Header Ads


ကြင္းလယ္ဒိုင္မိုက္ဒင္းကိုရန္ေတြ ့ခဲ့တဲ့နည္းျပပိုခ်က္တီနိုကိုအေရးယူဖို ့FA ကိုေတာင္းဆိုခဲ့တဲ့အာဆင္နယ္ပရိတ္သတ္မ်ား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပါးလ္အသင္းတို ့မေန ့ညကကစားခဲ့တဲ့ဘန္ေလအသင္းနဲ ့ပရီးမီးယားလိပ္ပြဲစဥ္မွာ - ျဖင့္အေရးနိမ့္ခဲ့ၿပီးေနာက္ ပြဲၿပီးဆံုးတဲ့ခ်ိန္ စပါးလ္နည္းျပပိုခ်က္တီနိုနဲ ့လက္ေထာက္နည္းျပတို ့ဟာကြင္းထဲ၀င္လာၿပီး ကြင္းလယ္ဒိုင္မိုက္ဒင္းရဲ ့ဆံုးျဖတ္ခ်က္တစ္ခ်ိဳ ့အေပၚမေက်နပ္ခ်က္ေတြနဲ ့ရန္ေတြ ့ခဲ့တာေၾကာင့္ FA အားအေရးယူေစဖို ့အာဖန္ပရိတ္သတ္တစ္ခ်ိဳ ့ကေတာင္းဆိုခဲ့ၾကေၾကာင္းသိရပါတယ္။

ေဘာလံုးအားကစားဆိုတာ အရူးအမူးစြဲလမ္းအားေပးကစားၾကတဲ့ကစားနည္းတစ္ခုပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း တစ္ခါတစ္ရံမွာ တစ္ခ်ိဳ ့ေသာအရာေတြဟာ ဆူပြက္လြယ္၊ေပါက္ကြဲလြယ္နိုင္ၿပီး အထူးသျဖင့္ ကစားသမားေတြနဲ ့မန္ေနဂ်ာေတြဟာ အျမဲလိုလိုအသင္းနိုင္ပြဲအတြက္စိတ္ဓာတ္ေတြေလာင္ကၽြမ္းေပါက္ကြဲေနၾကတာပဲျဖစ္ပါတယ္။







မေန ့ညက ဘန္ေလအသင္းကိုေတာ့တင္ဟမ္တို ့၂- ျဖင့္ရံႈးနိမ့္ခဲ့ၿပီးၿပီးခ်င္းမွာပဲ ကြင္းထဲကို နည္းျပပိုခ်က္တီနိုတစ္ေယာက္၀င္ေရာက္လာၿပီး ကြင္းလယ္ဒိုင္မိုက္ဒင္းနဲ ့အဖြဲ ့အေပၚ ေမးခြန္းထုတ္ရန္ေတြ ့ခဲ့တာပဲျဖစ္ပါတယ္။အာဂ်င္းတီးနားလူမ်ိဳးၾကီးနဲ ့သူ ့ရဲ ့လက္ေထာက္နည္းျပတို ့ဟာကြင္းလယ္ဒိုင္အဖြဲ ့အေပၚ နီးနီးကပ္ကပ္ ရန္ေတြ ့ေျပာဆိုေမးခြန္းထုတ္ေနတာျဖစ္ၿပီး ဘန္ေလေနာက္ခံလူ ဖီးလ္ဘာစ္ေလကိုယ္တိုင္ ၀င္ဆြဲခဲ့ရပါတယ္။

ဒါပင္မယ့္လည္း နည္းျပပိုခ်က္တီနို ကပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာေတာ့ ပြဲၿပီးၿပီးခ်င္းသူျပဳမႈခဲ့တဲ့အရာဟာ မွားယြင္းသြားခဲ့တယ္လို ့၀န္ခံေျပာၾကားခဲ့ပါတယ္။သူဟာ FA ရဲ့အေရးယူမႈကိုခံရဖို ့ရိွေနၿပီး ကြင္းလယ္ဒိုင္မိုက္ဒင္းရဲ ့ပြဲအၿပီးအစီရင္ခံစာမွာ ပိုခ်က္တီနိုရဲ ့ရန္ေတြ ့ခဲ့တဲ့အေၾကာင္းပါ၀င္ခဲ့ရင္ေတာ့ ေသခ်ာေပါက္ အျပစ္ေပးခံရမွာပဲျဖစ္ပါတယ္။ပိုခ်က္တီနိုရဲ့လက္ေထာက္နည္းျပပီးရက္ဇ္ဆို မိုက္ဒင္းကိုလက္ညိဳးေငါက္ေငါက္ထိုးၿပီးရန္ေတြ ့ေနခဲ့တာကိုေတြ ့ခဲ့ရပါေသးတယ္။




ဒါ့ေၾကာင္း ၿမိဳ ့ခံၿပိဳင္ဘက္ အာဆင္နယ္ပရိတ္သတ္ေတြကေတာ့ ကြင္းလယ္ဒိုင္ကို အသည္းအသန္ေစာဒကတက္ခဲ့တဲ့ နည္းျပပိုခ်က္တီနိုနဲ ့လက္ေထာက္တို ့ကို အေရးယူေပးဖို ့တြစ္တာစာမ်က္နွာေပၚမွာ FA ကိုဖိအားေပးေတာင္းဆိုခဲ့ၾကေၾကာင္းေတြ ့ရပါတယ္။




