FA ဖလားကိုခက္ခက္ခဲခဲနဲ ့ယူနိုက္တက္တို ့ရရိွလိမ့္မယ္လို ့နည္းျပဆိုးလ္ရွားေၾကြးေၾကာ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုေလးဂန္နားဆိုးလ္ရွားကေတာ့ FA ဖလားပဥၥမအဆင့္မွာ ခ်ဲလ္ဆီးအသင္းကို ၂-၀ ျဖင့္အနိုင္ယူခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ၀ုလ္ဗ္အသင္းဆီသြားေရာက္ကစားရမယ့္အေပၚမွာ ခန္ ့မွန္းမႈတစ္ခ်ိဳ ့ျပဳလုပ္သြားခဲ့ပါတယ္။သရဲနီတို ့ဟာ ကြာတားဖိုင္နယ္အဆင့္ကိုတက္ေရာက္လာနိုင္ဖို ့အေရး အာဆင္နယ္၊ခ်ဲလ္ဆီးတို ့ကိုုုျဖတ္ေက်ာ္လာခဲ့ရတာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း လီဗာပူးလ္အသင္းကို ၿပိဳင္ပြဲကေန ေနာက္ေကာက္ခ်ခဲ့တဲ့ ၀ုလ္ဗ္အသင္းနဲ ့ရင္ဆိုင္ကစားရမွာျဖစ္တာေၾကာင့္ ဆိုးလ္ရွားအတြက္ေတာ့ လြယ္ကူတဲ့အရာတစ္ခုမဟုတ္ပါဘူး။
” ဒီနွစ္မွာေတာ့ ကၽြန္ေတာ္တို ့ေတြခက္ခက္ခဲခဲနဲ ့အၿပီးလုပ္ေဆာင္သြားရမွာပါ။” လို ့ ဆိုးလ္ရွားကေျပာၾကားခဲ့ပါတယ္။
” ၀ုလ္ဗ္ ၊ သူတို ့အသင္းဒီအထိလာခဲ့တာက စြမ္းအင္အျပည့္နဲ ့သူတို ့ရဲ ့Playmakers ေတြေၾကာင့္ပါ။ကၽြန္ေတာ္တို ့အတြက္ခက္ခဲၾကမ္းတမ္းတဲ့ပြဲျဖစ္လာမွာပါ။ၿပီးေတာ့ ကၽြန္ေတာ္တို ့ဟာ အာဆင္နယ္၊ခ်ဲလ္ဆီးတို ့ကို အေ၀းကြင္းမွာသြားကစားခဲ့ရတာပါ။အဲ့ဒါေၾကာင့္ ဖိုင္နယ္ကိုေရာက္ခ်င္တယ္ဆိုရင္ အားလံုးကိုအနိုင္ယူဖို ့လိုပါတယ္။”
ယူနိုက္တက္တို ့ဟာ ခ်န္ပီယံလိပ္မွာ PSG အသင္းကို ၂-၀ျဖင့္ရံႈးနိမ့္ခဲ့ၿပီးေနာက္ စတန္းဖို ့ဘရစ္ခ်္မွာ ေပါ့ဘာရဲ ့ေတာက္ပမႈေတြနဲ ့အတူအေကာင္းဆံုးျပန္လာနိုင္ခဲ့ပါတယ္။
ေပါ့ဘာဟာ PSG နဲ့ အနီကဒ္နဲ ့အထုတ္ခံခဲ့ရၿပီး အဆိုပါရံႈးပြဲဟာ နည္းျပသစ္ဆိုးလ္ရွားရဲ ့ပထမဆံုးရံႈးပြဲတစ္ခုုျဖစ္လာခဲ့ၿပီး လာမယ့္ပြဲၾကမ္းေတြအတြက္စိန္ေခၚမႈျဖစ္လာေစခဲ့ပါတယ္။ဒါပင္မယ့္လည္း ေနာ္ေ၀းသားဟာ သူအသင္းသားေတြရဲ ့အေကာင္းဆံုးျပန္လာနိုင္ခဲ့တဲ့စိတ္ဓာတ္ကိုသေဘာက်ေက်နပ္ေနတာပဲျဖစ္ပါတယ္။
” PSG နဲ ့ပြဲဟာ ရုပ္ပိုင္းဆုိင္ရာအရ ခက္ခဲ့တဲ့ပြဲျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ စိတ္ဓာတ္ပိုင္းဆိုင္ရာလည္းခက္ခဲခဲ့ပါတယ္။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္တို ့ေတြအျမားအျပားမဖန္တီးနိုင္ခဲ့လုိ ့ပါ။ဒါဟာပထမဆံုးရႈံးပြဲပါ။ဒါပင္မယ့္ေကာင္ေလးေတြျပန္လာနိုင္ခဲ့တာက အရမ္းကိုအံၾသသင့္စရာပါပဲ” လို ့ေျပာၾကားခဲ့ပါတယ္။
နည္းျပဆိုးလ္ရွားကေတာ့ ခ်ဲလ္ဆီးအသင္းနဲ ့ပြဲကနိုင္ပြဲအရွိန္ကို လာမယ့္တနဂၤေႏြေန ့အိုထရက္ဖို ့ဒ္မွာ ပရီးမီးယားလိပ္ပြဲၾကီးပြဲေကာင္းအျဖစ္ရင္ဆိုင္ကစားမယ့္လီဗာပူးအသင္းနဲ ့ပြဲထိေခၚေဆာင္သြားဖို ့ရိွေနပါတယ္။
သူ ကၿပံဳးလ်က္ ” အိမ္ကြင္းမွာလီဗာပူးလ္အသင္းနဲ ့ရင္ဆိုင္ကစားရမွာပါ။အေကာင္းဆံုးျဖစ္ဖို ့ေမ ွ်ာ္မွန္းထားပါတယ္။”
(Unicode)
