ခ်ဲလ္ဆီးအသင္းရဲ ့နည္းျပအသစ္အျဖစ္အာဆင္၀င္းဂါးဟာအသင့္ေတာ္ဆံုးလို ့ဘာလို ့ထင္ေနၾကတာလဲ?
စတန္းဖို ့ဒ္ဘရစ္ခ်္မွာဖိအားေတြေအာက္က်ေရာက္ေနတဲ့နည္းျပဆာရီေနရာအတြက္ ဂန္းနားတို ့ရဲ ့ဂႏၲ၀င္နည္းျပေဟာင္းၾကီးတစ္ေယာက္အစားထိုးေရာက္လာဖို ့ရိွေနသလား?
အာဆင္နယ္အသင္းရဲ ့ဂႏၱ၀င္ကစားသမားၾကီးေဒးဗစ္ဆီမန္းတစ္ေယာက္ကေတာ့ အာဆင္၀င္းဂါးဟာ ခ်ဲလ္ဆီးအသင္းရဲ ့နည္းျပအသစ္အျဖစ္သင့္ေတာ္ေၾကာင္းယံုၾကည္ေနတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း စတန္းဖို ့ဒ္ဘရစ္ခ်္ဆီရုတ္တရက္ေျပာင္းဖို ့ဆိုတာကေတာ့ ျဖစ္လာနိုင္ေခ်မရိွေၾကာင္းဆိုထားပါတယ္။
အာဆင္နယ္အသင္းကို ၂၂နွစ္အၾကာ ကိုင္တြယ္ခဲ့တဲ့ ၀င္းဂါးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကေနအထုတ္ခံခဲ့ရၿပီးေနာက္ အခုအခ်ိန္အထိအသင္းလက္မဲ့ျဖစ္ေနခဲ့က လက္ရိွမွာေတာ့ ထိပ္တန္းကလပ္မ်ားကသူ ့ကိုေခၚယူဖို ့ခ်ိတ္ဆက္လ်က္ရိွေနတာပဲျဖစ္ပါတယ္။နည္းျပဆာရီကိုင္တြယ္ေနတဲ့လန္ဒန္ကလပ္ခ်ဲလ္ဆီးအသင္းဟာေတာ့ ရလဒ္ေတြဆက္တိုက္ဆိုးရြားေနခဲ့ၿ႔ပီး မန္စီးတီး၊ဘုန္းေမာက္နဲ ့မန္ယူနိုက္တက္အသင္းတို ့ကို ရင္ဆိုင္ကစားခဲ့တဲ့ေနရာမွာ ေပးဂိုး ၁၂ဂိုးထိခြင့္ျပဳခဲ့ရတာပဲျဖစ္ပါတယ္။
အီတလီနည္းျပၾကီးရဲ ့အနာဂတ္ကိုေတာ့ လာမယ့္အပတ္မွာဆံုးျဖတ္ခ်က္ခ်သြားဖို ့ရိွေနၿပီး ပြဲၾကီးပြဲေကာင္း၃ပြဲျဖစ္တဲ့ မယ္မိုအသင္းနဲ ့ယူရိုပါလိပ္ပြဲ၊မန္စီးတီးအသင္းနဲ ့EFL ဖလားပြဲ၊ေတာ့တင္ဟမ္အသင္းနဲ ့ပရီးမီးယားလိပ္ပြဲေတြကိုေစာင့္ၾကည့္ၿပီး ဆံုးျဖတ္သြားဖို ့ရိွေနပါတယ္။
Alan Brazil Sports နဲ့ ဗုဒၶဟူးေန ့မွာေတြ ့ဆံုခဲ့စဥ္ ဆီမန္းက ” အာဆင္ကအၿမဲေျပာတယ္ဗ်။သူဘယ္ေတာ့မွပရီးမီးယားလိပ္ကိုုျပန္မလာဘူးတဲ့။ဘာလို ့လဲဆိုေတာ့ သူဟာအာဆင္နယ္အသင္းကိုခ်စ္လို ့ပါ။ကၽြန္ေတာ့္အတြက္ေတာ့ အာဆင္မွာေ၀ဖန္စရာေတြျပည့္နွက္ခဲ့ပါတယ္။အဲ့ဒါက ၿပီးခဲ့တဲ့နွစ္အေတာ္အတြင္းအာဆင္နယ္မွာရိွခဲ့စဥ္က သူနဲ ့မထိုက္တန္ခဲ့တဲ့အရာေတြေၾကာင့္ပါ။မၾကာခင္မွာ ခ်ဲလ္ဆီးအသင္းနည္းျပေနရာလြတ္ဖို ့ရိွေနပါတယ္။ခ်ဲလ္ဆီးအသင္းရဲ ့ပြဲၾကီးပြဲေကာင္း၃ပြဲေပၚမူတည္ပါတယ္။သူအဲ့ဒီကုိေရာက္သြားရင္ေကာင္းတာေပါ့။သူဟာ ဘယ္ေနရာမွာမဆိုဂရိတ္ျဖစ္ေနလ်က္ပါ။သူဟာအံၾသသင့္စရာေကာင္းတဲ့နည္းျပတစ္ေယာက္ပါ။”
” သူျပန္လာတာကိုကၽြန္ေတာ္ေတြ ့ခ်င္ပါတယ္။ဒါပင္မယ့္ ခ်ဲလ္ဆီးနည္းျပျဖစ္လာမယ္လို ့ေတာ့ကၽြန္ေတာ္မထင္ပါဘူး။”
(Unicode)
ချဲလ်ဆီးအသင်းရဲ့နည်းပြအသစ်အဖြစ်အာဆင်ဝင်းဂါးဟာအသင့်တော်ဆုံးလို့ဘာလို့ထင်နေကြတာလဲ?
