ေပါ့ဘာနဲ ့စကားေျပာေနတဲ့နည္းျပပူလစ္ကိုဗာဒီတစ္ေယာက္ဘယ္လိုဆန္ ့က်င္ေျပာဆိုခဲ့တာလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လက္စတာစီးတီးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကုိ (၀-၁) ဂုိးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ မန္ယူနိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကုိ လက္စတာနည္းျပ ပူရယ္ က ႏႈတ္ဆက္စကားေျပာဖုိ႔ ႀကိဳးစားခဲ့ပါတယ္။
အဆိုပါ၂ေယာက္ရဲ ့အနီးအနားမွာေတာ့လက္စတာအသင္းတုိက္စစ္မွဴး ဗာဒီ လည္း ရွိေနခဲ့ၿပီး ရႈံးပြဲအတြက္ စိတ္ပ်က္ေနတဲ့ တုိက္စစ္မွဴးဟာ နည္းျပကုိ “f*****g knobhead” လုိ႔ ေျပာခဲ့တာပါ။
ဗာဒီ ရဲ႕ ေျပာစကားကုိ ဘယ္သူမွ သတိမထားမိခဲ့ၾကေပမယ့္လည္း ရုပ္သံဗီဒီယုိဖုိင္ေတြကေနေဖာ္ျပၾကရယမွာေတာ့ ဗာဒီရဲ႕ ႏႈတ္ခမ္းလႈပ္ပုံေျပာစကားဟာ ဒီစကားလုံးကုိ ရည္ညႊန္းတာျဖစ္ၿပီး နည္းျပကုိ “ေသာက္ငတုံးေကာင္” လုိ႔ တုိက္ခုိက္လုိက္တာျဖစ္တယ္ဆုိတာ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
အသက္ (၃၂)ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ ဒီျဖစ္ရပ္ေၾကာင့္ အသင္းရဲ႕ျပင္သစ္နည္းျပ ပူရယ္ နဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္လာဖုိ႔ ရွိေနၿပီး နည္းျပအေပၚ မခန္႔ေလးစား ျပဳလုပ္တာကုိ ျမင္သာေစခဲ့တယ္လုိ႔ လူမႈကြန္ယက္ေတြေပၚမွာေ၀ဖန္မွတ္ခ်က္ေပးခံေနရတာပါ။
နည္းျပ ပူရယ္ ရဲ႕ လက္စတာအသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ ေနာက္ဆုံးကစားခဲ့တဲ့ (၅)ပြဲဆက္ ႏုိင္ပြဲေပ်ာက္ထားခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ (၁၁)ေနရာမွာ ရပ္တည္ေနပါတယ္။
(Unicode)
ပေါ့ဘာနဲ့စကားပြောနေတဲ့နည်းပြပူလစ်ကဗာဒီတစ်ယောက်ဘယ်လိုဆန့်ကျင်ပြောဆိုခဲ့တာလဲ?
လက်စတာစီးတီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို (ဝ-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို လက်စတာနည်းပြ ပူရယ် က နှုတ်ဆက်စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။
အဆိုပါ၂ယောက်ရဲ့အနီးအနားမှာတော့လက်စတာအသင်းတိုက်စစ်မှူး ဗာဒီ လည်း ရှိနေခဲ့ပြီး ရှုံးပွဲအတွက် စိတ်ပျက်နေတဲ့ တိုက်စစ်မှူးဟာ နည်းပြကို “f*****g knobhead” လို့ ပြောခဲ့တာပါ။
ဗာဒီ ရဲ့ ပြောစကားကို ဘယ်သူမှ သတိမထားမိခဲ့ကြပေမယ့်လည်း ရုပ်သံဗီဒီယိုဖိုင်တွေကနေဖော်ပြကြရယမှာတော့ ဗာဒီရဲ့ နှုတ်ခမ်းလှုပ်ပုံပြောစကားဟာ ဒီစကားလုံးကို ရည်ညွှန်းတာဖြစ်ပြီး နည်းပြကို “သောက်ငတုံးကောင်” လို့ တိုက်ခိုက်လိုက်တာဖြစ်တယ်ဆိုတာ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီဖြစ်ရပ်ကြောင့် အသင်းရဲ့ပြင်သစ်နည်းပြ ပူရယ် နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်လာဖို့ ရှိနေပြီး နည်းပြအပေါ် မခန့်လေးစား ပြုလုပ်တာကို မြင်သာစေခဲ့တယ်လို့ လူမှုကွန်ယက်တွေပေါ်မှာဝေဖန်မှတ်ချက်ပေးခံနေရတာပါ။
နည်းပြ ပူရယ် ရဲ့ လက်စတာအသင်းဟာ လက်ရှိအချိန်မှာတော့ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)နေရာမှာ ရပ်တည်နေပါတယ်။
Post a Comment