ဘတ္ရူအာရီတစ္ေယာက္စပါးမေရာက္ေအာင္ခ်ယ္ဆီးဘယ္လိုေတြလုပ္ေဆာင္ခဲ့သလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပါးအသင္းဟာ ဘတ္ရူအာရီကို ရာသီကုန္ထိ အငွားျဖင့္ေခၚယူဖို႔ျကိဳးပမ္းခဲ့ပါတယ္။ဘတ္ရူအာရီဟာဗလင္စီယာအသင္းနဲ႔အငွားစာခ်ဳပ္အဆံုးသတ္ျပီးေနာက္ မိခင္ကလပ္ခ်ယ္ဆီးအသင္းထံျပန္ေရာက္လာခဲ့ပါတယ္။
သူ႔အေနနဲ႔လာလီဂိုးတစ္ဂိုးသာသြင္းနိုင္ခဲ့ပါတယ္။ဒါေပမယ့္ ၁၈ကိုက္စည္းအတြင္းေနရာယူေကာင္းမြန္မႈေတြေျကာင့္ ဘတ္ရူအာရီကို ရာသီကုန္အထိအငွားေခၚယူလိုေနတဲ့အသင္းေတြ ရွိပါတယ္။ပိုခ်က္တီနိုေခၚယူဖို႔မျကိဳးပမ္းခင္ထဲက ဝက္ဟမ္း,ရီးရဲဘတ္တစ္တို႔ဟာ ဒီဘယ္ဂ်ီယံသားကို အလိုရွိခဲ့ျကပါတယ္။ဟာရီကိန္းဒဏ္ရာေျကာင့္ အနားယူေနရခ်ိန္မွာ ပိုခ်က္တီနိုက တိုက္စစ္ပိုင္းအင္အားျဖည့္ဖို႔ စီစဥ္ခဲ့ပံုပါပဲ။
ဒါေျကာင့္ ဘက္ရူအာရီကို ပစ္မွတ္လာခဲ့တာပါ။သူ႔ကို အငွားေခၚဖို႔ျကိဳးပမ္းလာတဲ့အသင္းေတြထဲမွာ ေငြေျကးအမ်ားဆံုးနဲ႕ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းကျငင္းပယ္ခဲ့ပါတယ္။ရာသီကုန္အထိအငွားနဲ႔ေခၚဖို႔စပါးအသင္းက ေပါင္၈သန္းထိေပးခဲ့ေပမယ့္ ခ်ယ္ဆီးကေတာ့ သူ႔တို႔ရဲ႕ ေနရာလုဘက္အသင္းဆီေစလႊတ္လိုျခင္းမရွိပါဘူး။သတင္းေတြအရေတာ့ ဘတ္ရူအာရီကိုယ္တိုင္က စပါးဆီေျပာင္ေရြ႕ျပီးလန္ဒန္မွာပဲ အေျခခ်လိုခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းဘက္က ခြင့္မျပဳခဲ့တာပါ။ဒါေျကာင့္သူဟာ အျခားလန္ဒန္ကလပ္ျဖစ္တဲ့ ခရစၥတယ္ပဲေလ့အသင္းကို ရာသီကုန္အထိေျပာင္းေရြ႕သြားျပီျဖစ္ပါတယ္။
ပဲေလ့အသင္းဥကၠဌကေတာ့အေျပာင္းေရြ႕ေနာက္ဆံုးရက္မွာ ဘက္ရူအာရီကိုေခၚယူန္ိုင္ခဲ့တဲ့အတြက္ေပ်ာ္ရႊင္ေနပါတယ္။အသင္းဥကၠဌ စတိပါရစ္က''ပဲေလ့အသင္းအတြက္တကယ္ေကာင္းတဲ့ေခၚယူမႈပါပဲ။ဘတ္ရူအာရီကိုေခၚယူခ်င္ေနခဲ့တာျကာပါျပီ။ဒါေျကာင့္အခု သူ ပဲေလ့အသင္းသားတစ္ေယာက္ျဖစ္သြားျပီဆိုေတာ့ အလြန္ေက်နပ္စရာပါပဲ။သူဟာ က်ေနာ္တို႔အသင္းလူစာရင္းကိုပိုမိုေတာင့္တင္းေစလိမ့္မယ္ဆိုတာအေသအခ်ာပါပဲ''လို႔ေျပာခဲ့ပါတယ္။
ပဲေလ့အသင္းကေတာ့ တန္းဆင္းဇုန္ အေပၚဘက္မွာရွိေနျပီး စိတ္ခ်ရတဲ့အေျခေနေတာ့မဟုတ္ေသးပါဘူး။ဘတ္ရူအာရီအေနနဲ႔ သူ႔ရဲ႕သြင္းဂိုးေတြနဲ႕ အသင္းကိုဇယားအေပၚပိုင္းေရာက္ေအာင္ ဆြဲတင္ေပးနိုင္မလားစိတ္ဝင္စားစရာပါပဲ။
(Unicode)
ဘတ်ရူအာရီတစ်ယောက်စပါးမရောက်အောင်ချယ်ဆီးဘယ်လိုတွေလုပ်ဆောင်ခဲ့သလဲ?
