Header Ads


ပထမဆံုးေလ့က်င့္ခန္းအစီအစဥ္မွာရင္သပ္ရႈေမာဖြယ္ဂိုးကိုသြင္းျပခဲ့တဲ့အာဆင္နယ္ကစားသမားသစ္ဆြာရက္ဇ္


                                    
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒန္းနစ္ဆြာရက္ဇ္တစ္ေယာက္က ေတာ့ သူ ့ရဲ ့အာဆင္နယ္အသင္းေဖာ္ေတြခ်က္ခ်င္းသေဘာက်ေစမယ့္အရာကိုလုပ္ေဆာင္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာဘာစီလိုနာအသင္းရဲ ့ကြင္းလယ္လူဆြာရက္ဇ္ကို ရာသီကုန္အထိအငွားေခၚယူခဲ့တာျဖစ္ၿပီး သူဟာ အသင္းေဖာ္သစ္ေတြနဲ့ပထမဆံုးအၾကိမ္ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။သူဟာ တနဂၤေႏြေန ့မွာကစားရမယ့္မန္စီးတီးအသင္းနဲ ့ပြဲမွာပါ၀င္ခြင့္ရဖို ့ၾကိဳးစားေလ့က်င့္ခဲ့ၿပီး စပိန္သားရဲ ့ေလ့က်င့္ကစားဟန္ကိုၾကည့္ရတာပံုစံေကာင္းမွာရိွေနေၾကာင္းေတြ ့ရပါတယ္။အသက္၂၅နွစ္အရြယ္ကြင္းလယ္လူဟာ ရင္သပ္ရႈေမာဖြယ္သြင္းဂိုးကိုသြင္းယူျပခဲ့တာျဖစ္ၿပီးအသင္းေဖာ္လာကာဇက္တစ္ေယာက္ေတာင္ ဆြာရက္ဇ္ရဲ ့သြင္းဂိုးေၾကာင့္ကို ့ရို ့ကားယားပံုစံျဖစ္သြားခဲ့ပါတယ္။


တကယ့္အလန္းစားသြင္းဂိုးပါပဲ။

နည္းျပအူနိုင္းအမ္မရီကေတာ့ တပ္သားသစ္ရဲ့ ကိုယ္ရည္ကိုယ္ေသြးကို ခ်ီးက်ဴးခဲ့ပါတယ္။

ပထမဆံုးက သူဟာ ဘာသာစကားေကာင္းေကာင္းသိပါတယ္။သူအဂၤလိပ္စာကိုေျပာနိုင္ပါတယ္။အဲ့ဒါဟာကၽြန္ေတာ့္အတြက္ အေရးၾကီးပါတယ္။လို ့ေျပာခဲ့ပါတယ္။

ကၽြန္ေတာ္ကစားသမားအေၾကာင္းေကာင္းေကာင္းသိပါတယ္။မေန ့က သူသီးျခားတစ္ကိုယ္ရည္ေလ့က်င့္ခန္းစဆင္းခဲ့ပါတယ္။ဒီေန ့ေတာ့ သူဟာ အသင္းေဖာ္ေတြနဲ ့ရိွေနပါၿပီ။အဲ့ဒါဟာေကာင္းပါတယ္။သူ ့ရဲ ့လိုက္ေလ်ာညီေထြေနနိုင္ပံုက အရမ္းျမန္ပါတယ္။သူဟာအရည္အေသြးရိွတဲ့ကစားသမားတစ္ေယာက္ပါတယ္။သူ ့ရဲ ့အရည္အေသြးနဲ ့ကၽြန္ေတာ္တို ့ကိုကူညီေပးနိုင္လိမ့္မယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။သူ ့ရဲ ့ရည္မွန္းခ်က္ကလည္း ဒီေနရာမွာ အေရးၾကီးတဲ့အရာရာတစ္ခုခုလုပ္ျပဖို ့ပါပဲ။ကၽြန္ေတာ္တို ့ကိုကူညီဖို ့သူ ့အတြက္အေကာင္းဆံုးစိန္ေခၚမႈပါပဲ။

