Header Ads


Knuckle ballစေကးလ္ကိုအေကာင္းဆံုးလုပ္ျပနိုင္ေသးေၾကာင္းသက္ေသျပခဲ့တဲ့ရိုနယ္ဒို

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အရင္က စီေရာ္နယ္ဒိုပင္နယ္တီကန္ဖို႔ ေျပးလာခ်ိန္မွာ ေဘာလံုးက သူမကန္ခင္အနည္းငယ္ေျမာက္လာတာကို ပရိတ္သတ္ေတြျမင္ေတြ႕ခဲ့ျကပါေသးတယ္။အခုလည္းေတာ္ရံုလုပ္ျပဖို႔မလြယ္တဲ့ပံုစံမ်ိဳးကန္ျပခဲ့ပါတယ္။အားပါျပင္ထန္းတဲ့free - kickကန္ခ်က္ေတြမွာဂုရုျကီးတစ္ေယာက္ျဖစ္ေျကာင္းကို မန္ယူ,ရီးရဲ,ေပၚတူဂီအသင္းေတြနဲ႔အတူ စီေရာ္နယ္ဒိုအျကိမ္ျကိမ္သက္ေသျပခဲ့ျပီးပါျပီ။

သူဟာ knuckball လို ့ေခၚတဲ့ ေျခညိွဳးနဲ ့ေျခခလယ္ၾကားက အားကို ပိုအသံုးျပဳၿပီး ေဘာလံုးကို တစ္ဖက္ဂိုးသမားမထင္မွတ္တဲ့ေနရာကိုေရာက္ေအာင္ကန္သြင္းနိုင္တဲ့အရည္အခ်င္းကိုေကာင္းေကာင္းပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။



အခု34နွစ္အရြယ္မွာလည္းဒီလို သူလုပ္နိုင္ပါေသးတယ္။

ရီးရဲမက္ဒရစ္ကေနထြက္ခြာလာျပီးေနာက္ မက္ဒရစ္ေျမကိုျပန္လာခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲကေတာ့ သူ႔အတြက္လာျခင္းမေကာင္းခဲ့ပါဘူး။ဒီပြဲမွာေျခစြမ္းမျပနိုင္ခဲ့တဲ့အျပင္ အက္သလက္တီကို ပရိတ္သတ္ေတြကလည္း အခြန္ေရွာင္လႊဲတဲ့ကိစၥနဲ႔ပတ္သတ္ျပီး ေရာ္နယ္ဒိုကိုပစ္မွတ္ထားေလွာင္ေျပာင္ခဲ့ပါတယ္။စီေရာ္နယ္ဒိုကေတာ့ သူဟာခ်န္ပီယံလိဂ္ဖလားငါးျကိမ္ရဖူးျပီး အက္သလက္တီကိုအသင္းကတစ္ျကိမ္ေတာင္မရခဲ့ဘူးဆိုတဲ့သေဘာနဲ႔ လက္ငါးေခ်ာင္းေထာင္ျပီးတုန္ျပန္ခဲ့ပါတယ္။



လက္ငါးေခ်ာင္းက သူBallon d'Orဆုရတဲ့အျကိမ္အေရအတြက္လည္းျဖစ္ေပမယ့္ ရီးရဲနဲ႔အတူ UCLဗိုလ္ပြဲမွာ အက္သလက္တီကိုအသင္းကိုနွစ္ျကိမ္ေတာင္အသည္းခြဲဖူးတာျဖစ္လို႔ ခ်န္ပီယံလိဂ္ဖလားအေရအတြက္ကိုပဲဆိုလိုတာျဖစ္နိုင္ပါတယ္။ဒါေပမယ့္ ဂ်ဴဗင္တပ္အေနနဲ႔စပိန္ေျမမွာ အေဝးဂိုးမရခဲ့ပဲ 2-0နဲ႔ရံႈးနိမ့္ခဲ့တာေျကာင့္ေနာက္တစ္ဆင့္တက္ဖို႔ခက္ခဲသြားတာအမွန္ပါပဲ။ဒါေတာင္မိုရာတာရဲ႕ဂိုးVARစနစ္ျကည့္ျပီးပယ္ဖ်က္ခဲ့တာေျကာင့္သာ ဒီထက္ဂိုးျပတ္မရံႈးခဲ့တာပါ။




