အသင္းကစားပံုနဲ ့တိုက္စစ္မွဴးဟီဂြာအင္တုိ ့ကိုခ်ီးက်ဴးစကားဆိုလိုက္တဲ့နည္းျပဆာရီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ညကကစားခဲ့တဲ့ ခ်ဲလ္ဆီးတို ့ရဲ့ပရီးမီးယားလိပ္ပြဲမွာဟယ္လ္ဒါဖီးတို ့ကို ဂိုးျပတ္ေအာင္ပြဲစိုက္ထူနိင္ခဲ့ပါတယ္။အသင္းရဲ့ တိုက္စစ္မွဴးသစ္ ဟီဂြာအင္က လွပေသသပ္တဲ့ပထမပိုင္းသြင္းဂိုးနဲ ့ဒုတိယပိုင္းသြင္းဂိုးတို ့ကိုခ်ဲလ္ဆီးအတြက္စတင္သြင္းယူေပးခဲ့တာပဲျဖစ္ပါတယ္။
အင္ဒီဟာဇက္ကေတာ့ လွပတဲ့ သြင္းဂိုးကိုလည္းသြင္းယူျပခဲ့ၿပီး ပယ္နယ္တီကေနတစ္ဆင့္အျပာေရာင္တပ္သားတို ့အတြက္ ေနာက္ထပ္ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ပါတယ္။ဒါ့အျပင္ ပြဲအၿပီးမွာေတာ့ ေဒးဗစ္လူး၀စ္ရဲ ့ပြဲၿပီးခါနီးေခါင္းတိုက္ဂိုးကို ထပ္မံသြင္းယူခဲ့ၿပီး ပြဲအၿပီး ၅-၀ ျဖင့္ခ်ဲလ္ဆီးတို ့အေကာင္းဆံုးျပန္လာနိုင္ခဲ့ပါတယ္။
ပြဲကစားခ်ိန္၁၆မိနစ္ထဲက ကန္တီရဲ ့ေပးပို ့မႈကေန ဟီဂြာအင္ရဲ ့တိက်ေသသပ္တဲ့ ဦးေဆာင္ဂိုးကိုသြင္းယူေပးခဲ့ၿပီးေနာက္ ဆာရီအသင္းရဲ ့ကစားပံုမွာ အသင္းလိုက္ကစားဟန္ဟာအေတာ္ေလးၾကည့္ေကာင္းေနတာပဲျဖစ္ပါတယ္။
ဘုန္းေမာက္ကို ရံႈးနိမ့္ခဲ့ၿပီးေနာက္ အေကာင္းဆံုးျပန္လာနိုင္ခဲ့တဲ့အသင္းရဲ့ စြမ္းေဆာင္ရည္ကို နည္းျပဆာရီတစ္ေယာက္သေဘာက်ေက်နပ္ေနတာပဲျဖစ္ပါတယ္။
” ပထမပိုင္း ၂၅ မိနစ္နဲ ့မိနစ္ ၃၀ေလာက္ထဲက ကၽြန္ေတာ္တို ့ေတြအေကာင္းဆံုးစတင္နိုင္ခဲ့ပါတယ္။ကၽြန္ေတာ့္ရဲ ့ေဘာလံုးဒႆနကိုေတြ ့ခဲ့ရပါတယ္။ေဘာလံုးကိုအျမန္ဆံုးေရြ ့လ်ားနိုင္ခဲ့ပါတယ္။ေဘာလံုးမပါပဲနဲ ့အေကာင္းဆံုးေရြ ့လ်ားမႈေတြလည္းရိွခဲ့ပါတယ္။ကၽြန္ေတာ္တို ့ဟာအလြန္အႏၱာရယ္ရိွတဲ့အသင္းျဖစ္ခဲ့ပါတယ္။ကၽြန္ေတာ့္တို ့အေကာင္းဆံုးပြဲကိုကစားနိုင္ခဲ့ပါတယ္။ဒါပင္မယ့္ ပံုမွန္သြားဖို ့လိုေနပါတယ္။”
ေဖေဖၚ၀ါရီ လဟာ အေရးၾကီးတဲ့လပါ။မန္စီးတီး(၂ပြဲ)၊မန္ယူနိုက္တက္၊ေတာ့တင္ဟမ္တို ့နဲ ့ကစားရမွာပဲျဖစ္ပါတယ္။
” အရမ္းကိုခက္ခဲပါလိမ့္မယ္။ၿပိဳင္ဘက္ေတြအတြက္လည္းထိုနည္း၎ပါပဲ။အခုခ်ိန္မွာေတာ့ ကၽြန္ေတာ္တို ့ရဲ ့ရာသီပြဲေတြအတြက္ ေပ်ာ္ေနပါတယ္။ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္တို ့ဟာ ၿပိဳင္ပြဲစံုအရပ္ရပ္မွာရိွေနေသးလို ့ပါ။အဆင့္၄အတြင္း၀င္ေရာက္နိုင္ဖို ့ကၽြန္ေတာ္တို ့တိုက္ပြဲ၀င္သြားရမွန္းသိထားပါတယ္။တစ္စံုတစ္ခုကိုလည္း အနိုင္ရဖို ့ၾကိဳးစားရပါမယ္။ကရာေဘာင္ဖလားမွာ လီဗာပူးလ္နဲ ့ေတာ့တင္ဟမ္တို ့နဲ ့ကစားခဲ့ရတာဟာအေတာ္ေလးခက္ခဲခဲ့ပါတယ္။အခုဖိုင္နယ္မွာ မန္စီးတီးနဲ့ကစားရေတာ့မယ္။ခ်န္ပီယံလိပ္လို ့ပါပဲ။အဂၤလန္မွာရိွတဲ့အရာအားလံုးဟာအရမ္းကိုခက္ခဲလြန္းပါတယ္။” လို ့ဆာရီကေျပာၾကားခဲ့ပါတယ္။
