Header Ads


အက္သလက္တီကိုပရိတ္သတ္ေတြကို ကလိကလိျဖစ္ေအာင္လုပ္ျပခဲ့တဲ့စီေရာ္နယ္ဒို

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်န္ပီယံလိဂ္၁၆သင္းရံႈးထြက္အဆင့္မွာ အက္သလက္တီကို အသင္းကို၂ဂိုးျပတ္ရံႈးနိမ့္ျပီးေနာက္ စီေရာ္နယ္ဒိုက ပြဲဆူေစမယ့္လုပ္ရပ္ကိုလုပ္ခဲ့ပါတယ္။ပြဲခ်ိန္အတြင္း ရီးရဲတိုက္စစ္မွဴးေဟာင္းစီေရာ္နယ္ဒိုကို အက္သလက္တီကိုမက္ဒရစ္ဖန္ေတြကပစ္မွတ္ထားေလွာင္ေျပာင္ခဲ့ပါတယ္။ဒါေျကာင့္ပြဲအျပီးမွာ ေရာ္နယ္ဒိုကအက္သလက္တီကိုအသင္း ခ်န္ပီယံလိဂ္မရဖူးတာကိုရည္ရြယ္ျပီး သူ႔ကစားသမားဘဝမွာေတာင္UCLငါးျကိမ္ရခဲ့တယ္ဆိုတဲ့သေဘာနဲ႔လက္ငါးေခ်ာင္းေထာင္ျပခဲ့တာပါ။



ဒီပြဲမွာ စီေရာ္နယ္ဒိုဟာ ထူးထူးျခားျခားစြမ္းေဆာင္မျပနိုင္ခဲ့ပဲ ကြင္းအတြင္းေပ်ာက္ဆံုးေနခဲ့ပါတယ္။ပြဲအျပီးကြင္းျပင္ထြက္ခ်ိန္မွာေတာ့ ပရိတ္သတ္ေတြကိုလက္ငါးေခ်ာင္းေထာင္ျပီးတုန္႔ျပန္ခဲ့တာပါ။''က်ေနာ္တစ္ေယာက္ထဲUCLဖလားငါးျကိမ္ရခဲ့ေပမယ့္ အက္သလက္တီကိုရဲ႕ေအာင္ျမင္မႈကေတာ့သုညပါ''လို႕ စီေရာ္နယ္ဒိုကပြဲအျပီးေျပာခဲ့ပါေသးတယ္။အက္သလက္တီကိုကေတာ့ မန္နက္,ဂိုဒင္တို႔ရဲ႕ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔အတူ ေနာက္တစ္ဆင့္တက္ဖို႔အေျခေနေကာင္းေစမယ့္ရလဒ္မ်ိဳးစြမ္းေဆာင္နိုင္ခဲ့ပါတယ္။အက္သလက္တီကိုနည္းျပဆီျမြန္နီကေတာ့ေရာ္နယ္ဒိုရဲ႕လုပ္ရပ္ကို စိတ္မရွိခဲ့ပဲ သူ႔ရဲ႕ေအာင္ပြဲခံပံုနဲ႔ပတ္သတ္ျပီးေတာ့ေတာင္ေတာင္းပန္သြားခဲ့ေသးတာပါ။



