အသင္းရဲ့လူမႈကြန္ယက္တြစ္တာအေကာင့္နဲ ့ပတ္သတ္ၿပီးမယံုနိုင္စရာျဖစ္ေနတဲ့ခ်ဲလ္ဆီးပရိတ္သတ္ေတြ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ၿပီးခဲ့တဲ့ ရက္သတၱပတ္က ခ်ဲလ္ဆီးအသင္းဟာ ေနာက္ရာသီအထိအေျပာင္းအေရႊ ့ေစ်းကြက္မွာ လူ၀ယ္ခြင့္ပိတ္ပင္ခံခဲ့ရတာအားလံုးသိၿပီးသားျဖစ္ပါမယ္။ဒါပင္မယ့္လည္း မေန ့ညက ခ်ဲလ္ဆီးကလပ္အသင္းရဲ ့Official တြစ္တာအေကာင့္မွာေတာ့ ပရိတ္သတ္ေတြကို လာမယ့္ေႏြရာသီမွာခ်ဲလ္ဆီးအသင္းဟာ ဘယ္သူ ့ကိုေခၚသင့္တယ္ထင္သလဲလို ့ေမးခြန္းထုတ္ထားတဲ့ ပို ့စ္တစ္ခုတင္ခဲ့တာပဲျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းရဲ ့လက္ရိွျဖစ္ရပ္ေတြကေတာ့ ပရိတ္သတ္ေတြအတြက္စိတ္၀င္စားစရာသတင္းေတြျဖစ္ေနပါတယ္။အသင္းပိုင္ရွင္ရိုမန္ေအဗရာမိုဗစ္ေခတ္မွာေတာ့ ခ်ဲလ္ဆီးအသင္းဟာတည္ၿငိမ္မႈမရိွပဲအသင္းေအာင္ျမင္မႈဟာ အတက္အဆင္းၾကမ္းေနတာကိုေတာ့အားလံုးျမင္တဲ့အတိုင္းပဲျဖစ္ပါတယ္။
အခုလက္ရိွမွာေတာ့ နည္းျပဆာရီရဲ ့ေဘာလံုးဒႆနေတြဟာ မန္စီးတီးကို ၆-၀၊ ဘုန္းေမာက္အသင္းကို ၄-၀ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ပြဲေတြၿပီးေနာက္အျပင္းအထန္ေ၀ဖန္ခံေနရတာပဲျဖစ္ပါတယ္။FA ဖလားၿပိဳင္ပြဲမွာလည္း မန္ခ်က္စတာယူနိုက္တက္အသင္းကို ရံႈးနိမ့္ၿပီးထြက္ခြာရစဥ္က ၂-၀ ျဖင့္ပြဲကစားခ်ိန္အတြင္းရံႈးနိမ့္ေနစဥ္မွာ တိုက္စစ္ကစားသမား အိုဒြိဳင္းကိုထည့္သြင္းရမယ့္အစား ဇက္ပါေကာ္စတာကိုထည့္သံုးခဲ့တာေၾကာင့္ နည္းျပဆာရီရဲ ့လူစားလဲဆံုးျဖတ္ခ်က္ေတြဟာ အသင္းပရိတ္သတ္ေတြၾကားေ၀ဖန္သံေတြနဲ ့အတူဗေလာင္ဆူေနတာပဲျဖစ္ပါတယ္။ၿပီးခဲ့တဲ့ တနဂၤေႏြေန ့ကကစားခဲ့တဲ့ ကရာေဘာင္ဖလားပြဲစဥ္မွာလည္း ကီပါနဲ ့ဆာရီတို ့ရဲ ့ျပႆနာဟာ ဖလားရခဲ့တဲ့မန္စီးတီးသတင္းထက္ ဟိုးေလးတစ္ေက်ာ္ျဖစ္ခဲ့ျပန္ပါတယ္။ဒါပင္မယ့္ နည္းျပဆာရီရဲ ့ဖိအားေတြထဲကစိတ္ပူဆံုးအခ်က္အျဖစ္နိုင္ဆံုးကေတာ့ အေျပာင္းအေရႊ ့လူသစ္၀ယ္ယူခြင့္ပိတ္ပင္ခံထားရျခင္းပဲျဖစ္ပါတယ္။
အီတလီနည္းျပၾကီးဟာ သူ ့ရဲ ့ေဘာလံုးဒႆနကို အမွီကစားနိုင္မယ့္ သန္မာၿပီးနည္းစနစ္ပိုင္းနားလည္မယ့္ေနာက္ထပ္ကစားသမားအသစ္ေတြလိုအပ္ေနေသးတာကိုေကာင္းေကာင္းသေဘာေပါက္ပံုေပၚပါတယ္။
