Header Ads


El Clásico ပြဲရဲ့ အနိုင္ဂိုးရွင္ျဖစ္မယ့္မဟာအခြင့္အေရးၾကီးကိုလြဲေခ်ာ္ခဲ့တဲ့ဂရတ္ေဘးလ္(စပိန္ဘုရင့္ဖလား)


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညက စပိန္ဘုရင့္ဖလားဆီမီးဖိုင္နယ္ပေက်ာ့အျဖစ္ ဘာစီလိုနာအသင္းနဲ ့ရီးရဲလ္မက္ဒရစ္အသင္းတို ့ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး - သေရရလဒ္ထြက္ေပၚခဲ့ပါတယ္။

အဆိုပါပြဲမွာေတာ့ ပြဲကစားခ်ိန္မိနစ္၉၀ ၿပီးခါနီးမွာ - သေရက်ေနတဲ့ရလဒ္ကို ရီးရဲလ္အတြက္အနိုင္ရလဒ္ေဖာ္ေဆာင္နိုင္မယ့္မဟာအခြင့္အေရးၾကီးအား ဂရတ္ေဘးလ္တစ္ေယာက္ရရိွခဲ့ေသာ္လည္းအေကာင္းဆံုးအသံုးမခ်နိုင္ခဲ့ပါဘူး။

ဘာစီလိုနာဂိုးသမားတာစတန္ဂန္ရဲ ့ပယ္နယ္တီဧရိယာထိပ္ကေန တက္ၿပီးျဖတ္ထုတ္ရာကေန ရီးရဲလ္ကစားသမားေတြဆီေဘာလံုးရသြားခဲ့တာျဖစ္ၿပီး အသက္၂၆ နွစ္အရြယ္ ဂ်ာမန္ဂိုးသမားလည္း သူ ့ရဲ ့ေနရာကိုျပန္ဖို ့မျဖစ္နိုင္ေတာ့မွန္းသိခဲ့ပံုရၿပီး ေဘာလံုးဟာဂရတ္ေဘးဆီေရာက္ရိွေနခဲ့ၿပီး ဂိုးထဲကန္သြင္းဖို ့အေကာင္းဆံုးအခြင့္အေရးမွာရိွေနတာပဲျဖစ္ပါတယ္။

ဘာစီလိုနာေနာက္ခံလူေတြဟာ အဆိုပါေဘာလံုးကိုအေကာင္းဆံုးဟန္ ့တားဖို ့ၾကိဳးစားခဲ့ၾကၿပီး ဂရတ္ေဘးကန္သြင္းဖို ့ၾကိဳးစားေနရင္းကေန ၀ိုင္း၀န္းပိတ္ဆို ့ဟန္ ့တားရင္း အသက္၂၉  နွစ္အရြယ္ေ၀းလ္ေတာင္ပံကစားသမားလည္း အနိုင္ဂိုးရွင္ျဖစ္လာမယ့္အခြင့္အေရးနဲ့လြဲေခ်ာ္သြားခဲ့တာပဲျဖစ္ပါတယ္။

နူးကမ့္မွာကစားခဲ့တဲ့ စပိန္ဘုရင့္ဖလားဆီမီးဖိုင္နယ္ပေက်ာ့ကေတာ့ - ရလဒ္ျဖင့္ၿပီးဆံုးသြားခဲ့ပါတယ္။လူကပ္စ္ဗက္စ္ကြဇ္က ရီးရဲလ္တို ့အတြက္အဖြင့္ဂိုးသြင္းယူေပးခဲ့ေသာ္လည္း ဒုတိယပိုင္းမွာေတာ့ ဘာစီလိုနာစတားမယ္လ္ကြန္က ေခ်ပဂိုးျပန္လည္သြင္းယူေပးခဲ့တာပဲျဖစ္ပါတယ္။


လီယြန္နယ္မက္ဆီဟာ ဒဏ္ရာျပႆနာေၾကာင့္အရံလူစာရင္းမွာသာ ပါ၀င္ခဲ့ၿပီးနည္းျပဗယ္ဗာဒီက အာဂ်င္တီးနားေဘာလံုးအေက်ာ္အေမာ္ကို အရဲစြန္ ့ၿပီး ထည့္မသံုးဖို ့ဆံုးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။


လာမယ့္ဒုတိယေက်ာ့မွာ ဘယ္အသင္းကမ်ား ဗိုလ္လုပြဲကိုတက္ေရာက္သြားနိုင္မလဲ?

