Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင်နယ် အသင်းဟာ ပွဲစကတည်းက တောက်လျှောက် ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့ပြီး ပွဲအစ လေးမိနစ် မှာပဲ ဦးဆောင်ဂိုး စတင် ရရှိ သွားခဲ့ပါတယ် အူဘာမီယန်း ရဲ့ ညာခြမ်းက ဖြတ်တင် ပေးပို့မှုကို ဘိုရီဆော့ဗ် နောက်ခံလူ ဗိုကော့ က ကိုယ့်ဂိုးကိုယ် သွင်းယူ မိခဲ့တာပါ


ပွဲချိန် ၁၀မိနစ်မှာ ဘိတ် ဘိုရီဆော့ဗ် အသင်း ကွင်းလယ်လူ ဒရာဂန် ရဲ့ အပိုင် ကန်ချက်ကို အာဆင်နယ် အသင်း နောက်ခံလူ လက်ခ်ျစတိုင်နာ ဂိုးစည်းနားကနေ ကာကွယ် ရှင်းထုတ် လိုက်ရပါတယ် ပွဲချိန် ၁၉ မိနစ် မှာ ရှာကာ ရဲ့ အဝေးကန်ချက် ကောင်းမွန် လွန်းပေမယ့် ဂိုးသမား ရှာဘစ်စကီး လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ်


အာဆင်နယ် အသင်းဟာ ဘောလုံး ရတာနဲ့ တိုက်စစ်ကို အလျင်အမြန် စတင်နေတာဖြစ်ပြီး ဂိုးပေါက် ကန်သွင်းမှုတွေလည်း အများအပြား ပြုလုပ် နိုင်ခဲ့ပါတယ် ပွဲချိန် ၃၉ မိနစ် မှာတော့ အာဆင်နယ် အသင်းဟာ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိ သွားခဲ့ပြီး ရှာကာ ရဲ့ ထောင့်ကန်ဘောကနေ ပေးပို့မှုကို နောက်ခံလူ မူစတာဖီ က ခေါင်းတိုက် ပိတ်သွင်း ခဲ့တာပါ
အာဆင်နယ် အသက်းဟာ ပထမပိုင်းမှာတင် ထောင့်ကန်ဘော ကန်ခွင့် ကြိမ် အထိ ရရှိ ခဲ့ပြီး ဂိုးအဖြစ် တစ်ကြိမ် ပြောင်းလဲ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ပထမပိုင်း အပြီးမှာတော့ အာဆင်နယ် အသင်းကပဲ ဘိတ်ဘိုရီဆော့ဗ် အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ်



ဒုတိယပိုင်း ပြန်စအပြီး သုံးမိနစ် အကြာမှာ အာဆင်နယ် အသင်း နောက်ခံလူတွေရဲ့ ရှင်းထုတ်ပုံ မသေသပ် မှုကြောင့် ဘိုရီဆော့ဗ်တိုက်စစ်မှူး စကာဗင်စ် အခွင့်အရေး ရခဲ့ပေမယ့် ပီတာဆက်ခ်ျ အမိအရ ကာကွယ် သွားခဲ့ပါတယ်
အိုဇေးလ် နဲ့ အီဝိုဘီ တွဲလုံးကနေ တစ်ဆင့် အီဝိုဘီ ရဲ့ မြေလှိမ့်ဘော ကန်ချက်ကိုလည်း ဘိတ် ဂိုးသမား ရှာဘစ်စကီး လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ် အသင်းဟာ ပထမဆုံး အကြိမ် လူစားလဲမှု အဖြစ် ဒဏ်ရာပြဿနာ အနည်းငယ် ရှိနေတဲ့ ကော့စီရယ်နီ နေရာမှာ ဆိုကရက်တစ်ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ်



