ဆြာရက္ဇ္ေနရာအစားထိုးခ်င္တဲ့တိုက္စစ္မွူးနာမည္ကိုမဲေပးခဲ့ၾကတဲ့ဘာစီလိုနာပရိတ္သတ္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လူး၀စ္ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းအတြက္အေကာင္းဆံုးအသံုးေတာ္ခံတိုက္စစ္မွဴးတစ္ေယာက္ျဖစ္ေနဆဲပါ။၂၀၁၄ ခုနွစ္မွာ လီဗာပူးလ္အသင္းကေန ေပါင္ ၆၅ သန္းျဖင့္ေျပာင္းလာခဲ့တဲ့သူဟာ ဘာစီလိုနာ အသင္းအတြက္ လာလီဂါဖလား၃လံုးအထိဆြတ္ခူးေပးနိုင္္ခဲ့ပါတယ္။ကလပ္မွာ ၅ရာသီကစားခဲ့ၿပီး ၂၃၁ ပြဲပြဲထြက္ခဲ့ကာ ၁၆၈ ဂိုးသြင္းယူေပးခဲ့ပါတယ္။
သို ့ေသာ္လည္း အသက္၃၂ နွစ္အရြယ္ေရာက္ၿပီျဖစ္တဲ့ဆြာရက္ဇ္ဟာ အခုခ်ိန္မွာ ဇရာရဲ ့အစြမ္းကိုျပသျခင္းခံေနရၿပီပဲျဖစ္ပါတယ္။ဥရုေဂြးတိုက္စစ္မွဴးဟာ ဒီရာသီမွာ ဂိုးေပါက္ေပ်ာက္ဆံုးေနခဲ့ၿပီး ၃၁ပြဲမွာ ၁၆ဂိုးသာသြင္ယူနိုင္ခဲ့ပါတယ္။
ဘာစီလိုနာပရိတ္သတ္ေတြကေတာ့ လက္ရိွဆြာရက္ဇ္ရဲ ့ပံုစံေကာင္းေတြက်ဆင္းလာေနမႈအေပၚ အထူးစိုးရိမ္ေနၾကၿ ပီး တစ္ခ်ိဳ ့သူေတြကေတာ့ ဆြာရက္ဇ္တစ္ေယာက္ဟာ ကစားသမားဘ၀ေန၀င္ခ်ိန္ကိုေရာက္ေနၿပီလို ့ဆိုေနၾကပါတယ္။ခ်န္ပီယံလိပ္၁၆သင္းအဆင့္ ပေက်ာ့ လိုင္ယြန္နဲ ့ပြဲမွာ အပိုင္းဂိုးသြင္းခြင့္ေတြလြဲေခ်ာ္ခဲ့တဲ့ဆြာရက္ဇ္ရဲ ့ေနရာကိုလာမယ့္ေႏြရာသီမွာအစားထိုးဖို ့ဘာစီလိုနာအသင္းကအလိုရိွေနပါတယ္။
ဒါဆိုပရိတ္သတ္ေတြကေတာ့ ဘယ္ကစားသမားကို ေခၚယူခ်င္ၾကသလဲဲ?