တကယ္လို႔စီေရာ္နယ္ဒိုအေနနဲ႔ ရံႈးထြက္အဆင့္ေတြကိုေက်ာ္ျဖတ္ျပီးဂ်ဴဗင္နဲ႔ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့မယ္ဆိုရင္ေတာ့ တျခားကစားသမားေတြအိမ္မက္ေတာင္မက္ဖို႔ခက္တဲ့ မတူညီတဲ့အသင္းသံုးသင္းနဲ႔ခ်န္ပီယံလိဂ္ေျခာက္ျကိမ္ရကစားသမားဆိုတဲ့ဂုဏ္ပုဒ္ကိုပိုင္ဆိုင္သြားမွာျဖစ္ပါတယ္။

(Unicode)

အရင်က စီရော်နယ်ဒိုပင်နယ်တီကန်ဖို့ ပြေးလာချိန်မှာ ဘောလုံးက သူမကန်ခင်အနည်းငယ်မြောက်လာတာကို ပရိတ်သတ်တွေမြင်တွေ့ခဲ့ကြပါသေးတယ်။အခုလည်းတော်ရုံလုပ်ပြဖို့မလွယ်တဲ့ပုံစံမျိုးကန်ပြခဲ့ပါတယ်။အားပါပြင်ထန်းတဲ့free - kickကန်ချက်တွေမှာဂုရုကြီးတစ်ယောက်ဖြစ်ကြောင်းကို မန်ယူ,ရီးရဲ,ပေါ်တူဂီအသင်းတွေနဲ့အတူ စီရော်နယ်ဒိုအကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီ။

သူဟာ knuckball လို့ခေါ်တဲ့ ခြေညှိုးနဲ့ခြေခလယ်ကြားက အားကို ပိုအသုံးပြုပြီး ဘောလုံးကို တစ်ဖက်ဂိုးသမားမထင်မှတ်တဲ့နေရာကိုရောက်အောင်ကန်သွင်းနိုင်တဲ့အရည်အချင်းကိုကောင်းကောင်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

အခု34နှစ်အရွယ်မှာလည်းဒီလို သူလုပ်နိုင်ပါသေးတယ်။

ရီးရဲမက်ဒရစ်ကနေထွက်ခွာလာပြီးနောက် မက်ဒရစ်မြေကိုပြန်လာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကတော့ သူ့အတွက်လာခြင်းမကောင်းခဲ့ပါဘူး။ဒီပွဲမှာခြေစွမ်းမပြနိုင်ခဲ့တဲ့အပြင် အက်သလက်တီကို ပရိတ်သတ်တွေကလည်း အခွန်ရှောင်လွှဲတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရော်နယ်ဒိုကိုပစ်မှတ်ထားလှောင်ပြောင်ခဲ့ပါတယ်။စီရော်နယ်ဒိုကတော့ သူဟာချန်ပီယံလိဂ်ဖလားငါးကြိမ်ရဖူးပြီး အက်သလက်တီကိုအသင်းကတစ်ကြိမ်တောင်မရခဲ့ဘူးဆိုတဲ့သဘောနဲ့ လက်ငါးချောင်းထောင်ပြီးတုန်ပြန်ခဲ့ပါတယ်။

လက်ငါးချောင်းက သူBallon d'Orဆုရတဲ့အကြိမ်အရေအတွက်လည်းဖြစ်ပေမယ့် ရီးရဲနဲ့အတူ UCLဗိုလ်ပွဲမှာ အက်သလက်တီကိုအသင်းကိုနှစ်ကြိမ်တောင်အသည်းခွဲဖူးတာဖြစ်လို့ ချန်ပီယံလိဂ်ဖလားအရေအတွက်ကိုပဲဆိုလိုတာဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဂျူဗင်တပ်အနေနဲ့စပိန်မြေမှာ အဝေးဂိုးမရခဲ့ပဲ 2-0နဲ့ရှုံးနိမ့်ခဲ့တာကြောင့်နောက်တစ်ဆင့်တက်ဖို့ခက်ခဲသွားတာအမှန်ပါပဲ။ဒါတောင်မိုရာတာရဲ့ဂိုးVARစနစ်ကြည့်ပြီးပယ်ဖျက်ခဲ့တာကြောင့်သာ ဒီထက်ဂိုးပြတ်မရှုံးခဲ့တာပါ။

တကယ်လို့စီရော်နယ်ဒိုအနေနဲ့ ရှုံးထွက်အဆင့်တွေကိုကျော်ဖြတ်ပြီးဂျူဗင်နဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့မယ်ဆိုရင်တော့ တခြားကစားသမားတွေအိမ်မက်တောင်မက်ဖို့ခက်တဲ့ မတူညီတဲ့အသင်းသုံးသင်းနဲ့ချန်ပီယံလိဂ်ခြောက်ကြိမ်ရကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

No comments

Powered by Blogger.