ဟီဂြာအင္နဲ့ဟာဇက္တို ့တစ္ေယာက္သြင္းဂိုး၂ဂိုးစီနဲ ့အတူအသင္းရဲ့ဒီေန ့ကစားပံုဟာ တစ္ေယာက္နဲ ့တစ္ေယာက္ၿပီးျပည့္စံုေအာင္ျဖစ္သြားေစတယ္လုိ ့နည္းျပဆာရီတစ္ေယာက္ယံုၾကည္ေနတာပဲျဖစ္ပါတယ္။
” ဟီဂြာအင္တစ္ေယာက္ဒီကိုေရာက္ေရာက္ခ်င္းအခ်ိန္မွာ ၾကံ ့ခိုင္မႈေကာင္းေကာင္းမရေသးမွန္းကၽြန္ေတာ္သိပါတယ္။အခုခ်ိန္မွာေတာ့သူတိုးတက္လာေနပါတယ္။ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဘာလုိ ့လဲဆိုေတာ့ ဂိုးေတြကလြဲလို ့သူဟာ အီဒင္နဲ ့အေကာင္းဆံုးတြဲဖက္ကစားနိုင္တာကိုေတြ ့ခဲ့ရပါတယ္။”
” ကြင္းထဲမွာ သူတို ့၂ေယာက္ တြဲကစားဖို ့အရမ္းကိုသင့္ေတာ္လြန္းေနပါတယ္။ကၽြန္ေတာ္တို ့အတြက္ ဟီဂြာအင္တစ္ေယာက္ရိွေနတာအသံုး၀င္ပါတယ္။ဘာလို ့လဲဆိုေတာ့ သူဟာဂိုးေတြအမ်ားၾကီးသြင္းနုိင္လို ့ပါ။ဒါပင္မယ့္လည္း အင္ဒီဟာဇက္အတြက္ အေရးပါဆဲျဖစ္ပါတယ္။”
(Unicode)
အသင်းကစားပုံနဲ့တိုက်စစ်မှူးဟီဂွာအင်တို့ကိုချီးကျူးစကားဆိုလိုက်တဲ့နည်းပြဆာရီ
မနေ့ညကကစားခဲ့တဲ့ ချဲလ်ဆီးတို့ရဲ့ပရီးမီးယားလိပ်ပွဲမှာဟယ်လ်ဒါဖီးတို့ကို ဂိုးပြတ်အောင်ပွဲစိုက်ထူနိင်ခဲ့ပါတယ်။အသင်းရဲ့ တိုက်စစ်မှူးသစ် ဟီဂွာအင်က လှပသေသပ်တဲ့ပထမပိုင်းသွင်းဂိုးနဲ့ဒုတိယပိုင်းသွင်းဂိုးတို့ကိုချဲလ်ဆီးအတွက်စတင်သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။
အင်ဒီဟာဇက်ကတော့ လှပတဲ့ သွင်းဂိုးကိုလည်းသွင်းယူပြခဲ့ပြီး ပယ်နယ်တီကနေတစ်ဆင့်အပြာရောင်တပ်သားတို့အတွက် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒါ့အပြင် ပွဲအပြီးမှာတော့ ဒေးဗစ်လူးဝစ်ရဲ့ပွဲပြီးခါနီးခေါင်းတိုက်ဂိုးကို ထပ်မံသွင်းယူခဲ့ပြီး ပွဲအပြီး ၅-၀ ဖြင့်ချဲလ်ဆီးတို့အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။
ပွဲကစားချိန်၁၆မိနစ်ထဲက ကန်တီရဲ့ပေးပို့မှုကနေ ဟီဂွာအင်ရဲ့တိကျသေသပ်တဲ့ ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် ဆာရီအသင်းရဲ့ကစားပုံမှာ အသင်းလိုက်ကစားဟန်ဟာအတော်လေးကြည့်ကောင်းနေတာပဲဖြစ်ပါတယ်။
ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့အသင်းရဲ့ စွမ်းဆောင်ရည်ကို နည်းပြဆာရီတစ်ယောက်သဘောကျကျေနပ်နေတာပဲဖြစ်ပါတယ်။
” ပထမပိုင်း ၂၅ မိနစ်နဲ့မိနစ် ၃၀လောက်ထဲက ကျွန်တော်တို့တွေအကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ကျွန်တော့်ရဲ့ဘောလုံးဒဿနကိုတွေ့ခဲ့ရပါတယ်။ဘောလုံးကိုအမြန်ဆုံးရွေ့လျားနိုင်ခဲ့ပါတယ်။ဘောလုံးမပါပဲနဲ့အကောင်းဆုံးရွေ့လျားမှုတွေလည်းရှိခဲ့ပါတယ်။ကျွန်တော်တို့ဟာအလွန်အန္တာရယ်ရှိတဲ့အသင်းဖြစ်ခဲ့ပါတယ်။ကျွန်တော့်တို့အကောင်းဆုံးပွဲကိုကစားနိုင်ခဲ့ပါတယ်။ဒါပင်မယ့် ပုံမှန်သွားဖို့လိုနေပါတယ်။”
ဖေဖေါ်ဝါရီ လဟာ အရေးကြီးတဲ့လပါ။မန်စီးတီး(၂ပွဲ)၊မန်ယူနိုက်တက်၊တော့တင်ဟမ်တို့နဲ့ကစားရမှာပဲဖြစ်ပါတယ်။
” အရမ်းကိုခက်ခဲပါလိမ့်မယ်။ပြိုင်ဘက်တွေအတွက်လည်းထိုနည်း၎င်းပါပဲ။အခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ရာသီပွဲတွေအတွက် ပျော်နေပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပြိုင်ပွဲစုံအရပ်ရပ်မှာရှိနေသေးလို့ပါ။အဆင့်၄အတွင်းဝင်ရောက်နိုင်ဖို့ကျွန်တော်တို့တိုက်ပွဲဝင်သွားရမှန်းသိထားပါတယ်။တစ်စုံတစ်ခုကိုလည်း အနိုင်ရဖို့ကြိုးစားရပါမယ်။ကရာဘောင်ဖလားမှာ လီဗာပူးလ်နဲ့တော့တင်ဟမ်တို့နဲ့ကစားခဲ့ရတာဟာအတော်လေးခက်ခဲခဲ့ပါတယ်။အခုဖိုင်နယ်မှာ မန်စီးတီးနဲ့ကစားရတော့မယ်။ချန်ပီယံလိပ်လို့ပါပဲ။အင်္ဂလန်မှာရှိတဲ့အရာအားလုံးဟာအရမ်းကိုခက်ခဲလွန်းပါတယ်။” လို့ဆာရီကပြောကြားခဲ့ပါတယ်။
ဟီဂွာအင်နဲ့ဟာဇက်တို့တစ်ယောက်သွင်းဂိုး၂ဂိုးစီနဲ့အတူအသင်းရဲ့ဒီနေ့ကစားပုံဟာ တစ်ယောက်နဲ့တစ်ယောက်ပြီးပြည့်စုံအောင်ဖြစ်သွားစေတယ်လို့နည်းပြဆာရီတစ်ယောက်ယုံကြည်နေတာပဲဖြစ်ပါတယ်။
” ဟီဂွာအင်တစ်ယောက်ဒီကိုရောက်ရောက်ချင်းအချိန်မှာ ကြံ့ခိုင်မှုကောင်းကောင်းမရသေးမှန်းကျွန်တော်သိပါတယ်။အခုချိန်မှာတော့သူတိုးတက်လာနေပါတယ်။ကျွန်တော်အရမ်းပျော်ပါတယ်။ဘာလို့လဲဆိုတော့ ဂိုးတွေကလွဲလို့သူဟာ အီဒင်နဲ့အကောင်းဆုံးတွဲဖက်ကစားနိုင်တာကိုတွေ့ခဲ့ရပါတယ်။”
” ကွင်းထဲမှာ သူတို့၂ယောက် တွဲကစားဖို့အရမ်းကိုသင့်တော်လွန်းနေပါတယ်။ကျွန်တော်တို့အတွက် ဟီဂွာအင်တစ်ယောက်ရှိနေတာအသုံးဝင်ပါတယ်။ဘာလို့လဲဆိုတော့ သူဟာဂိုးတွေအများကြီးသွင်းနိုင်လို့ပါ။ဒါပင်မယ့်လည်း အင်ဒီဟာဇက်အတွက် အရေးပါဆဲဖြစ်ပါတယ်။”
Post a Comment