ဆြာရက္ဇ္ေနရာအစားထိုးေခၚခ်င္တဲ့ တိုက္စစ္မွဴးနာမည္ေတြကို ဘာစီလိုနာပရိတ္သတ္ေတြၾကားစစ္တမ္းေကာက္ခံခဲ့ရာမွာေတာ့
အမ္ဘာေပး-၄၈%
ဟာရီကိန္း-၁၄%
လူကာဂ်ိဳဗစ္-၇%
မက္စီဂိုမက္ဇ္-၄%
ေနမာ-၄%
အီကာဒီ-၃%
ေရာ္ဘတ္တိုဖာမီနို-၃%
၀ါနာ-၂%
ပစ္တပ္စ္-၂%
အန္ဒါရာေဆးလ္ဗား-၂%
နီကိုလက္စ္ပီပီ-၂%
ဂရစ္ဇမန္း-၂%
ဒီစစ္တမ္းအရ ဘာကာပရိတ္သတ္ေတြဟာ အမ္ဘာေပးကိုတျခားေသာတိုက္စစ္မွဴးေတြထက္အသင္းမွာျမင္ေတြ ့လိုေနၾကပါတယ္။ဒါပင္မယ့္လည္း ဒီလိုခ်ိန္ကစားသမားဘ၀ မွာ ဘာေပးဟာ ဘာစီလိုနာအသင္းဆီေျပာင္းခ်င္ရင္ေတာင္ ေစ်းေပါေပါနဲ ့ေရာက္လာမွာေတာ့မဟုတ္ပါဘူး။ဒုတိယဦးစားေပးကစားသမားကတာ့ ဟာရီကိန္းတစ္ေယာက္ျဖစ္ေသာ္လည္း ေတာ့တင္ဟမ္အသင္းနဲ ့လက္ရိွမွာစာခ်ဳပ္အသစ္ခ်ဳပ္ဆိုထားတာေၾကာင့္ လာမယ့္ေႏြရာသီမွာေျပာင္းလာဖို ့ေတာ့မရိွပါဘူး။လူကာဂ်ိဳဗစ္တစ္ေယာက္သာ အျဖစ္နိုင္ဆံုးပစ္မွတ္ျဖစ္လာနိုင္ပါတယ္။
ဘင္ဖီကာတိုက္စစ္မွဴးျဖစ္တဲ့ ဂ်ိဳဗစ္ဟာ လက္ရိွမွာ ဖရန္ ့ဘတ္အသင္းအတြက္အငွားကစားေနၿပီး ဘြန္ဒက္စ္လီဂါကလပ္အတြက္ ပြဲေပါင္း ၃၀မွာ ဂိုး၂၀အထိသြင္းယူထားနိုင္တာပဲျဖစ္ပါတယ္။အသက္၂၁နွစ္အရြယ္သာရိွေသးၿပီး အေကာင္းဆံုးေျခစြမ္းအေနအထားမွာရိွေနတာေၾကာင့္ သူ ့ကုိအၿပီးေခၚမယ္ဆိုရင္ေျပာင္းေရႊ ့ေၾကးဟာလည္း ပိုမိုျမွင့္မားဖြယ္ရိွေနပါတယ္။
(Unicode)
ဆွာရက်ဇ်နေရာအစားထိုးချင်တဲ့တိုက်စစ်မှူးနာမည်ကိုမဲပေးခဲ့ကြတဲ့ဘာစီလိုနာပရိတ်သတ်များ
လူးဝစ်ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းအတွက်အကောင်းဆုံးအသုံးတော်ခံတိုက်စစ်မှူးတစ်ယောက်ဖြစ်နေဆဲပါ။၂၀၁၄ ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ပေါင် ၆၅ သန်းဖြင့်ပြောင်းလာခဲ့တဲ့သူဟာ ဘာစီလိုနာ အသင်းအတွက် လာလီဂါဖလား၃လုံးအထိဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ကလပ်မှာ ၅ရာသီကစားခဲ့ပြီး ၂၃၁ ပွဲပွဲထွက်ခဲ့ကာ ၁၆၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သို့သော်လည်း အသက်၃၂ နှစ်အရွယ်ရောက်ပြီဖြစ်တဲ့ဆွာရက်ဇ်ဟာ အခုချိန်မှာ ဇရာရဲ့အစွမ်းကိုပြသခြင်းခံနေရပြီပဲဖြစ်ပါတယ်။ဥရုဂွေးတိုက်စစ်မှူးဟာ ဒီရာသီမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး ၃၁ပွဲမှာ ၁၆ဂိုးသာသွင်ယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာပရိတ်သတ်တွေကတော့ လက်ရှိဆွာရက်ဇ်ရဲ့ပုံစံကောင်းတွေကျဆင်းလာနေမှုအပေါ် အထူးစိုးရိမ်နေကြြ ပီး တစ်ချို့သူတွေကတော့ ဆွာရက်ဇ်တစ်ယောက်ဟာ ကစားသမားဘဝနေဝင်ချိန်ကိုရောက်နေပြီလို့ဆိုနေကြပါတယ်။ချန်ပီယံလိပ်၁၆သင်းအဆင့် ပကျော့ လိုင်ယွန်နဲ့ပွဲမှာ အပိုင်းဂိုးသွင်းခွင့်တွေလွဲချော်ခဲ့တဲ့ဆွာရက်ဇ်ရဲ့နေရာကိုလာမယ့်နွေရာသီမှာအစားထိုးဖို့ဘာစီလိုနာအသင်းကအလိုရှိနေပါတယ်။
ဒါဆိုပရိတ်သတ်တွေကတော့ ဘယ်ကစားသမားကို ခေါ်ယူချင်ကြသလဲ?
