ရိုနယ္ဒိုကိုအသင္းေဟာင္းယူနိုက္တက္ကျပန္လည္ေခၚယူေတာ့မယ့္ဆိုတဲ့သတင္းေတြထြက္ေပၚလာခဲ့
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေရာ္နယ္ဒိုကေတာ့ ယူႏိုက္တက္မွာ (၆)ႏွစ္ၾကာ ကစားေပးခဲ့သူ ျဖစ္ျပီး ျပိဳင္ပြဲစံု(၂၉၂)ပြဲမွာ (၁၁၈)ဂိုးအထိ သြင္းယူေပးခဲ့ျပီး ေအာင္ျမင္မႈအမ်ားအျပားရရွိခဲ့သူလည္း ျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ ကစားသမားေဟာင္း ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူဖို႔အတြက္ ၾကိဳးစားသြားေတာ့မွာ ျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကို ဒီႏွစ္ရာသီအစကမွ ေျပာင္းေရႊ႕ခဲ့ျပီးေနာက္ အသင္းအတြက္ ေျခစြမ္းျပ ကစားေပးေနတဲ့ ေရာ္နယ္ဒုိကို ယူႏိုက္တက္ဘက္က အံ့အားသင့္ဖြယ္ရာ ခ်ဥ္းကပ္လာတာလို႔ သိရပါတယ္။
ျပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အက္သလက္တီကိုမက္ဒရစ္အသင္းကို အေရးနိ္မ့္ခဲ့ျပီးေနာက္ ေရာ္နယ္ဒို နဲ႔ ဂ်ဴဗီတို႔ၾကားမွာ အနည္းငယ္ျပသနာရွိလာတယ္လို႔ သိရပါတယ္။ Don Balon ရဲ႕ ေဖာ္ျပခ်က္အရဆုိရင္ေတာ့ ေရာ္နယ္ဒုိကို ယူရိုသန္း ၁၀၀ထက္မနည္း ေပးေခ်ျပီး ေခၚယူမယ္ဆိုရင္ အရေခၚယူႏိုင္လိမ့္မယ္လို႔ ယူႏိုက္တက္ဘက္က ယံုၾကည္ေနေၾကာင္း သိရပါတယ္။
တကယ္လို႔သာ ေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္ဘက္ကသာ ၾကိဳးစားခဲ့မယ္ဆိုရင္ အသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြရွိေနတဲ့ စပြန္ဆာကုမၸဏီေတြကလည္း ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးသြားဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။ ယူႏိုက္တက္အတြက္လည္း အ၀တ္လဲခန္းအတြင္းမွာ အသင္းကို အေကာင္းဆံုးဦးေဆာင္ေပးႏိုင္မယ့္ ကစားသမားတစ္ဥိးလိုအပ္ေနျပိး ေရာ္နယ္ဒုိက အဆိုပါေနရာနဲ႔ အသင့္ေတာ္ဆံုးကစားသမားျဖစ္တယ္လို႔လည္း Sportdkeeda က ေရးသားေဖာ္ျပခဲ့ပါတယ္။
အျခားေသာ ဆက္စပ္သတင္းမ်ားအရ ယူႏုိက္တက္အေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းကေန ကစားသမား (၄)ဦးအထိ ျပန္လည္ေရာင္းထုတ္သြားဖို႔ ရွိတယ္လု႔ိလည္း သိရပါတယ္။
Sky Sports မွာ ေဘာလံုးပြဲခန္႔မွန္းသူ ျပဳလုပ္ေနတဲ့ ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ေျပာဆိုခ်က္အရ
ယူႏိုက္တက္ဘက္က လူကာကူ၊ ဆန္းခ်က္ဇ္၊ ဘိုင္ယီ နဲ႔ ရိုဟိုတို႔ကို ေရာင္းထုတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ေရာ္နယ္ဒို နဲ႔ ယူႏိုက္တက္တို႔ရဲ႕ သတင္းကေတာ့ အေျပာင္းအေရႊ႕ရာသီတုိင္းမွာ ၾကားေနရတဲ့ သတင္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။ အခုတစ္ၾကိမ္မွာလည္း ေရာ္နယ္ဒိုနဲ႔ ပတ္သက္ျပီးေတာ့ ေနာက္ထပ္တစ္ၾကိမ္ သတင္းေတြက ထြက္ေပၚလာခဲ့ျပန္ပါျပီ။ အရင္သတင္းမ်ားလိုပဲ ေကာလဟာလ အဆင့္နဲ႔ပဲျပီးဆံုးသြားမလား၊ တကယ္ပဲ ျဖစ္လာမလားဆိုတာကိုေတာ့..။
Credit
(Unicode)
ရော်နယ်ဒိုကတော့ ယူနိုက်တက်မှာ (၆)နှစ်ကြာ ကစားပေးခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ(၂၉၂)ပွဲမှာ (၁၁၈)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အောင်မြင်မှုအများအပြားရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစားသွားတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ဒီနှစ်ရာသီအစကမှ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ရော်နယ်ဒိုကို ယူနိုက်တက်ဘက်က အံ့အားသင့်ဖွယ်ရာ ချဉ်းကပ်လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ရော်နယ်ဒို နဲ့ ဂျူဗီတို့ကြားမှာ အနည်းငယ်ပြသနာရှိလာတယ်လို့ သိရပါတယ်။ Don Balon ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ရော်နယ်ဒိုကို ယူရိုသန်း ၁၀၀ထက်မနည်း ပေးချေပြီး ခေါ်ယူမယ်ဆိုရင် အရခေါ်ယူနိုင်လိမ့်မယ်လို့ ယူနိုက်တက်ဘက်က ယုံကြည်နေကြောင်း သိရပါတယ်။
တကယ်လို့သာ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက်ဘက်ကသာ ကြိုးစားခဲ့မယ်ဆိုရင် အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ စပွန်ဆာကုမ္ပဏီတွေကလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်အတွက်လည်း အဝတ်လဲခန်းအတွင်းမှာ အသင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်မယ့် ကစားသမားတစ်ဥိးလိုအပ်နေပြိး ရော်နယ်ဒိုက အဆိုပါနေရာနဲ့ အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့လည်း Sportdkeeda က ရေးသားဖော်ပြခဲ့ပါတယ်။
အခြားသော ဆက်စပ်သတင်းများအရ ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ ကစားသမား (၄)ဦးအထိ ပြန်လည်ရောင်းထုတ်သွားဖို့ ရှိတယ်လု့ိလည်း သိရပါတယ်။
Sky Sports မှာ ဘောလုံးပွဲခန့်မှန်းသူ ပြုလုပ်နေတဲ့ ချာလီနစ်ကိုးလပ်စ်ရဲ့ ပြောဆိုချက်အရ
ယူနိုက်တက်ဘက်က လူကာကူ၊ ဆန်းချက်ဇ်၊ ဘိုင်ယီ နဲ့ ရိုဟိုတို့ကို ရောင်းထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်ဒို နဲ့ ယူနိုက်တက်တို့ရဲ့ သတင်းကတော့ အပြောင်းအရွှေ့ရာသီတိုင်းမှာ ကြားနေရတဲ့ သတင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်တစ်ကြိမ် သတင်းတွေက ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ အရင်သတင်းများလိုပဲ ကောလဟာလ အဆင့်နဲ့ပဲပြီးဆုံးသွားမလား၊ တကယ်ပဲ ဖြစ်လာမလားဆိုတာကိုတော့..။
Credit
Post a Comment