သူဟာ ဘယ္ေျခညာေျခအကုန္ရပါတယ္။နံပါတ္ ၁၀ ကစားသမားတစ္ေယာက္လိုပါပဲ။သူ ့ကို တိုက္စစ္ေနရာရဲ ့ေနရာစံုမွာကၽြန္ေတာ္ထည့္သံုးမွာပါ။သူ ့ရဲ ့အေကာင္းဆံုးေနရာလား? ‘ဒါက ဒီလိုရိွပါတယ္။သူဟာ ဆီဗီလာမွာတုန္းကဘယ္ေတာင္ပံကစားသမားပါ။ဗီလာရီးရဲလ္မွာက ညာေတာင္ပံကစားသမား။ဘာစီလိုနာမွာက်ေတာ့ အလယ္မွာကစားတာပါ။အလားအလာနဲ ့လုပ္နိုင္စြမ္းကေတာ့ ကြဲျပားျခားေနတာအမွန္ပါပဲ။” 

သူ ့မွာကိုယ္ရည္ကိုယ္ေသြးေကာင္းေကာင္းကိုရိွတာပါ။သူဒီမွာကစားနိုင္တဲ့အရည္အေသြးရိွတာပါ။သူနဲ ့ကၽြန္ေတာ္နဲ ့ဆက္ဆံေရးင ကၽြန္ေတာ္လုပ္ေနၾကအတိုင္း ပထမတုန္းကေတာ့ပရိုဖယ္ရွင္နယ္ဆန္ဆန္ဆက္ဆံေရးပါပဲ။ေနာက္ၿပီးက်ေတာ့ မိတ္ေတြလိုဆက္ဆံသြားတာပါ။သူအလုပ္လုပ္ေနတဲ့အခ်ိန္ဆိုမတူေတာ့ပါဘူး။အခုကၽြန္ေတာ့္အတြက္ေတာ့ သူနဲ့ဆက္ဆံေရးက ပရိုဖယ္ရွင္နယ္ဆံဆံပါပဲ။ေနာက္ပိုင္းက်ရင္ပုဂၢိဳလ္ေရးဆံသြားေတာ့မွာပါ။” 

အမ္မရီတစ္ေယာက္ဆြာရက္ဇ္ကို ပရီးမီးယားလိပ္မွာအေကာင္းဆံုးထိန္းေၾကာင္းနိုင္ပါ့မလား?

(Unicode)

ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာရင်သပ်ရှုမောဖွယ်ဂိုးကိုသွင်းပြခဲ့တဲ့အာဆင်နယ်ကစားသမားသစ်ဆွာရက်ဇ်

ဒန်းနစ်ဆွာရက်ဇ်တစ်ယောက်က တော့ သူ့ရဲ့အာဆင်နယ်အသင်းဖော်တွေချက်ချင်းသဘောကျစေမယ့်အရာကိုလုပ်ဆောင်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာဘာစီလိုနာအသင်းရဲ့ကွင်းလယ်လူဆွာရက်ဇ်ကို ရာသီကုန်အထိအငှားခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ အသင်းဖော်သစ်တွေနဲ့ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။သူဟာ တနင်္ဂနွေနေ့မှာကစားရမယ့်မန်စီးတီးအသင်းနဲ့ပွဲမှာပါဝင်ခွင့်ရဖို့ကြိုးစားလေ့ကျင့်ခဲ့ပြီး စပိန်သားရဲ့လေ့ကျင့်ကစားဟန်ကိုကြည့်ရတာပုံစံကောင်းမှာရှိနေကြောင်းတွေ့ရပါတယ်။အသက်၂၅နှစ်အရွယ်ကွင်းလယ်လူဟာ ရင်သပ်ရှုမောဖွယ်သွင်းဂိုးကိုသွင်းယူပြခဲ့တာဖြစ်ပြီးအသင်းဖော်လာကာဇက်တစ်ယောက်တောင် ဆွာရက်ဇ်ရဲ့သွင်းဂိုးကြောင့်ကို့ရို့ကားယားပုံစံဖြစ်သွားခဲ့ပါတယ်။