ဆွာရက်ဇ်နေရာအစားထိုးခေါ်ချင်တဲ့ တိုက်စစ်မှူးနာမည်တွေကို ဘာစီလိုနာပရိတ်သတ်တွေကြားစစ်တမ်းကောက်ခံခဲ့ရာမှာတော့
အမ်ဘာပေး-၄၈%
ဟာရီကိန်း-၁၄%
လူကာဂျိုဗစ်-၇%
မက်စီဂိုမက်ဇ်-၄%
နေမာ-၄%
အီကာဒီ-၃%
ရော်ဘတ်တိုဖာမီနို-၃%
ဝါနာ-၂%
ပစ်တပ်စ်-၂%
အန်ဒါရာဆေးလ်ဗား-၂%
နီကိုလက်စ်ပီပီ-၂%
ဂရစ်ဇမန်း-၂%
ဒီစစ်တမ်းအရ ဘာကာပရိတ်သတ်တွေဟာ အမ်ဘာပေးကိုတခြားသောတိုက်စစ်မှူးတွေထက်အသင်းမှာမြင်တွေ့လိုနေကြပါတယ်။ဒါပင်မယ့်လည်း ဒီလိုချိန်ကစားသမားဘ၀ မှာ ဘာပေးဟာ ဘာစီလိုနာအသင်းဆီပြောင်းချင်ရင်တောင် ဈေးပေါပေါနဲ့ရောက်လာမှာတော့မဟုတ်ပါဘူး။ဒုတိယဦးစားပေးကစားသမားကတာ့ ဟာရီကိန်းတစ်ယောက်ဖြစ်သော်လည်း တော့တင်ဟမ်အသင်းနဲ့လက်ရှိမှာစာချုပ်အသစ်ချုပ်ဆိုထားတာကြောင့် လာမယ့်နွေရာသီမှာပြောင်းလာဖို့တော့မရှိပါဘူး။လူကာဂျိုဗစ်တစ်ယောက်သာ အဖြစ်နိုင်ဆုံးပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
ဘင်ဖီကာတိုက်စစ်မှူးဖြစ်တဲ့ ဂျိုဗစ်ဟာ လက်ရှိမှာ ဖရန့်ဘတ်အသင်းအတွက်အငှားကစားနေပြီး ဘွန်ဒက်စ်လီဂါကလပ်အတွက် ပွဲပေါင်း ၃၀မှာ ဂိုး၂၀အထိသွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။အသက်၂၁နှစ်အရွယ်သာရှိသေးပြီး အကောင်းဆုံးခြေစွမ်းအနေအထားမှာရှိနေတာကြောင့် သူ့ကိုအပြီးခေါ်မယ်ဆိုရင်ပြောင်းရွှေ့ကြေးဟာလည်း ပိုမိုမြှင့်မားဖွယ်ရှိနေပါတယ်။
Post a Comment