စပါးလ္အသင္းဟာ အဆိုပါရံႈးပြဲေၾကာင့္ အကယ္၍ လီဗာပူးလ္သာ ယူနိုက္တက္အသင္းကို အနိုင္ရပါက ၾကိဳးၾကာနီတို ့နဲ ့ရမွတ္ ၈မွတ္အထိကြာဟသြားမွာပဲျဖစ္ပါတယ္။

(unicode)

ကွင်းလယ်ဒိုင်မိုက်ဒင်းကိုရန်တွေ့ခဲ့တဲ့နည်းပြပိုချက်တီနိုကိုအရေးယူဖို့FA ကိုတောင်းဆိုခဲ့တဲ့အာဆင်နယ်ပရိတ်သတ်များ

စပါးလ်အသင်းတို့မနေ့ညကကစားခဲ့တဲ့ဘန်လေအသင်းနဲ့ပရီးမီးယားလိပ်ပွဲစဉ်မှာ ၂-၁ ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ပွဲပြီးဆုံးတဲ့ချိန် စပါးလ်နည်းပြပိုချက်တီနိုနဲ့လက်ထောက်နည်းပြတို့ဟာကွင်းထဲဝင်လာပြီး ကွင်းလယ်ဒိုင်မိုက်ဒင်းရဲ့ဆုံးဖြတ်ချက်တစ်ချို့အပေါ်မကျေနပ်ချက်တွေနဲ့ရန်တွေ့ခဲ့တာကြောင့် FA အားအရေးယူစေဖို့အာဖန်ပရိတ်သတ်တစ်ချို့ကတောင်းဆိုခဲ့ကြကြောင်းသိရပါတယ်။

ဘောလုံးအားကစားဆိုတာ အရူးအမူးစွဲလမ်းအားပေးကစားကြတဲ့ကစားနည်းတစ်ခုပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း တစ်ခါတစ်ရံမှာ တစ်ချို့သောအရာတွေဟာ ဆူပွက်လွယ်၊ပေါက်ကွဲလွယ်နိုင်ပြီး အထူးသဖြင့် ကစားသမားတွေနဲ့မန်နေဂျာတွေဟာ အမြဲလိုလိုအသင်းနိုင်ပွဲအတွက်စိတ်ဓာတ်တွေလောင်ကျွမ်းပေါက်ကွဲနေကြတာပဲဖြစ်ပါတယ်။

မနေ့ညက ဘန်လေအသင်းကိုတော့တင်ဟမ်တို့၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီးပြီးချင်းမှာပဲ ကွင်းထဲကို နည်းပြပိုချက်တီနိုတစ်ယောက်ဝင်ရောက်လာပြီး ကွင်းလယ်ဒိုင်မိုက်ဒင်းနဲ့အဖွဲ့အပေါ် မေးခွန်းထုတ်ရန်တွေ့ခဲ့တာပဲဖြစ်ပါတယ်။အာဂျင်းတီးနားလူမျိုးကြီးနဲ့သူ့ရဲ့လက်ထောက်နည်းပြတို့ဟာကွင်းလယ်ဒိုင်အဖွဲ့အပေါ် နီးနီးကပ်ကပ် ရန်တွေ့ပြောဆိုမေးခွန်းထုတ်နေတာဖြစ်ပြီး ဘန်လေနောက်ခံလူ ဖီးလ်ဘာစ်လေကိုယ်တိုင် ဝင်ဆွဲခဲ့ရပါတယ်။

ဒါပင်မယ့်လည်း နည်းပြပိုချက်တီနို ကပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ပွဲပြီးပြီးချင်းသူပြုမှုခဲ့တဲ့အရာဟာ မှားယွင်းသွားခဲ့တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။သူဟာ FA ရဲ့အရေးယူမှုကိုခံရဖို့ရှိနေပြီး ကွင်းလယ်ဒိုင်မိုက်ဒင်းရဲ့ပွဲအပြီးအစီရင်ခံစာမှာ ပိုချက်တီနိုရဲ့ရန်တွေ့ခဲ့တဲ့အကြောင်းပါဝင်ခဲ့ရင်တော့ သေချာပေါက် အပြစ်ပေးခံရမှာပဲဖြစ်ပါတယ်။ပိုချက်တီနိုရဲ့လက်ထောက်နည်းပြပီးရက်ဇ်ဆို မိုက်ဒင်းကိုလက်ညိုးငေါက်ငေါက်ထိုးပြီးရန်တွေ့နေခဲ့တာကိုတွေ့ခဲ့ရပါသေးတယ်။

ဒါ့ကြောင်း မြို့ခံပြိုင်ဘက် အာဆင်နယ်ပရိတ်သတ်တွေကတော့ ကွင်းလယ်ဒိုင်ကို အသည်းအသန်စောဒကတက်ခဲ့တဲ့ နည်းပြပိုချက်တီနိုနဲ့လက်ထောက်တို့ကို အရေးယူပေးဖို့တွစ်တာစာမျက်နှာပေါ်မှာ FA ကိုဖိအားပေးတောင်းဆိုခဲ့ကြကြောင်းတွေ့ရပါတယ်။

စပါးလ်အသင်းဟာ အဆိုပါရှုံးပွဲကြောင့် အကယ်၍ လီဗာပူးလ်သာ ယူနိုက်တက်အသင်းကို အနိုင်ရပါက ကြိုးကြာနီတို့နဲ့ရမှတ် ၈မှတ်အထိကွာဟသွားမှာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.