မက္ဆီအေၾကာင္းေျပာျပေနရာမွေနမာတစ္ေယာက္ဘာလို ့မ်က္ရည္ေတြ၀ဲခဲ့ရတာလဲ?
ေနမာတစ္ေယာက္ သူဘာစီလိုနာမွာရိွခဲ့စဥ္ မက္ဆီရဲ ့အားေပးမႈေတြကိုေျပာၾကားခဲ့ရာမွာ မ်က္ရည္ေတြ၀ဲၿပီး ေျပာဆိုခဲ့တာကိုေတြ ့ခဲ့ရပါတယ္။အသက္၂၇နွစ္အရြယ္ ဘရာဇီးတိုက္စစ္ကစားသမားဟာ ၂၀၁၃ ခုနွစ္ ဆန္းတို ့စ္ကလပ္ကေန ဘာကာဆီေရာက္ရိွလာခဲ့ၿပီး ၄ရာသီကစားခဲ့ရာ ၁၂၃ ပြဲမွာ ၆၈ ဂိုးသြင္းယူေပးခဲ့တာပဲျဖစ္ပါတယ္။
ေနမာ ကေတာ့ ဘာကာအသင္းရဲ ့အသင္းေခါင္းေဆာင္နဲ ့ပတ္သတ္ၿပီးသူ ့ရဲ ့အေတြ ့အၾကံဳေတြကို ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။မက္ဆီဟာ သူ ့ဘ၀ရဲ့အေရးၾကီးအစိတ္အပိုင္းတစ္ခုအတြက္ ကူညီေထာက္ပံ့ေပးခဲ့တယ္လို ့ေျပာၾကားခဲ့ပါတယ္။
” ရိုးရိုးသားသားေျပာရရင္ မက္ဆီအေၾကာင္း ကၽြန္ေတာ္ေျပာျပဖို ့ေတာ္ေတာ္ေလးခက္ခဲပါတယ္။တကယ္ခက္ခဲပါတယ္။ဘာလို ့လဲဆိုေတာ့ ဘာစီလိုနာမွာ ကကၽြန္ေတာ့္အတြက္တကယ့္ကိုေကာင္းခဲ့တာပါ။ကၽြန္ေတာ္လူတိုင္းကိုေျပာျပပါတယ္။” လို ့Rede Globo’s Esporte ကို ေျပာၾကားခဲ့ပါတယ္။
” အဲ့အခ်ိန္တုန္းက ကၽြန္ေတာ္အကူအညီေတြလိုအပ္တဲ့အခ်ိန္အတိုင္းကမာၻ ့အေကာင္းဆံုးကစားသမားဆီကရခဲ့ပါတယ္။သူက ကၽြန္ေတာ့္ကို လက္တစ္စံုကမ္းလွမ္းၿပီး ” ဒီကိုလာဦး။ငါမင္းကိုဒီမွာကူညီသြားမွာပါ။” လို ့သူ ေျပာခဲ့တာပါ။”
PSG စတားရဲ ့ေျပာစကားအရ ေတာ့ ေဘာ္လြန္ဒီေအာ္၅ၾကိမ္ဆုရကစားသမားဟာေနမာကို ရွက္ရြံ ့ေနဖို ့မလိုေၾကာင္းေျပာၾကားခဲ့ၿပီး ကလပ္ကဘယ္သူ ့ကိုမွေၾကာက္စရာမလိုေၾကာင္းအားေပးစကားေျပာၾကားခဲ့တယ္လို ့သိရပါတယ္။
ေနမာဟာ ၂၀၁၇ ခုနွစ္တုန္းက ျပင္သစ္ကလပ္ဆီ ကမာၻ ့စံခ်ိန္တင္ေၾကး ယူရို ၂၂၂ သန္းျဖင့္ေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။ ၂၀၁၈ ခုနွစ္တုန္းကေတာ့ ဘရာဇီးတိုက္စစ္ကစားသမားေနမာတစ္ေယာက္ ဘာကာကိုျပန္လာတာကို သူၾကိဳက္ပါတယ္လို ့မက္ဆီတစ္ေယာက္၀န္ခံေျပာၾကားခဲ့ဖူးပါတယ္။
” ေနမာတစ္ေယာက္ PSG ကေနဘယ္လိုထြက္ခြာမလဲဆိုတာ ရႈပ္ေထြးမယ္လို ့ေတာ့ထင္ပါတယ္။သူျပန္လာတာကိုကၽြန္ေတာ္ၾကိဳက္ပါတယ္။ကစားသမားတစ္ေယာက္အေနနဲ ့ေရာ၊အသင္းအ၀တ္လဲခန္းအတြက္ေရာေပါ့။ကၽြန္ေတာ္တို ့ကသူငယ္ခ်င္းေတြပါ။ကၽြန္ေတာ္တို ့ၾကားမွေကာင္းမြန္တဲ့အေတြ ့အၾကံဳေတြရိွခဲ့ပါတယ္။အရမ္းအမ်ားၾကီးေတာ့မဟုတ္ဘူးေပါ့။ဒါပင္မယ့္ PSG ကေတာ့သူ ့ကိုထြက္ခြာခြင့္ေပးမွာမဟုတ္ဘူးထင္ပါတယ္။” လို ့Marca Times နဲ ့ေတြ ့ဆံုစဥ္ေျပာၾကားခဲ့ဖူးတာပဲျဖစ္ပါတယ္။
မက္ဆီဟာ ဒီရာသီမွာ အေကာင္းဆံုးပံုစံျပေနၿပီး စေနေန ့ကစားခဲ့တဲ့ ဆီဗီလားကို ၄-၂ ျဖင့္ အနိုင္ရတဲ့ပြဲမွာ ဟတ္ထရစ္သြင္းယူခဲ့တဲ့အျပင္အသက္ ၃၁ နွစ္အရြယ္အာဂ်င္တိုင္းတိုက္စစ္ကစားသမားဟာ ဥေရာပထိပ္တန္း ၅လိပ္အတြင္း အေကာင္းဆံုးအလိမ္အေခါက္ျဖတ္ေက်ာ္မႈစြမ္းရည္ကိုရရိွထားျပန္တာလည္းျဖစ္ပါတယ္။
ေနမာတစ္ေယာက္ ဘာစီလိုနာအသင္းကို ျပန္လာသင့္သလား?