အသင္းသားေတြနဲ႔အားရပါးရေအာင္ပြဲခံျခင္းဟာ တစ္ဖက္အသင္းကိုတိုက္ခိုက္လိုျခင္းမဟုတ္ပဲ နွလံုးသားကေစညႊန္ခဲ့တာလို႔ဆီျမြန္နီကဆိုခဲ့ပါတယ္။သူရဲ႕လက္ကိုမေတာ္ရာေရွ႕ထားျပီးေအာင္ပြဲခံမိတဲ့ အတြက္အေနွာက္အယွက္ျဖစ္ရင္ေတာင္းပန္ပါတယ္လို႔ေျပာသြားခဲ့ပါတယ္။ေအာင္ပြဲခံပံုနဲ႔ပတ္သတ္ျပီးဆီျမြန္နီက''ဒါကအျပဳအမူေကာင္းမဟုတ္ဖူးဆိုတာက်ေနာ္ဝန္ခံပါတယ္။ဒါေပမယ့္က်ေနာ့္ခံစားခ်က္အတိုင္းလုပ္ခဲ့တာပါ။လာဇီယိုကစားသမားဘဝကလည္းဒီလိုလုပ္ဖူူးပါတယ္။အခုလည္း က်ေနာ္တို႔နဲ႔တစ္သားတည္းျဖစ္ေနတဲ့ အက္သလက္အသင္းဖန္ေတြေရွ႕မွာ ေအာင္ပြဲခံခဲ့တာပါ။တစ္စံုတစ္ေယာက္ကိုထိခိုက္ေစခဲ့ရင္ေတာင္းပန္ပါတယ္။ဘယ္သူ႔ကိုမွထိခိုက္ေစလိုျခင္းမရွိပါဘူး။က်ေနာ္က က်ေနာ့္အသင္းပရိတ္သတ္ေတြဖက္လွည့္ျပီးအသင္းကိုအားေပးေနတဲ့သူေတြအတြက္ပဲလုပ္ခဲ့တာပါ။ေဘာလံုးအားကစားမွာ အနိုင္ရခဲ့တာေတြအမ်ားျကီးရွိပါတယ္။ဒီလိုျပိဳင္ဘက္အသင္းေတြနဲ႔ယွဥ္ျပိဳင္ခဲ့ရာကပဲ အမွတ္တရေတြက်န္ခဲ့တာပါ။ျပိဳင္ပြဲအတြင္းအမွတ္တရေတြက အားကစားသမားေတြအတြက္အလွပဆံုးနဲ႔ အေကာင္းဆံုးအခိုက္အတန္႔ေတြပါပဲ''လို႔သူ႔အျမင္ေတြကိုထုတ္ေျပာခဲ့ပါတယ္။




ဂ်ဴဗင္တပ္အသင္းက ေတာ့အက္သလက္တီကိုအသင္းကို မတ္လ၁၂ရက္မွာခ်န္ပီယံလိဂ္ဒု-ေက်ာ႔အိမ္ကြင္းပြဲစဥ္အျဖစ္လက္ခံကစားသြားရမွာပါ။အိမ္ကြင္းမွာအိုးေလဒီတို႕ျပန္လာနိုင္ပါ့မလား။

(Unicode)

အက်သလက်တီကိုပရိတ်သတ်တွေကို ကလိကလိဖြစ်အောင်လုပ်ပြခဲ့တဲ့စီရော်နယ်ဒို

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှာ အက်သလက်တီကို အသင်းကို၂ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် စီရော်နယ်ဒိုက ပွဲဆူစေမယ့်လုပ်ရပ်ကိုလုပ်ခဲ့ပါတယ်။ပွဲချိန်အတွင်း ရီးရဲတိုက်စစ်မှူးဟောင်းစီရော်နယ်ဒိုကို အက်သလက်တီကိုမက်ဒရစ်ဖန်တွေကပစ်မှတ်ထားလှောင်ပြောင်ခဲ့ပါတယ်။ဒါကြောင့်ပွဲအပြီးမှာ ရော်နယ်ဒိုကအက်သလက်တီကိုအသင်း ချန်ပီယံလိဂ်မရဖူးတာကိုရည်ရွယ်ပြီး သူ့ကစားသမားဘဝမှာတောင်UCLငါးကြိမ်ရခဲ့တယ်ဆိုတဲ့သဘောနဲ့လက်ငါးချောင်းထောင်ပြခဲ့တာပါ။