စပါးအသင်းဟာ ဘတ်ရူအာရီကို ရာသီကုန်ထိ အငှားဖြင့်ခေါ်ယူဖို့ကြိုးပမ်းခဲ့ပါတယ်။ဘတ်ရူအာရီဟာဗလင်စီယာအသင်းနဲ့အငှားစာချုပ်အဆုံးသတ်ပြီးနောက် မိခင်ကလပ်ချယ်ဆီးအသင်းထံပြန်ရောက်လာခဲ့ပါတယ်။
သူ့အနေနဲ့လာလီဂိုးတစ်ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ဒါပေမယ့် ၁၈ကိုက်စည်းအတွင်းနေရာယူကောင်းမွန်မှုတွေကြောင့် ဘတ်ရူအာရီကို ရာသီကုန်အထိအငှားခေါ်ယူလိုနေတဲ့အသင်းတွေ ရှိပါတယ်။ပိုချက်တီနိုခေါ်ယူဖို့မကြိုးပမ်းခင်ထဲက ဝက်ဟမ်း,ရီးရဲဘတ်တစ်တို့ဟာ ဒီဘယ်ဂျီယံသားကို အလိုရှိခဲ့ကြပါတယ်။ဟာရီကိန်းဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ပိုချက်တီနိုက တိုက်စစ်ပိုင်းအင်အားဖြည့်ဖို့ စီစဉ်ခဲ့ပုံပါပဲ။
ဒါကြောင့် ဘက်ရူအာရီကို ပစ်မှတ်လာခဲ့တာပါ။သူ့ကို အငှားခေါ်ဖို့ကြိုးပမ်းလာတဲ့အသင်းတွေထဲမှာ ငွေကြေးအများဆုံးနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ချယ်ဆီးအသင်းကငြင်းပယ်ခဲ့ပါတယ်။ရာသီကုန်အထိအငှားနဲ့ခေါ်ဖို့စပါးအသင်းက ပေါင်၈သန်းထိပေးခဲ့ပေမယ့် ချယ်ဆီးကတော့ သူ့တို့ရဲ့ နေရာလုဘက်အသင်းဆီစေလွှတ်လိုခြင်းမရှိပါဘူး။သတင်းတွေအရတော့ ဘတ်ရူအာရီကိုယ်တိုင်က စပါးဆီပြောင်ရွေ့ပြီးလန်ဒန်မှာပဲ အခြေချလိုခဲ့ပေမယ့် ချယ်ဆီးအသင်းဘက်က ခွင့်မပြုခဲ့တာပါ။ဒါကြောင့်သူဟာ အခြားလန်ဒန်ကလပ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့အသင်းကို ရာသီကုန်အထိပြောင်းရွေ့သွားပြီဖြစ်ပါတယ်။
ပဲလေ့အသင်းဥက္ကဌကတော့အပြောင်းရွေ့နောက်ဆုံးရက်မှာ ဘက်ရူအာရီကိုခေါ်ယူနိုင်ခဲ့တဲ့အတွက်ပျော်ရွှင်နေပါတယ်။အသင်းဥက္ကဌ စတိပါရစ်က''ပဲလေ့အသင်းအတွက်တကယ်ကောင်းတဲ့ခေါ်ယူမှုပါပဲ။ဘတ်ရူအာရီကိုခေါ်ယူချင်နေခဲ့တာကြာပါပြီ။ဒါကြောင့်အခု သူ ပဲလေ့အသင်းသားတစ်ယောက်ဖြစ်သွားပြီဆိုတော့ အလွန်ကျေနပ်စရာပါပဲ။သူဟာ ကျနော်တို့အသင်းလူစာရင်းကိုပိုမိုတောင့်တင်းစေလိမ့်မယ်ဆိုတာအသေအချာပါပဲ''လို့ပြောခဲ့ပါတယ်။
ပဲလေ့အသင်းကတော့ တန်းဆင်းဇုန် အပေါ်ဘက်မှာရှိနေပြီး စိတ်ချရတဲ့အခြေနေတော့မဟုတ်သေးပါဘူး။ဘတ်ရူအာရီအနေနဲ့ သူ့ရဲ့သွင်းဂိုးတွေနဲ့ အသင်းကိုဇယားအပေါ်ပိုင်းရောက်အောင် ဆွဲတင်ပေးနိုင်မလားစိတ်ဝင်စားစရာပါပဲ။
Post a Comment