(Unicode)

El Clásico ပွဲရဲ့ အနိုင်ဂိုးရှင်ဖြစ်မယ့်မဟာအခွင့်အရေးကြီးကိုလွဲချော်ခဲ့တဲ့ဂရတ်ဘေးလ်(စပိန်ဘုရင့်ဖလား)

မနေ့ညက စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပကျော့အဖြစ် ဘာစီလိုနာအသင်းနဲ့ရီးရဲလ်မက်ဒရစ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါပွဲမှာတော့ ပွဲကစားချိန်မိနစ်၉၀ ပြီးခါနီးမှာ ၁-၁ သရေကျနေတဲ့ရလဒ်ကို ရီးရဲလ်အတွက်အနိုင်ရလဒ်ဖော်ဆောင်နိုင်မယ့်မဟာအခွင့်အရေးကြီးအား ဂရတ်ဘေးလ်တစ်ယောက်ရရှိခဲ့သော်လည်းအကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။

ဘာစီလိုနာဂိုးသမားတာစတန်ဂန်ရဲ့ပယ်နယ်တီဧရိယာထိပ်ကနေ တက်ပြီးဖြတ်ထုတ်ရာကနေ ရီးရဲလ်ကစားသမားတွေဆီဘောလုံးရသွားခဲ့တာဖြစ်ပြီး အသက်၂၆ နှစ်အရွယ် ဂျာမန်ဂိုးသမားလည်း သူ့ရဲ့နေရာကိုပြန်ဖို့မဖြစ်နိုင်တော့မှန်းသိခဲ့ပုံရပြီး ဘောလုံးဟာဂရတ်ဘေးဆီရောက်ရှိနေခဲ့ပြီး ဂိုးထဲကန်သွင်းဖို့အကောင်းဆုံးအခွင့်အရေးမှာရှိနေတာပဲဖြစ်ပါတယ်။

ဘာစီလိုနာနောက်ခံလူတွေဟာ အဆိုပါဘောလုံးကိုအကောင်းဆုံးဟန့်တားဖို့ကြိုးစားခဲ့ကြပြီး ဂရတ်ဘေးကန်သွင်းဖို့ကြိုးစားနေရင်းကနေ ဝိုင်းဝန်းပိတ်ဆို့ဟန့်တားရင်း အသက်၂၉  နှစ်အရွယ်ဝေးလ်တောင်ပံကစားသမားလည်း အနိုင်ဂိုးရှင်ဖြစ်လာမယ့်အခွင့်အရေးနဲ့လွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်။

နူးကမ့်မှာကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပကျော့ကတော့ ၁-၁ ရလဒ်ဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။လူကပ်စ်ဗက်စ်ကွဇ်က ရီးရဲလ်တို့အတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း ဒုတိယပိုင်းမှာတော့ ဘာစီလိုနာစတားမယ်လ်ကွန်က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့်အရံလူစာရင်းမှာသာ ပါဝင်ခဲ့ပြီးနည်းပြဗယ်ဗာဒီက အာဂျင်တီးနားဘောလုံးအကျော်အမော်ကို အရဲစွန့်ပြီး ထည့်မသုံးဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

လာမယ့်ဒုတိယကျော့မှာ ဘယ်အသင်းကများ ဗိုလ်လုပွဲကိုတက်ရောက်သွားနိုင်မလဲ?


No comments

Powered by Blogger.