ပွဲချိန် ၆၀ မိနစ်မှာတော့ အာဆင်နယ် အသင်း တတိယမြောက် ဦးဆောင်ဂိုး ရရှိ သွားခဲ့ပြီး ရှာကာရဲ့ ထောင့်ကန်ဘောကနေ ပေးပို့မှုကို လူစားဝင် ကစားသမား ဆိုကရက်တစ် က ခေါင်းတိုက် သွင်းယူ ခဲ့တာပါ ပွဲကစားချိန် မိနစ် ၆၀ မှာ အာဆင်နယ် အသင်းဟာ ဂူအမ်ဒူဇီ နေရာမှာ တော်ရီးယားကို လူစားလဲ အသုံးပြု ခဲ့ပါတယ်


ပွဲချိန် ၇၅ မိနစ်မှာ အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ရဲ့ ဖရီးကစ် မြေလှိမ့်ဘော ကန်ချက်ကို ဂိုးသမား ရှာဘစ်စကီး ကာကွယ် သွားနိုင်ခဲ့ပါတယ် အာဆင်နယ် အသင်းဟာ နောက်ဆုံးအကြိမ် လူစားလဲမှု အဖြစ် မီခီတာရန်း နေရာမှာ ဒန်းနစ် ဆွာရက်ဇ် ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ်



နောက်ပိုင်း မိနစ်မှာတော့ အာဆင်နယ်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကို ထိန်းကစား သွားခဲ့ပြီး ဂိုးတွေ ထပ်မံ သွင်းယူ နိုင်ခြင်းတော့ မရှိတော့ပါဘူး ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းကပဲ ဘိတ် အသင်းကို သုံးဂိုးပြတ် အနိုင် ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် - နဲ့ ၁၆ သင်း ရှုံး ထွက် ဆင့် ကို တက် ရောက် သွား ပြီ လည်း ဖြစ် ပါ တယ်


Credit to SM 

(Unicode)

 ပကျော့ကရှုံးကြွေးကိုလှလှပပလက်စားချေရင်း၁၆အသင်းအဆင့်ကိုတက်သွားပြီဖြစ်တဲ့အာဆင်နယ်

အာဆင်နယ် အသင်းဟာ ပွဲစကတည်းက တောက်လျှောက် ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့ပြီး ပွဲအစ လေးမိနစ် မှာပဲ ဦးဆောင်ဂိုး စတင် ရရှိ သွားခဲ့ပါတယ် ။ အူဘာမီယန်း ရဲ့ ညာခြမ်းက ဖြတ်တင် ပေးပို့မှုကို ဘိုရီဆော့ဗ် နောက်ခံလူ ဗိုကော့ က ကိုယ့်ဂိုးကိုယ် သွင်းယူ မိခဲ့တာပါ ။
ပွဲချိန် ၁၀မိနစ်မှာ ဘိတ် ဘိုရီဆော့ဗ် အသင်း ကွင်းလယ်လူ ဒရာဂန် ရဲ့ အပိုင် ကန်ချက်ကို အာဆင်နယ် အသင်း နောက်ခံလူ လက်ချ်စတိုင်နာ ဂိုးစည်းနားကနေ ကာကွယ် ရှင်းထုတ် လိုက်ရပါတယ် ။ ပွဲချိန် ၁၉ မိနစ် မှာ ရှာကာ ရဲ့ အဝေးကန်ချက် ကောင်းမွန် လွန်းပေမယ့် ဂိုးသမား ရှာဘစ်စကီး လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။