(Unicode)
မက်ဆီအကြောင်းပြောပြနေရာမှနေမာတစ်ယောက်ဘာလို့မျက်ရည်တွေဝဲခဲ့ရတာလဲ?
နေမာတစ်ယောက် သူဘာစီလိုနာမှာရှိခဲ့စဉ် မက်ဆီရဲ့အားပေးမှုတွေကိုပြောကြားခဲ့ရာမှာ မျက်ရည်တွေဝဲပြီး ပြောဆိုခဲ့တာကိုတွေ့ခဲ့ရပါတယ်။အသက်၂၇နှစ်အရွယ် ဘရာဇီးတိုက်စစ်ကစားသမားဟာ ၂၀၁၃ ခုနှစ် ဆန်းတို့စ်ကလပ်ကနေ ဘာကာဆီရောက်ရှိလာခဲ့ပြီး ၄ရာသီကစားခဲ့ရာ ၁၂၃ ပွဲမှာ ၆၈ ဂိုးသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
နေမာ ကတော့ ဘာကာအသင်းရဲ့အသင်းခေါင်းဆောင်နဲ့ပတ်သတ်ပြီးသူ့ရဲ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။မက်ဆီဟာ သူ့ဘဝရဲ့အရေးကြီးအစိတ်အပိုင်းတစ်ခုအတွက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။
” ရိုးရိုးသားသားပြောရရင် မက်ဆီအကြောင်း ကျွန်တော်ပြောပြဖို့တော်တော်လေးခက်ခဲပါတယ်။တကယ်ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ ဘာစီလိုနာမှာ ကကျွန်တော့်အတွက်တကယ့်ကိုကောင်းခဲ့တာပါ။ကျွန်တော်လူတိုင်းကိုပြောပြပါတယ်။” လို့Rede Globo’s Esporte ကို ပြောကြားခဲ့ပါတယ်။
” အဲ့အချိန်တုန်းက ကျွန်တော်အကူအညီတွေလိုအပ်တဲ့အချိန်အတိုင်းကမ္ဘာ့အကောင်းဆုံးကစားသမားဆီကရခဲ့ပါတယ်။သူက ကျွန်တော့်ကို လက်တစ်စုံကမ်းလှမ်းပြီး ” ဒီကိုလာဦး။ငါမင်းကိုဒီမှာကူညီသွားမှာပါ။” လို့သူ ပြောခဲ့တာပါ။”
PSG စတားရဲ့ပြောစကားအရ တော့ ဘော်လွန်ဒီအော်၅ကြိမ်ဆုရကစားသမားဟာနေမာကို ရှက်ရွံ့နေဖို့မလိုကြောင်းပြောကြားခဲ့ပြီး ကလပ်ကဘယ်သူ့ကိုမှကြောက်စရာမလိုကြောင်းအားပေးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။
နေမာဟာ ၂၀၁၇ ခုနှစ်တုန်းက ပြင်သစ်ကလပ်ဆီ ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းဖြင့်ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ ဘရာဇီးတိုက်စစ်ကစားသမားနေမာတစ်ယောက် ဘာကာကိုပြန်လာတာကို သူကြိုက်ပါတယ်လို့မက်ဆီတစ်ယောက်ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
” နေမာတစ်ယောက် PSG ကနေဘယ်လိုထွက်ခွာမလဲဆိုတာ ရှုပ်ထွေးမယ်လို့တော့ထင်ပါတယ်။သူပြန်လာတာကိုကျွန်တော်ကြိုက်ပါတယ်။ကစားသမားတစ်ယောက်အနေနဲ့ရော၊အသင်းအဝတ်လဲခန်းအတွက်ရောပေါ့။ကျွန်တော်တို့ကသူငယ်ချင်းတွေပါ။ကျွန်တော်တို့ကြားမှကောင်းမွန်တဲ့အတွေ့အကြုံတွေရှိခဲ့ပါတယ်။အရမ်းအများကြီးတော့မဟုတ်ဘူးပေါ့။ဒါပင်မယ့် PSG ကတော့သူ့ကိုထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးထင်ပါတယ်။” လို့Marca Times နဲ့တွေ့ဆုံစဉ်ပြောကြားခဲ့ဖူးတာပဲဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံပြနေပြီး စနေနေ့ကစားခဲ့တဲ့ ဆီဗီလားကို ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူခဲ့တဲ့အပြင်အသက် ၃၁ နှစ်အရွယ်အာဂျင်တိုင်းတိုက်စစ်ကစားသမားဟာ ဥရောပထိပ်တန်း ၅လိပ်အတွင်း အကောင်းဆုံးအလိမ်အခေါက်ဖြတ်ကျော်မှုစွမ်းရည်ကိုရရှိထားပြန်တာလည်းဖြစ်ပါတယ်။
နေမာတစ်ယောက် ဘာစီလိုနာအသင်းကို ပြန်လာသင့်သလား?
Post a Comment