ဒီပွဲမှာ စီရော်နယ်ဒိုဟာ ထူးထူးခြားခြားစွမ်းဆောင်မပြနိုင်ခဲ့ပဲ ကွင်းအတွင်းပျောက်ဆုံးနေခဲ့ပါတယ်။ပွဲအပြီးကွင်းပြင်ထွက်ချိန်မှာတော့ ပရိတ်သတ်တွေကိုလက်ငါးချောင်းထောင်ပြီးတုန့်ပြန်ခဲ့တာပါ။''ကျနော်တစ်ယောက်ထဲUCLဖလားငါးကြိမ်ရခဲ့ပေမယ့် အက်သလက်တီကိုရဲ့အောင်မြင်မှုကတော့သုညပါ''လို့ စီရော်နယ်ဒိုကပွဲအပြီးပြောခဲ့ပါသေးတယ်။အက်သလက်တီကိုကတော့ မန်နက်,ဂိုဒင်တို့ရဲ့ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ နောက်တစ်ဆင့်တက်ဖို့အခြေနေကောင်းစေမယ့်ရလဒ်မျိုးစွမ်းဆောင်နိုင်ခဲ့ပါတယ်။အက်သလက်တီကိုနည်းပြဆီမြွန်နီကတော့ရော်နယ်ဒိုရဲ့လုပ်ရပ်ကို စိတ်မရှိခဲ့ပဲ သူ့ရဲ့အောင်ပွဲခံပုံနဲ့ပတ်သတ်ပြီးတော့တောင်တောင်းပန်သွားခဲ့သေးတာပါ။

အသင်းသားတွေနဲ့အားရပါးရအောင်ပွဲခံခြင်းဟာ တစ်ဖက်အသင်းကိုတိုက်ခိုက်လိုခြင်းမဟုတ်ပဲ နှလုံးသားကစေညွှန်ခဲ့တာလို့ဆီမြွန်နီကဆိုခဲ့ပါတယ်။သူရဲ့လက်ကိုမတော်ရာရှေ့ထားပြီးအောင်ပွဲခံမိတဲ့ အတွက်အနှောက်အယှက်ဖြစ်ရင်တောင်းပန်ပါတယ်လို့ပြောသွားခဲ့ပါတယ်။အောင်ပွဲခံပုံနဲ့ပတ်သတ်ပြီးဆီမြွန်နီက''ဒါကအပြုအမူကောင်းမဟုတ်ဖူးဆိုတာကျနော်ဝန်ခံပါတယ်။ဒါပေမယ့်ကျနော့်ခံစားချက်အတိုင်းလုပ်ခဲ့တာပါ။လာဇီယိုကစားသမားဘဝကလည်းဒီလိုလုပ်ဖူူးပါတယ်။အခုလည်း ကျနော်တို့နဲ့တစ်သားတည်းဖြစ်နေတဲ့ အက်သလက်အသင်းဖန်တွေရှေ့မှာ အောင်ပွဲခံခဲ့တာပါ။တစ်စုံတစ်ယောက်ကိုထိခိုက်စေခဲ့ရင်တောင်းပန်ပါတယ်။ဘယ်သူ့ကိုမှထိခိုက်စေလိုခြင်းမရှိပါဘူး။ကျနော်က ကျနော့်အသင်းပရိတ်သတ်တွေဖက်လှည့်ပြီးအသင်းကိုအားပေးနေတဲ့သူတွေအတွက်ပဲလုပ်ခဲ့တာပါ။ဘောလုံးအားကစားမှာ အနိုင်ရခဲ့တာတွေအများကြီးရှိပါတယ်။ဒီလိုပြိုင်ဘက်အသင်းတွေနဲ့ယှဉ်ပြိုင်ခဲ့ရာကပဲ အမှတ်တရတွေကျန်ခဲ့တာပါ။ပြိုင်ပွဲအတွင်းအမှတ်တရတွေက အားကစားသမားတွေအတွက်အလှပဆုံးနဲ့ အကောင်းဆုံးအခိုက်အတန့်တွေပါပဲ''လို့သူ့အမြင်တွေကိုထုတ်ပြောခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းက တော့အက်သလက်တီကိုအသင်းကို မတ်လ၁၂ရက်မှာချန်ပီယံလိဂ်ဒု-ကျော့အိမ်ကွင်းပွဲစဉ်အဖြစ်လက်ခံကစားသွားရမှာပါ။အိမ်ကွင်းမှာအိုးလေဒီတို့ပြန်လာနိုင်ပါ့မလား။

No comments

Powered by Blogger.