံုးကရယူေပးပိုခဲ့ကာ မိုဆက္ကေခ်ပဂိုးသြင္းယူသြားခဲ့တာပဲျဖစ္ပါတယ္။



ေခ်ပဂိုးရသြားတဲ့ဘုန္းေမာက္အသင္းဟာ ပိုမိုဖိအားေပးကစားလာခဲ့ေသာ္လည္း ပြဲကစားခ်ိန္ ၄၇မိနစ္အေရာက္မွာ မခ္ခီတာရန္းရဲ ့ဖန္တီးေပးမႈကေန ကိုဆီရယ္နီက တတိယဦးေဆာင္ဂိုးသြင္းယူသြားခဲ့ပါတယ္။




ပြဲကစားခ်ိန္ ၅၉  မိနစ္အေရာက္မွာေတာ့ မခ္ခီတာရန္းရဲ ့ထပ္မံဖန္တီးေပးမႈကေန အူဘာမီးယန္းက ၄လံုးေျမာက္ဂိုးကိုသြင္းယူေပးခဲ့ၿပီး ေနာက္ဆံုးပိတ္အာဆင္နယ္တို ့ရဲ ့သြင္းဂိုးကို ပြဲကစားခ်ိန္၇၈ မိနစ္အေရာက္မွာလာကာဇက္က ဖရီးကစ္ကေနသြင္းယူသြားခဲ့တာပဲျဖစ္ပါတယ္။





ဒီပြဲနိုင္ပြဲေၾကာင့္ အာဆင္နယ္အသင္းဟာ အဆင့္ ၃ေနရာကေတာ့တင္ဟမ္အသင္းနဲ ့၄မွတ္သာကြာဟေတာ့ၿပီး ရာသီကုန္ခ်န္ပီယံလိပ္၀င္ခြင့္ရဖို ့စိတ္ဓာတ္ပိုင္းအရေရာ ေျခစြမ္းပိုင္းအရ အေျခအေနအေတာ္ေလးေကာင္းသြားခဲ့ၿပီပဲျဖစ္ပါတယ္။

(Unicode)


အိုလ်ဇေးလ်နဲ့မခ်ခီတာရန်းတို့ရဲ့ပေါင်းစည်းပေါက်ကွဲအားကို ပြသလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အိုလ်ဇေးလ်၊မခ်ခီတာရမ်တို့ရဲ့အတွဲညီပေါင်းစပ်ထားတဲ့ကစားဟန်တွေကနေ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို သက်သောင့်သက်သာ ဂိုးပြတ်အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားရဲ့အဆင့်၄မှာရပ်တည်လျက်ရှိနေပါတယ်။

မီဆွတ်အိုလ်ဇေးလ်အတွက်တော့ ယခုပရီးမီးယားလိပ်ပွဲမှာ သွင်းဂိုး ၁ဂိုးအပြင် ဂိုးဖန်တီးပေးမှုပါပြုလုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။နည်းပြအူနိုင်းအမ်မရီရဲ့လက်အောက်မှာချောင်းထိုးခံခဲ့ရတဲ့ အိုလ်ဇေးလ်ဟာ ယခုလက်ရှိအာဆင်နယ်အသင်းအတွက်ပွဲထွက်ခွင့်ရတဲ့ပွဲတွေမှာ ခြေစွမ်းပြကစားနေခဲ့တာပဲဖြစ်ပါတယ်။

 ပွဲအစ၄မိနစ်မှာတင်ကိုလာဆစ်နစ်ရဲ့ပေးပို့မှုကနေ အိုလ်ဇေးလ်တစ်ယောက်ပြေးထွက်သွားခဲ့ပြီး ဂိုးသမားကို လှလှပပကျော်သွင်းပြခဲ့သလို ပွဲကစားချိ်န် ၂၇မိနစ်မှာ မခ်ခီတာရန်းရဲ့သွင်းဂိုးကို အိုလ်ဇေးလ်က လှလှပပဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း ဘုန်းမောက်အသင်းရဲ့ ကစားသမား ဂို့စ်ဆလင်က ဂွမ်ဒိုဇီရဲ့ဆုံးဖြတ်ချက်အမှားကနေ ဘောလုံးကရယူပေးပိုခဲ့ကာ မိုဆက်ကချေပဂိုးသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။

ချေပဂိုးရသွားတဲ့ဘုန်းမောက်အသင်းဟာ ပိုမိုဖိအားပေးကစားလာခဲ့သော်လည်း ပွဲကစားချိန် ၄၇မိနစ်အရောက်မှာ မခ်ခီတာရန်းရဲ့ဖန်တီးပေးမှုကနေ ကိုဆီရယ်နီက တတိယဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ပွဲကစားချိန် ၅၉  မိနစ်အရောက်မှာတော့ မခ်ခီတာရန်းရဲ့ထပ်မံဖန်တီးပေးမှုကနေ အူဘာမီးယန်းက ၄လုံးမြောက်ဂိုးကိုသွင်းယူပေးခဲ့ပြီး နောက်ဆုံးပိတ်အာဆင်နယ်တို့ရဲ့သွင်းဂိုးကို ပွဲကစားချိန်၇၈ မိနစ်အရောက်မှာလာကာဇက်က ဖရီးကစ်ကနေသွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အဆင့် ၃နေရာကတော့တင်ဟမ်အသင်းနဲ့၄မှတ်သာကွာဟတော့ပြီး ရာသီကုန်ချန်ပီယံလိပ်ဝင်ခွင့်ရဖို့စိတ်ဓာတ်ပိုင်းအရရော ခြေစွမ်းပိုင်းအရ အခြေအနေအတော်လေးကောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။


No comments

Powered by Blogger.