ဒါပင္မယ့္လည္း ကလပ္အသင္းရဲ ့Official တြစ္တာအေကာင့္မွာေတာ့ အေျပာင္းအေရႊ ့ေခၚယူခြင့္နဲ ့ပတ္သတ္ၿပီး ပိတ္ပင္ခံထားရတာကို သိရိွတဲ့ပံုမေပၚေသးတာကိုေတာ့ေတြ ့ရပါတယ္။
” ဒီနွစ္ေႏြရာသီမွာ ဘယ္ကစားသမားကို ေခၚသင့္သလဲ? “ လို ့တြစ္တာေပၚမွာ တင္ထားတာပဲျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ အေျပာင္းအေရႊ ့အတြက္ပိတ္ပင္ခံခဲ့ရဖူးၿပီး FIFA ကိုေလ ွ်ာက္လႊဲခ်က္အသားနာခံစာအစီရင္တင္ခဲ့တာေၾကာင့္ ၂နွစ္ပိတ္ပင္ထားေနရာကေန ၁နွစ္ေလ်ာ့ခ်ေပးခဲ့သလို ပထမဆံုးနွစ္မွာ လူ၀ယ္ယူခြင့္ေပးၿပီး ေနာက္နွစ္က်မွ ျပစ္ဒဏ္ကို ခံယူေစခဲ့တာပဲျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းဟာလည္း အဆိုပါလမ္းစဥ္အတိုင္းလိုက္ဖို ့ရိွၿပီး အကယ္၍ေနွာင့္ေနွးၾကန္ ့ၾကာမႈေတြရိွမယ္ဆိုပါက အသင္းအေနနဲ ့အင္ဒီဟာဇက္ကို အလြတ္ေျပာင္းေရႊ ့ေၾကးျဖင့္ထြက္ခြာခြင့္ျပဳလိုက္ရမွာျဖစ္သလို သူ ့ေနရာမွာ ဘယ္ကစားသမားကို မွအစားထိုးခြင့္ရလိုက္မွာမဟုတ္ဘူးဆိုတာနားလည္ထားတာပဲျဖစ္ပါတယ္။
(Unicode)
အသင်းရဲ့လူမှုကွန်ယက်တွစ်တာအကောင့်နဲ့ပတ်သတ်ပြီးမယုံနိုင်စရာဖြစ်နေတဲ့ချဲလ်ဆီးပရိတ်သတ်တွေ
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ချဲလ်ဆီးအသင်းဟာ နောက်ရာသီအထိအပြောင်းအရွှေ့ဈေးကွက်မှာ လူဝယ်ခွင့်ပိတ်ပင်ခံခဲ့ရတာအားလုံးသိပြီးသားဖြစ်ပါမယ်။ဒါပင်မယ့်လည်း မနေ့ညက ချဲလ်ဆီးကလပ်အသင်းရဲ့Official တွစ်တာအကောင့်မှာတော့ ပရိတ်သတ်တွေကို လာမယ့်နွေရာသီမှာချဲလ်ဆီးအသင်းဟာ ဘယ်သူ့ကိုခေါ်သင့်တယ်ထင်သလဲလို့မေးခွန်းထုတ်ထားတဲ့ ပို့စ်တစ်ခုတင်ခဲ့တာပဲဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့လက်ရှိဖြစ်ရပ်တွေကတော့ ပရိတ်သတ်တွေအတွက်စိတ်ဝင်စားစရာသတင်းတွေဖြစ်နေပါတယ်။အသင်းပိုင်ရှင်ရိုမန်အေဗရာမိုဗစ်ခေတ်မှာတော့ ချဲလ်ဆီးအသင်းဟာတည်ငြိမ်မှုမရှိပဲအသင်းအောင်မြင်မှုဟာ အတက်အဆင်းကြမ်းနေတာကိုတော့အားလုံးမြင်တဲ့အတိုင်းပဲဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ နည်းပြဆာရီရဲ့ဘောလုံးဒဿနတွေဟာ မန်စီးတီးကို ၆-ဝ၊ ဘုန်းမောက်အသင်းကို ၄-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲတွေပြီးနောက်အပြင်းအထန်ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။FA ဖလားပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ပြီးထွက်ခွာရစဉ်က ၂-၀ ဖြင့်ပွဲကစားချိန်အတွင်းရှုံးနိမ့်နေစဉ်မှာ တိုက်စစ်ကစားသမား အိုဒွိုင်းကိုထည့်သွင်းရမယ့်အစား ဇက်ပါကော်စတာကိုထည့်သုံးခဲ့တာကြောင့် နည်းပြဆာရီရဲ့လူစားလဲဆုံးဖြတ်ချက်တွေဟာ အသင်းပရိတ်သတ်တွေကြားဝေဖန်သံတွေနဲ့အတူဗလောင်ဆူနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကစားခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်မှာလည်း ကီပါနဲ့ဆာရီတို့ရဲ့ပြဿနာဟာ ဖလားရခဲ့တဲ့မန်စီးတီးသတင်းထက် ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြန်ပါတယ်။ဒါပင်မယ့် နည်းပြဆာရီရဲ့ဖိအားတွေထဲကစိတ်ပူဆုံးအချက်အဖြစ်နိုင်ဆုံးကတော့ အပြောင်းအရွှေ့လူသစ်ဝယ်ယူခွင့်ပိတ်ပင်ခံထားရခြင်းပဲဖြစ်ပါတယ်။
အီတလီနည်းပြကြီးဟာ သူ့ရဲ့ဘောလုံးဒဿနကို အမှီကစားနိုင်မယ့် သန်မာပြီးနည်းစနစ်ပိုင်းနားလည်မယ့်နောက်ထပ်ကစားသမားအသစ်တွေလိုအပ်နေသေးတာကိုကောင်းကောင်းသဘောပေါက်ပုံပေါ်ပါတယ်။
ဒါပင်မယ့်လည်း ကလပ်အသင်းရဲ့Official တွစ်တာအကောင့်မှာတော့ အပြောင်းအရွှေ့ခေါ်ယူခွင့်နဲ့ပတ်သတ်ပြီး ပိတ်ပင်ခံထားရတာကို သိရှိတဲ့ပုံမပေါ်သေးတာကိုတော့တွေ့ရပါတယ်။
” ဒီနှစ်နွေရာသီမှာ ဘယ်ကစားသမားကို ခေါ်သင့်သလဲ? “ လို့တွစ်တာပေါ်မှာ တင်ထားတာပဲဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့အတွက်ပိတ်ပင်ခံခဲ့ရဖူးပြီး FIFA ကိုလေ ျှာက်လွှဲချက်အသားနာခံစာအစီရင်တင်ခဲ့တာကြောင့် ၂နှစ်ပိတ်ပင်ထားနေရာကနေ ၁နှစ်လျော့ချပေးခဲ့သလို ပထမဆုံးနှစ်မှာ လူဝယ်ယူခွင့်ပေးပြီး နောက်နှစ်ကျမှ ပြစ်ဒဏ်ကို ခံယူစေခဲ့တာပဲဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာလည်း အဆိုပါလမ်းစဉ်အတိုင်းလိုက်ဖို့ရှိပြီး အကယ်၍နှောင့်နှေးကြန့်ကြာမှုတွေရှိမယ်ဆိုပါက အသင်းအနေနဲ့အင်ဒီဟာဇက်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပြုလိုက်ရမှာဖြစ်သလို သူ့နေရာမှာ ဘယ်ကစားသမားကို မှအစားထိုးခွင့်ရလိုက်မှာမဟုတ်ဘူးဆိုတာနားလည်ထားတာပဲဖြစ်ပါတယ်။
Post a Comment