Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မန်စီးတီးအသင်းဟာချန်ပီယံလိပ်နောက်ပိုင်းအဆင့်တွေမှာတိုက်ပွဲဝင်ဖို့အဆင်သင့်မဖြစ်သေးကြောင်းပတ်ဂွာဒီယိုလာဆို
မနေ့ညကကစားခဲ့တဲ့ချန်ပီယံလိပ်၁၆သင်းရှုံးထွက်ပွဲမှာတော့ ၁ယောက်လျော့စီးတီးအသင်းဟာ ရှောကေးလ်အသင်းကို အဝေးကွင်းမှာ ဒရမ်မာဆန်ဆန် ၃-၂ ဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ပွဲအပြီးအင်တာဗျူးမှာတော့ ဂွာဒီယိုလာ က သူတို့အသင်းဟာဒီပြိုင်ပွဲမှာအနိုင်ရနိုင်မယ့်အခွင့်အရေးတွေအပေါ်ဘေးချိတ်ထားလျက်ရှိတယ်လို့ဆိုခဲ့ပါတယ်။
ပတ်ဂွာဒီယိုလာပြောကြားခဲ့တာကတော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိပ်ဖလားရဖို့လုံလောက်တဲ့အရည်အသွေးမရှိသေးကြောင်းပါပဲ။သူ့အသင်းဟာ အဝေးကွင်းမှာ ၁၀ယောက်ထဲနဲ့ရင်ဆိုင်ကစားပြီးနိုင်ပွဲရအောင်ပုံဖော်နိုင်ခဲ့သော်လည်း စီးတီးနည်းပြကတော့ အံသြသင့်ဖွယ်ထွက်ဆိုခဲ့တာပဲဖြစ်ပါတယ်။
အဂူရိုရဲ့ဦးဆောင်ဂိုးဟာ VAR ရဲ့အဆုံးအဖြတ်ကြောင့်ပယ်နယ်တီ၂လုံးရပြီး ရှောကေးလ်တို့ချေပဂိုး၊ ဦးဆောင်ဂိုးတွေရသွားခဲ့လို ကြာကြာမခံခဲ့ပါဘူး။ပွဲကစားချိန် ၆၈မိနစ်မှာ အော့တာမန်ဒီရဲ့အနီကဒ်က ဧည့်သည်အသင်းကို ပိုမိုအခက်တွေ့စေခဲ့ပြီး ဆာနေး၊စတာလင်တို့ရဲ့နောက်ကျချေပဂိုး၊အနိုင်ဂိုးတွေကြောင့်သာ စီးတီးတို့နောက်တစ်ဆင့်အတွက်အနည်းငယ်ရင်အေးသွားခဲ့ရတာပဲဖြစ်ပါတယ်။
စီးတီးဟာ ဒီရာသီချန်ပီယံလိပ်ဖလားရဖို့ရေပန်းစားနေတဲ့ အသင်းတစ်သင်းအဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ဂွာဒီယိုလာက အဆိုပါအခွင့်အရေးမျိုးမရှိကြောင်း ဆိုသွားပါတယ်။
” ရလဒ်ကောင်းပါပဲ။ကျွန်တော်ပယ်နယ်တီ ၂လုံးဆက်တိုက်ပေးခဲ့ရတယ်။အနီကဒ်လည်းပြခံရတယ်။အဲ့တော့ပွဲကကြည့်မကောင်းတော့ပါဘူး။ပြိုင်ပွဲရဲ့နောက်ပိုင်းအဆင့်တွေမှာကျွန်တော်တို့တွေဟာ တိုက်ပွဲဝင်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။ကျွန်တော်တို့အကောင်းဆုံးစတင်နိုင်ခဲ့တယ်။ဒီလိုပြိုင်ပွဲမှာ မင်းမလုပ်နိုင်တော့ဘူးဆိုရင် ဘောလုံးလဲအလွယ်တကူဆုံးရှုံးသွားခဲ့ရတယ်။သူတို့အသင်းဟာ ပယ်နယ်တီ၂လုံးနဲ့ကောင်းစားသွားခဲ့တာပါ။ကျွန်တော် VAR  ကိုယုံပါတယ်။VAR ပရိတ်သတ်ပါ။အဲ့တော့ ပယ်နယ်တီပေါ့။ဟုတ်ပါတယ်။ပယ်နယ်တီပါ။ကျွန်တော်ဟာ တစ်ခါတစ်လေ ငြင်းတာတွေ၊တိုက်ဆိုင်မှုမရှိတာတွေ ရှိခဲ့ပါတယ်။အခုဟာက တကယ့်ပယ်နယ်တီအလုံးတွေဖြစ်ကြောင်းကျွန်တော်သိပါတယ်။ဒုတိယပိုင်းမှာ ကျွန်တော်တို့ပုဂ္ဂိုလ်ရေးအရအကောင်းဆုံးကစားခဲ့ပါတယ်။မနှစ်ရာသီအန်ဖီးလ်ကွင်းမှာလိုပေါ့။ပွဲကအတော်လေးကောင်းပါတယ်။ဆာနေးနဲ့အခြားကစားသမားတွေဆီက အရည်အသွေးတွေကြောင့်ပါ။စတာလင်ကြောင့်လည်း ပွဲကိုခြားနားမှုတွေဖြစ်စေခဲ့ပါတယ်။ဒါဟာမပြီးသေးပါဘူး။ဒီပြိုင်ပွဲဟာအရမ်းခြားနားပါတယ်။ကျွန်တော်တို့ဟာပြိုင်ဘက်ကို ပွဲအတွင်းမှာပဲ ရှိအောင်အခွင့်အရေးပေးထားနေဆဲပါပဲ။” 
No comments
Powered by Blogger.