Header Ads


ေဘာလံုးေလာကရဲ ့တီထြင္ဆန္းသစ္မႈတစ္ခုျဖစ္တဲ့ေပးပို ့မႈအသစ္အဆန္းတစ္မ်ိဳးကိုလုပ္ျပခဲ့တဲ့ဖာဘရီဂတ္စ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ကြင္းလယ္လူ ဆက္စ္ဖာဘရီဂတ္စ္ဆိုသည္မွာ Pass မာစတာတစ္ေယာက္အျဖစ္ေက်ာ္ၾကားတဲ့သူတစ္ေယာက္ျဖစ္ၿပီး နည္းစနစ္ပိုင္းကၽြမ္းက်င္တဲ့သူအျဖစ္ထင္ရွားတဲ့သူလည္းျဖစ္ပါတယ္။အခုတစ္ခါမွာလည္းသူဟာ ေဘာလံုးသမိုင္းတစ္ေလ ွ်ာက္ အသစ္အဆန္းတစ္ခုဖန္တီးခဲ့ပါတယ္။

ကမာၻ ့ဖလားဆုရဖူးတဲ့ကြင္းလယ္လူဖာဘရီဂတ္စ္ဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလက ခ်ဲလ္ဆီးအသင္းကေန မိုနာကိုအသင္းဆီေျပာင္းေရႊ ့လာခဲ့တာျဖစ္ၿပီး လက္ရိွကလပ္မွာေျခစြမ္းျပဖို ့ရုန္းကန္ေနရတဲ့သူလည္းျဖစ္ပါတယ္။ဒါပင္မယ့္လည္း မာေဆးလ္အသင္းနဲ ့ကစားခဲ့တဲ့သူ ့ရဲ့ပထမဆံုးပြဲမွာေတာ့ အေကာင္းဆံုးေျခစြမ္းျပသခဲ့ပါတယ္။



မေန ့ညက လိုင္ယြန္အသင္းကို - ျဖင့္အနိုင္ရၿပီးေနာက္ ဖာဘရီဂတ္စ္ရဲ့မိုနာကိုအသင္းဟာ တန္းဆင္ဇုန္နားကရုန္းထြက္နိုင္ခဲ့ပါတယ္။ဒါပင္မယ့္ဒီထက္ပိုမိုတဲ့အရာတစ္ခုကေတာ့ ဖာဘရီဂတ္စ္ဟာ ကၽြန္ေတာ္တို ့တစ္ခါမွမျမင္ဖူးတဲ့ ပဥၥလက္ဆန္တဲ့ေပးပို ့မႈတစ္ခုကိုလုပ္ျပခဲ့ပါတယ္။သူ ့ရဲ့ဘယ္ေျခထိပ္ဖ၀ါးနဲ့ ေဘာလံုးကိုနင္းထားၿပီး လႊတ္ေပးလိုက္တဲ့ပံုစံနဲ့ အသင္းေဖာ္ဂိုလိုဗင္ကိုတန္းတန္းမတ္မတ္ေပးပို ့ခဲ့ၿပီး ၿပိဳင္ဘက္ကစာူသမား အန္ဒိုမက္ဘီလီကို အရူးလုပ္ခဲ့တာပဲျဖစ္ပါတယ္။သူဟာ ေဘာလံုးေမွာ္ပညာမွာေတာ့ အံမခန္းတစ္ေယာက္ျဖစ္ေၾကာင္းလုပ္ျပခဲ့တာျဖစ္ပါတယ္။သူလုပ္ျပခဲ့တဲ့ပံုစံဟာ မေတာ္တဆလုပ္ခဲ့တာမဟုတ္ပဲ ရည္ရြယ္ခ်က္ရိွရိွနဲ ့ေဘာလံုးကို ဖိလႊတ္ၿပီး ေပးပို ့တဲ့ပံုစံလုပ္ျပခဲ့တာပဲျဖစ္ပါတယ္။ဒါဟာ ေဘာလံုးေလာကရဲ ့တီထြင္ဖန္တီးမႈတစ္ခုျဖစ္ပါတယ္။



ေနာက္ထပ္ေဘာလံုးေလာကရဲ ့ဖန္တီးမႈတစ္ခုျဖစ္တာကေတာ့ ရိုနယ္ဒို ရဲ ့ခ်န္ပီယံလိပ္၁၆ သင္းအဆင့္မွာ ကစားခဲ့တဲ့ PSG အသင္းနဲ ့ပြဲမွာ ထူးဆန္းဆန္းျပားတဲ့ပယ္နယ္တီကန္သြင္းခ်က္ကိုလုပ္ျပခဲ့တာပဲျဖစ္ပါတယ္။ေဘာ္လြန္ဒီေအာ္ဆု၅ၾကိမ္ဆုရကစားသမားဟာ ကန္သြင္းမယ့္ေဘာလံုး အမွတ္နားမရမေရာက္ခင္မွာ ေဘာလံုးဟာေလထဲတက္လာၿပီးေနာက္ ကစ္အားျပင္းျပင္းျဖင့္သြင္းယူျပခဲ့တာပဲျဖစ္ပါတယ္။