တကယ့်အလန်းစားသွင်းဂိုးပါပဲ။

နည်းပြအူနိုင်းအမ်မရီကတော့ တပ်သားသစ်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ချီးကျူးခဲ့ပါတယ်။

”ပထမဆုံးက သူဟာ ဘာသာစကားကောင်းကောင်းသိပါတယ်။သူအင်္ဂလိပ်စာကိုပြောနိုင်ပါတယ်။အဲ့ဒါဟာကျွန်တော့်အတွက် အရေးကြီးပါတယ်။” လို့ပြောခဲ့ပါတယ်။

” ကျွန်တော်ကစားသမားအကြောင်းကောင်းကောင်းသိပါတယ်။မနေ့က သူသီးခြားတစ်ကိုယ်ရည်လေ့ကျင့်ခန်းစဆင်းခဲ့ပါတယ်။ဒီနေ့တော့ သူဟာ အသင်းဖော်တွေနဲ့ရှိနေပါပြီ။အဲ့ဒါဟာကောင်းပါတယ်။သူ့ရဲ့လိုက်လျောညီထွေနေနိုင်ပုံက အရမ်းမြန်ပါတယ်။သူဟာအရည်အသွေးရှိတဲ့ကစားသမားတစ်ယောက်ပါတယ်။သူ့ရဲ့အရည်အသွေးနဲ့ကျွန်တော်တို့ကိုကူညီပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကလည်း ဒီနေရာမှာ အရေးကြီးတဲ့အရာရာတစ်ခုခုလုပ်ပြဖို့ပါပဲ။ကျွန်တော်တို့ကိုကူညီဖို့သူ့အတွက်အကောင်းဆုံးစိန်ခေါ်မှုပါပဲ။”

” သူဟာ ဘယ်ခြေညာခြေအကုန်ရပါတယ်။နံပါတ် ၁၀ ကစားသမားတစ်ယောက်လိုပါပဲ။သူ့ကို တိုက်စစ်နေရာရဲ့နေရာစုံမှာကျွန်တော်ထည့်သုံးမှာပါ။သူ့ရဲ့အကောင်းဆုံးနေရာလား? ‘ဒါက ဒီလိုရှိပါတယ်။သူဟာ ဆီဗီလာမှာတုန်းကဘယ်တောင်ပံကစားသမားပါ။ဗီလာရီးရဲလ်မှာက ညာတောင်ပံကစားသမား။ဘာစီလိုနာမှာကျတော့ အလယ်မှာကစားတာပါ။အလားအလာနဲ့လုပ်နိုင်စွမ်းကတော့ ကွဲပြားခြားနေတာအမှန်ပါပဲ။” 

“ သူ့မှာကိုယ်ရည်ကိုယ်သွေးကောင်းကောင်းကိုရှိတာပါ။သူဒီမှာကစားနိုင်တဲ့အရည်အသွေးရှိတာပါ။သူနဲ့ကျွန်တော်နဲ့ဆက်ဆံရေးင ကျွန်တော်လုပ်နေကြအတိုင်း ပထမတုန်းကတော့ပရိုဖယ်ရှင်နယ်ဆန်ဆန်ဆက်ဆံရေးပါပဲ။နောက်ပြီးကျတော့ မိတ်တွေလိုဆက်ဆံသွားတာပါ။သူအလုပ်လုပ်နေတဲ့အချိန်ဆိုမတူတော့ပါဘူး။အခုကျွန်တော့်အတွက်တော့ သူနဲ့ဆက်ဆံရေးက ပရိုဖယ်ရှင်နယ်ဆံဆံပါပဲ။နောက်ပိုင်းကျရင်ပုဂ္ဂိုလ်ရေးဆံသွားတော့မှာပါ။” 

အမ်မရီတစ်ယောက်ဆွာရက်ဇ်ကို ပရီးမီးယားလိပ်မှာအကောင်းဆုံးထိန်းကြောင်းနိုင်ပါ့မလား?



No comments

Powered by Blogger.