FA ဖလားကိုခက်ခက်ခဲခဲနဲ့ယူနိုက်တက်တို့ရရှိလိမ့်မယ်လို့နည်းပြဆိုးလ်ရှားကြွေးကြော်
အိုလေးဂန်နားဆိုးလ်ရှားကတော့ FA ဖလားပဉ္စမအဆင့်မှာ ချဲလ်ဆီးအသင်းကို ၂-၀ ဖြင့်အနိုင်ယူခဲ့ပြီးနောက် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းဆီသွားရောက်ကစားရမယ့်အပေါ်မှာ ခန့်မှန်းမှုတစ်ချို့ပြုလုပ်သွားခဲ့ပါတယ်။သရဲနီတို့ဟာ ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်လာနိုင်ဖို့အရေး အာဆင်နယ်၊ချဲလ်ဆီးတို့ကိုဖြတ်ကျော်လာခဲ့ရတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း လီဗာပူးလ်အသင်းကို ပြိုင်ပွဲကနေ နောက်ကောက်ချခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့် ဆိုးလ်ရှားအတွက်တော့ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။
” ဒီနှစ်မှာတော့ ကျွန်တော်တို့တွေခက်ခက်ခဲခဲနဲ့အပြီးလုပ်ဆောင်သွားရမှာပါ။” လို့ ဆိုးလ်ရှားကပြောကြားခဲ့ပါတယ်။
” ဝုလ်ဗ် ၊ သူတို့အသင်းဒီအထိလာခဲ့တာက စွမ်းအင်အပြည့်နဲ့သူတို့ရဲ့Playmakers တွေကြောင့်ပါ။ကျွန်တော်တို့အတွက်ခက်ခဲကြမ်းတမ်းတဲ့ပွဲဖြစ်လာမှာပါ။ပြီးတော့ ကျွန်တော်တို့ဟာ အာဆင်နယ်၊ချဲလ်ဆီးတို့ကို အဝေးကွင်းမှာသွားကစားခဲ့ရတာပါ။အဲ့ဒါကြောင့် ဖိုင်နယ်ကိုရောက်ချင်တယ်ဆိုရင် အားလုံးကိုအနိုင်ယူဖို့လိုပါတယ်။”
ယူနိုက်တက်တို့ဟာ ချန်ပီယံလိပ်မှာ PSG အသင်းကို ၂-ဝဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် စတန်းဖို့ဘရစ်ချ်မှာ ပေါ့ဘာရဲ့တောက်ပမှုတွေနဲ့အတူအကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။
ပေါ့ဘာဟာ PSG နဲ့ အနီကဒ်နဲ့အထုတ်ခံခဲ့ရပြီး အဆိုပါရှုံးပွဲဟာ နည်းပြသစ်ဆိုးလ်ရှားရဲ့ပထမဆုံးရှုံးပွဲတစ်ခုဖြစ်လာခဲ့ပြီး လာမယ့်ပွဲကြမ်းတွေအတွက်စိန်ခေါ်မှုဖြစ်လာစေခဲ့ပါတယ်။ဒါပင်မယ့်လည်း နော်ဝေးသားဟာ သူအသင်းသားတွေရဲ့အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့စိတ်ဓာတ်ကိုသဘောကျကျေနပ်နေတာပဲဖြစ်ပါတယ်။
” PSG နဲ့ပွဲဟာ ရုပ်ပိုင်းဆိုင်ရာအရ ခက်ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။ဒါ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းခက်ခဲခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေအမြားအပြားမဖန်တီးနိုင်ခဲ့လို့ပါ။ဒါဟာပထမဆုံးရှုံးပွဲပါ။ဒါပင်မယ့်ကောင်လေးတွေပြန်လာနိုင်ခဲ့တာက အရမ်းကိုအံသြသင့်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားကတော့ ချဲလ်ဆီးအသင်းနဲ့ပွဲကနိုင်ပွဲအရှိန်ကို လာမယ့်တနင်္ဂနွေနေ့အိုထရက်ဖို့ဒ်မှာ ပရီးမီးယားလိပ်ပွဲကြီးပွဲကောင်းအဖြစ်ရင်ဆိုင်ကစားမယ့်လီဗာပူးအသင်းနဲ့ပွဲထိခေါ်ဆောင်သွားဖို့ရှိနေပါတယ်။
သူ ကပြုံးလျက် ” အိမ်ကွင်းမှာလီဗာပူးလ်အသင်းနဲ့ရင်ဆိုင်ကစားရမှာပါ။အကောင်းဆုံးဖြစ်ဖို့မေ ျှာ်မှန်းထားပါတယ်။”
Post a Comment