စတန်းဖို့ဒ်ဘရစ်ချ်မှာဖိအားတွေအောက်ကျရောက်နေတဲ့နည်းပြဆာရီနေရာအတွက် ဂန်းနားတို့ရဲ့ဂန္တဝင်နည်းပြဟောင်းကြီးတစ်ယောက်အစားထိုးရောက်လာဖို့ရှိနေသလား?
အာဆင်နယ်အသင်းရဲ့ဂန္တဝင်ကစားသမားကြီးဒေးဗစ်ဆီမန်းတစ်ယောက်ကတော့ အာဆင်ဝင်းဂါးဟာ ချဲလ်ဆီးအသင်းရဲ့နည်းပြအသစ်အဖြစ်သင့်တော်ကြောင်းယုံကြည်နေတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း စတန်းဖို့ဒ်ဘရစ်ချ်ဆီရုတ်တရက်ပြောင်းဖို့ဆိုတာကတော့ ဖြစ်လာနိုင်ချေမရှိကြောင်းဆိုထားပါတယ်။
အာဆင်နယ်အသင်းကို ၂၂နှစ်အကြာ ကိုင်တွယ်ခဲ့တဲ့ ဝင်းဂါးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေအထုတ်ခံခဲ့ရပြီးနောက် အခုအချိန်အထိအသင်းလက်မဲ့ဖြစ်နေခဲ့က လက်ရှိမှာတော့ ထိပ်တန်းကလပ်များကသူ့ကိုခေါ်ယူဖို့ချိတ်ဆက်လျက်ရှိနေတာပဲဖြစ်ပါတယ်။နည်းပြဆာရီကိုင်တွယ်နေတဲ့လန်ဒန်ကလပ်ချဲလ်ဆီးအသင်းဟာတော့ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့ြ့ပီး မန်စီးတီး၊ဘုန်းမောက်နဲ့မန်ယူနိုက်တက်အသင်းတို့ကို ရင်ဆိုင်ကစားခဲ့တဲ့နေရာမှာ ပေးဂိုး ၁၂ဂိုးထိခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်။
အီတလီနည်းပြကြီးရဲ့အနာဂတ်ကိုတော့ လာမယ့်အပတ်မှာဆုံးဖြတ်ချက်ချသွားဖို့ရှိနေပြီး ပွဲကြီးပွဲကောင်း၃ပွဲဖြစ်တဲ့ မယ်မိုအသင်းနဲ့ယူရိုပါလိပ်ပွဲ၊မန်စီးတီးအသင်းနဲ့EFL ဖလားပွဲ၊တော့တင်ဟမ်အသင်းနဲ့ပရီးမီးယားလိပ်ပွဲတွေကိုစောင့်ကြည့်ပြီး ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။
Alan Brazil Sports နဲ့ ဗုဒ္ဓဟူးနေ့မှာတွေ့ဆုံခဲ့စဉ် ဆီမန်းက ” အာဆင်ကအမြဲပြောတယ်ဗျ။သူဘယ်တော့မှပရီးမီးယားလိပ်ကိုပြန်မလာဘူးတဲ့။ဘာလို့လဲဆိုတော့ သူဟာအာဆင်နယ်အသင်းကိုချစ်လို့ပါ။ကျွန်တော့်အတွက်တော့ အာဆင်မှာဝေဖန်စရာတွေပြည့်နှက်ခဲ့ပါတယ်။အဲ့ဒါက ပြီးခဲ့တဲ့နှစ်အတော်အတွင်းအာဆင်နယ်မှာရှိခဲ့စဉ်က သူနဲ့မထိုက်တန်ခဲ့တဲ့အရာတွေကြောင့်ပါ။မကြာခင်မှာ ချဲလ်ဆီးအသင်းနည်းပြနေရာလွတ်ဖို့ရှိနေပါတယ်။ချဲလ်ဆီးအသင်းရဲ့ပွဲကြီးပွဲကောင်း၃ပွဲပေါ်မူတည်ပါတယ်။သူအဲ့ဒီကိုရောက်သွားရင်ကောင်းတာပေါ့။သူဟာ ဘယ်နေရာမှာမဆိုဂရိတ်ဖြစ်နေလျက်ပါ။သူဟာအံသြသင့်စရာကောင်းတဲ့နည်းပြတစ်ယောက်ပါ။”
” သူပြန်လာတာကိုကျွန်တော်တွေ့ချင်ပါတယ်။ဒါပင်မယ့် ချဲလ်ဆီးနည်းပြဖြစ်လာမယ်လို့တော့ကျွန်တော်မထင်ပါဘူး။”
Post a Comment