ဒါပင္မယ့္လည္း ရိုနယ္ဒိုရဲ ့အသင္းေဖာ္ေဟာင္းရီယိုဖာဒီနန္ကေတာ့ ရိုနယ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္ထရိန္နင္မွာ ထူးဆန္းတဲ့နည္းစနစ္ကို အသံုးျပဳေလ့က်င့္ဖူးတယ္လို ့၀န္ခံေျပာၾကားခဲ့ဖူးပါတယ္။



(Unicode)

ဘောလုံးလောကရဲ့တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်တဲ့ပေးပို့မှုအသစ်အဆန်းတစ်မျိုးကိုလုပ်ပြခဲ့တဲ့ဖာဘရီဂတ်စ်


ကွင်းလယ်လူ ဆက်စ်ဖာဘရီဂတ်စ်ဆိုသည်မှာ Pass မာစတာတစ်ယောက်အဖြစ်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့သူအဖြစ်ထင်ရှားတဲ့သူလည်းဖြစ်ပါတယ်။အခုတစ်ခါမှာလည်းသူဟာ ဘောလုံးသမိုင်းတစ်လေ ျှာက် အသစ်အဆန်းတစ်ခုဖန်တီးခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆုရဖူးတဲ့ကွင်းလယ်လူဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ချဲလ်ဆီးအသင်းကနေ မိုနာကိုအသင်းဆီပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိကလပ်မှာခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့သူလည်းဖြစ်ပါတယ်။ဒါပင်မယ့်လည်း မာဆေးလ်အသင်းနဲ့ကစားခဲ့တဲ့သူ့ရဲ့ပထမဆုံးပွဲမှာတော့ အကောင်းဆုံးခြေစွမ်းပြသခဲ့ပါတယ်။

မနေ့ညက လိုင်ယွန်အသင်းကို ၂-၀ ဖြင့်အနိုင်ရပြီးနောက် ဖာဘရီဂတ်စ်ရဲ့မိုနာကိုအသင်းဟာ တန်းဆင်ဇုန်နားကရုန်းထွက်နိုင်ခဲ့ပါတယ်။ဒါပင်မယ့်ဒီထက်ပိုမိုတဲ့အရာတစ်ခုကတော့ ဖာဘရီဂတ်စ်ဟာ ကျွန်တော်တို့တစ်ခါမှမမြင်ဖူးတဲ့ ပဉ္စလက်ဆန်တဲ့ပေးပို့မှုတစ်ခုကိုလုပ်ပြခဲ့ပါတယ်။သူ့ရဲ့ဘယ်ခြေထိပ်ဖဝါးနဲ့ ဘောလုံးကိုနင်းထားပြီး လွှတ်ပေးလိုက်တဲ့ပုံစံနဲ့ အသင်းဖော်ဂိုလိုဗင်ကိုတန်းတန်းမတ်မတ်ပေးပို့ခဲ့ပြီး ပြိုင်ဘက်ကစာူသမား အန်ဒိုမက်ဘီလီကို အရူးလုပ်ခဲ့တာပဲဖြစ်ပါတယ်။သူဟာ ဘောလုံးမှော်ပညာမှာတော့ အံမခန်းတစ်ယောက်ဖြစ်ကြောင်းလုပ်ပြခဲ့တာဖြစ်ပါတယ်။သူလုပ်ပြခဲ့တဲ့ပုံစံဟာ မတော်တဆလုပ်ခဲ့တာမဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ဘောလုံးကို ဖိလွှတ်ပြီး ပေးပို့တဲ့ပုံစံလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ဒါဟာ ဘောလုံးလောကရဲ့တီထွင်ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဘောလုံးလောကရဲ့ဖန်တီးမှုတစ်ခုဖြစ်တာကတော့ ရိုနယ်ဒို ရဲ့ချန်ပီယံလိပ်၁၆ သင်းအဆင့်မှာ ကစားခဲ့တဲ့ PSG အသင်းနဲ့ပွဲမှာ ထူးဆန်းဆန်းပြားတဲ့ပယ်နယ်တီကန်သွင်းချက်ကိုလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ဘော်လွန်ဒီအော်ဆု၅ကြိမ်ဆုရကစားသမားဟာ ကန်သွင်းမယ့်ဘောလုံး အမှတ်နားမရမရောက်ခင်မှာ ဘောလုံးဟာလေထဲတက်လာပြီးနောက် ကစ်အားပြင်းပြင်းဖြင့်သွင်းယူပြခဲ့တာပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း ရိုနယ်ဒိုရဲ့အသင်းဖော်ဟောင်းရီယိုဖာဒီနန်ကတော့ ရိုနယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ထရိန်နင်မှာ ထူးဆန်းတဲ့နည်းစနစ်ကို အသုံးပြုလေ့ကျင့်ဖူးတယ်လို့ဝန်ခံပြောကြားခဲ့ဖူးပါတယ်။

No comments

Powered by Blogger.