အာဆင်နယ် အသင်းဟာ ဘောလုံး ရတာနဲ့ တိုက်စစ်ကို အလျင်အမြန် စတင်နေတာဖြစ်ပြီး ဂိုးပေါက် ကန်သွင်းမှုတွေလည်း အများအပြား ပြုလုပ် နိုင်ခဲ့ပါတယ် ။ ပွဲချိန် ၃၉ မိနစ် မှာတော့ အာဆင်နယ် အသင်းဟာ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိ သွားခဲ့ပြီး ရှာကာ ရဲ့ ထောင့်ကန်ဘောကနေ ပေးပို့မှုကို နောက်ခံလူ မူစတာဖီ က ခေါင်းတိုက် ပိတ်သွင်း ခဲ့တာပါ ။
အာဆင်နယ် အသက်းဟာ ပထမပိုင်းမှာတင် ထောင့်ကန်ဘော ကန်ခွင့် ၈ ကြိမ် အထိ ရရှိ ခဲ့ပြီး ဂိုးအဖြစ် တစ်ကြိမ် ပြောင်းလဲ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ပထမပိုင်း အပြီးမှာတော့ အာဆင်နယ် အသင်းကပဲ ဘိတ်ဘိုရီဆော့ဗ် အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ် ။

ဒုတိယပိုင်း ပြန်စအပြီး သုံးမိနစ် အကြာမှာ အာဆင်နယ် အသင်း နောက်ခံလူတွေရဲ့ ရှင်းထုတ်ပုံ မသေသပ် မှုကြောင့် ဘိုရီဆော့ဗ်တိုက်စစ်မှူး စကာဗင်စ် အခွင့်အရေး ရခဲ့ပေမယ့် ပီတာဆက်ချ် အမိအရ ကာကွယ် သွားခဲ့ပါတယ် ။
အိုဇေးလ် နဲ့ အီဝိုဘီ တွဲလုံးကနေ တစ်ဆင့် အီဝိုဘီ ရဲ့ မြေလှိမ့်ဘော ကန်ချက်ကိုလည်း ဘိတ် ဂိုးသမား ရှာဘစ်စကီး လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။ ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ် အသင်းဟာ ပထမဆုံး အကြိမ် လူစားလဲမှု အဖြစ် ဒဏ်ရာပြဿနာ အနည်းငယ် ရှိနေတဲ့ ကော့စီရယ်နီ နေရာမှာ ဆိုကရက်တစ်ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။

ပွဲချိန် ၆၀ မိနစ်မှာတော့ အာဆင်နယ် အသင်း တတိယမြောက် ဦးဆောင်ဂိုး ရရှိ သွားခဲ့ပြီး ရှာကာရဲ့ ထောင့်ကန်ဘောကနေ ပေးပို့မှုကို လူစားဝင် ကစားသမား ဆိုကရက်တစ် က ခေါင်းတိုက် သွင်းယူ ခဲ့တာပါ ။ ပွဲကစားချိန် မိနစ် ၆၀ မှာ အာဆင်နယ် အသင်းဟာ ဂူအမ်ဒူဇီ နေရာမှာ တော်ရီးယားကို လူစားလဲ အသုံးပြု ခဲ့ပါတယ် ။
ပွဲချိန် ၇၅ မိနစ်မှာ အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ရဲ့ ဖရီးကစ် မြေလှိမ့်ဘော ကန်ချက်ကို ဂိုးသမား ရှာဘစ်စကီး ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်ဆုံးအကြိမ် လူစားလဲမှု အဖြစ် မီခီတာရန်း နေရာမှာ ဒန်းနစ် ဆွာရက်ဇ် ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။


နောက်ပိုင်း မိနစ်မှာတော့ အာဆင်နယ်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကို ထိန်းကစား သွားခဲ့ပြီး ဂိုးတွေ ထပ်မံ သွင်းယူ နိုင်ခြင်းတော့ မရှိတော့ပါဘူူး ။ ပွဲအပြီးမှာတော့ အာဆင်နယ် အသင်းကပဲ ဘိတ် အသင်းကို သုံးဂိုးပြတ် အနိုင် ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၁ နဲ့ ၁၆ သင်း ရှုံး ထွက် အ ဆင့် ကို တက် ရောက် သွား ပြီ လည်း ဖြစ် ပါ တယ် ။

Credit to SM 

No comments

Powered by Blogger.